မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆုတောင်းခြင်း

ဆုတောင်းခြင်း

ဆုတောင်းတာကို ယေဟောဝါ နားထောင်၊ ဖြေပေးမှန်း ဘယ်လို သိရသလဲ

ဆ ၆၅:၂။ ၁၄၅:၁၈။ ၁ယ ၅:၁၄

ဆ ၆၆:၁၉။ တ ၁၀:၃၁။ ဟီ ၅:၇ ကိုလည်း ကြည့်ပါ

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၁ဘု ၁၈:၃၆-၃၈—ဘယ်သူ့ဘုရား စစ်မှန်တယ်ဆိုတာ အဆုံးအဖြတ် ပေါ်ဖို့ ကရမေလတောင်ပေါ်မှာ ဗာလ ပရောဖက်တွေနဲ့ ဆုံတွေ့ချိန် ပရောဖက် ဧလိယ ဆုတောင်းတာကို ယေဟောဝါ ချက်ချင်း ဖြေပေးတယ်

    • မ ၇:၇-၁၁—ဇွဲမလျှော့တမ်း ဆုတောင်းဖို့ ယေရှု အားပေးတယ်။ ဆုတောင်းတာကို မေတ္တာရှင်အဖ ယေဟောဝါ နားထောင်မယ်ဆိုတာ အာမခံတယ်

ဘယ်သူ့ဆီပဲ ဆုတောင်းသင့်သလဲ

ဘယ်သူ့နာမည်ကို အမှီပြုပြီး ဆုတောင်းရမလဲ

ဘယ်သူတွေ ဆုတောင်းတာ ယေဟောဝါ နားထောင်သလဲ

ဘယ်သူတွေ ဆုတောင်းတာ ယေဟောဝါ နားမထောင်သလဲ

ပ ၁၅:၂၉။ ၂၈:၉။ ရှာ ၁:၁၅။ မိ ၃:၄။ ယာ ၄:၃။ ၁ပ ၃:၇

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ယရ ၂၄:၉၊ ၁၀—ဗာလမ် ဆုတောင်းတာ အလိုတော်နဲ့ ဆန့်ကျင်တဲ့အတွက် ယေဟောဝါ နားမထောင်ဘူး

    • ရှာ ၁:၁၅-၁၇—မိမိလူမျိုး ရှေ့တစ်မျိုး နောက်တစ်မျိုး လုပ်လို့၊ လက်တွေ သွေးစွန်းနေလို့ ဆုတောင်းတဲ့အခါ ယေဟောဝါ နားမထောင်ဘူး

ဆုတောင်းချက် အဆုံးမှာ ဘာပြောသလဲ။ ဘာကြောင့်လဲ

ဘယ်လို ကိုယ်နေဟန်ထားနဲ့ ဆုတောင်းရမယ်ဆိုပြီး ကျမ်းစာမှာ သတ်မှတ်ထားသလား

ဝတ်ပြုဖို့ အတူတကွ စည်းဝေးတဲ့အခါ ဘာတွေ ဆုတောင်းနိုင်သလဲ

တ ၄:၂၃၊ ၂၄။ ၁၂:၅

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၁ရ ၂၉:၁၀-၁၉—ဗိမာန်တော် ဆောက်လုပ်ရေးအတွက် အစ္စရေးတွေ စေတနာရှိရှိ ပေးလှူကြလို့ လူထုကြီးရှေ့မှာ ဘုရင် ဒါဝိဒ် ဆုတောင်းတယ်

    • တ ၁:၁၂-၁၄—တမန်တော်တွေ၊ ယေရှုညီတွေ၊ မိခင်မာရိ၊ တခြားသစ္စာရှိ အမျိုးသမီးတွေ ဂျေရုဆလင်မြို့ အထက်ခန်းမှာ စုဝေးဆုတောင်းကြတယ်

ဆုတောင်းတဲ့အခါ ဘာကြောင့် ကိုယ့်ဂုဏ်ကိုယ် မဖော်သင့်သလဲ။ လူအထင်ကြီးအောင် မလုပ်သင့်သလဲ

အစာ မစားခင် ဘာကြောင့် ဆုတောင်းသင့်သလဲ

ကောင်းကင်ဘုံစံ အဖဆီ ဆုတောင်းတာ ဘာကြောင့် မပျက်ကွက်သင့်သလဲ

ရ ၁၂:၁၂။ ဧ ၆:၁၈။ ၁သ ၅:၁၇။ ၁ပ ၄:၇

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ဒံ ၆:၆-၁၀—အသက် အန္တရာယ် ခြိမ်းခြောက်ခံရတာတောင် ခါတိုင်းလိုပဲ ယေဟောဝါဆီ ပရောဖက် ဒံယေလ လူမြင်သူမြင် ဆက်ဆုတောင်းတယ်

    • လု ၁၈:၁-၈—တရားသဖြင့် စီရင်ပေးဖို့ မဖြောင့်မတ်တဲ့ တရားသူကြီးဆီ ဇွဲမလျှော့ဘဲ တောင်းဆိုတဲ့ အမျိုးသမီး ဥပမာ ယေရှု ပြောတယ်။ ကျေးကျွန်တွေ ဇွဲမလျှော့ဘဲ အကူအညီ တောင်းတာကို ဖြောင့်မတ်တဲ့ အဖ ချက်ချင်း ဖြည့်ဆည်းပေးမယ်ဆိုတာ ဖော်ပြဖို့ ဖြစ်တယ်

ယေဟောဝါဆီက ခွင့်လွှတ်မှု လိုချင်ရင် ဘာသဘောထား ရှိသင့်သလဲ

၂ရ ၇:၁၃၊ ၁၄

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၂ဘု ၂၂:၁၁-၁၃၊ ၁၈-၂၀—ယောရှိမင်း ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး ယေဟောဝါ စိတ်တော်နဲ့ တွေ့ဖို့ ကြိုးစားတဲ့အတွက် ကရုဏာ ပြခံရတယ်

    • ၂ရ ၃၃:၁၀-၁၃—မနာရှေမင်း နှိမ့်ချမှုရှိရှိ ဆုတောင်းတဲ့အတွက် ယေဟောဝါ ခွင့်လွှတ်ပေးတယ်။ ပြန်နန်းထိုင်စေတယ်

ယေဟောဝါဆီက ခွင့်လွှတ်မှု လိုချင်ရင် ဘာလုပ်ရမလဲ

ဘုရားအလိုတော် ပြည့်စုံစေချင်တယ်ဆိုတာ ဆုတောင်းတဲ့အခါ ဘာကြောင့် ထည့်ပြောသင့်သလဲ

ကောင်းကင်ဘုံစံ အဖကို ယုံတယ်ဆိုတာ ဆုတောင်းချက်မှာ ဘာကြောင့် ပေါ်သင့်သလဲ

ဘာတွေ ဆုတောင်းနိုင်သလဲ

ဘုရားနာမတော် သန့်ရှင်းမြင့်မြတ်စေဖို့ ဆုတောင်းနိုင်တယ်

ကမ္ဘာတစ်ခုလုံးကို အုပ်ချုပ်မယ့် ဘုရားနိုင်ငံတော် လာဖို့ ဆုတောင်းနိုင်တယ်

ယေဟောဝါရဲ့ အလိုတော် ပြည့်စုံဖို့ ဆုတောင်းနိုင်တယ်

စားဝတ်နေရေး ပြေလည်ဖို့ ဆုတောင်းနိုင်တယ်

အပြစ် ခွင့်လွှတ်ပေးဖို့ ဆုတောင်းနိုင်တယ်

သွေးဆောင်မှုနောက် ပါမသွားအောင် ကူညီပေးဖို့ ဆုတောင်းနိုင်တယ်

ကျေးဇူးတော် ချီးမွမ်းနိုင်တယ်

ဘုရားအလိုတော်ကို သိဖို့၊ သိနားလည်နိုင်စွမ်း၊ ဉာဏ်ပညာ ရှိဖို့ ဆုတောင်းနိုင်တယ်

ပ ၂:၃-၆။ ဖိ ၁:၉။ ယာ ၁:၅

ဆ ၁၁၉:၃၄ ကိုလည်း ကြည့်ပါ

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၁ဘု ၃:၁၁၊ ၁၂—ဉာဏ်ပညာ ပေးဖို့ ဘုရင် ရှောလမုန် ဆုတောင်းတာကို ယေဟောဝါ နှစ်သက်တယ်။ ဉာဏ်ပညာ ကြီးမားစေတယ်

သန့်ရှင်းသော စွမ်းအားတော် ရဖို့ ဆုတောင်းနိုင်တယ်

နှိပ်စက်ညှဉ်းပန်းခံရနေသူတွေ အပါအဝင် ညီအစ်ကို/မတွေအတွက် ဆုတောင်းနိုင်တယ်

ချီးမွမ်းဂုဏ်တင်နိုင်တယ်

ဆ ၈၆:၁၂။ ရှာ ၂၅:၁။ ဒံ ၂:၂၃

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • လု ၁၀:၂၁—ကလေးလို နှိမ့်ချသူတွေကို ကျမ်းစာ အမှန်တရား ဖော်ပြပေးလို့ အဖကို လူအများရှေ့မှာ ယေရှု ချီးမွမ်းတယ်

    • ဗ ၄:၉-၁၁—ယေဟောဝါ ရထိုက်တဲ့ ဂုဏ်တင်၊ ချီးမွမ်းမှုကို ကောင်းကင်တမန်တွေ ပေးတယ်

ယေဟောဝါကို အေးအေးချမ်းချမ်း ဝတ်ပြုနိုင်အောင်၊ လူတွေကို ဟောပြောနိုင်အောင် အာဏာရှိသူတွေ ခွင့်ပြုပေးဖို့ ဆုတောင်းနိုင်တယ်

မ ၅:၄၄။ ၁တိ ၂:၁၊ ၂

ယေ ၂၉:၇ ကိုလည်း ကြည့်ပါ

နှစ်ခြင်းခံတဲ့အခါ ဆုတောင်းတာ သင့်တော်သလား

ဘုရားနဲ့ ဆက်ဆံရေး အားနည်းနေသူအတွက် ဆုတောင်းတာ သင့်တော်သလား

အမျိုးသားတွေ ခေါင်းမဖုံးဘဲ ဘာကြောင့် ဆုတောင်းသလဲ။ အမျိုးသမီးတွေ တစ်ခါတလေ ခေါင်းဖုံးပြီး ဘာကြောင့် ဆုတောင်းသလဲ

ဘယ်လောက် ကြာကြာ၊ ပြင်းပြင်းပြပြ ဆုတောင်းတယ်ဆိုတာထက် ဘာပိုအရေးကြီးသလဲ

မတ ၃:၄၁။ မ ၆:၇

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၁ဘု ၁၈:၂၅-၂၉၊ ၃၆-၃၉—ပရောဖက် ဧလိယ စိန်ခေါ်တော့ ဗာလ ပရောဖက်တွေ ဗာလဆီ နာရီနဲ့ချီ အော်ဟစ်ဆုတောင်းကြတယ်။ ဒါပေမဲ့ ပြန်ထူးတဲ့သူ မရှိဘူး

    • တ ၁၉:၃၂-၄၁—ဧဖက်မြို့က ရုပ်တုကိုးကွယ်သူတွေ အာတေမိ ဘုရားမဆီ နှစ်နာရီလောက် သံပြိုင်ဟစ်အော်ကြတယ်။ ဘာမှ မထူးဘူး။ မြို့ဝန် ဆုံးမတာ ခံလိုက်ရတာပဲ အဖတ်တင်တယ်