မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပဋိပက္ခ ဖြေရှင်းခြင်း

ပဋိပက္ခ ဖြေရှင်းခြင်း

တစ်ယောက်ယောက် စိတ်ဆိုးအောင် လုပ်တဲ့အခါ ဘာကြောင့် ဒေါသမထွက်သင့်၊ လက်တုံ့မပြန်သင့်သလဲ

ပ ၂၀:၂၂။ ၂၄:၂၉။ ရ ၁၂:၁၇၊ ၁၈။ ယာ ၁:၁၉၊ ၂၀။ ၁ပ ၃:၈၊ ၉

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၁ရှ ၂၅:၉-၁၃၊ ၂၃-၃၅—ဒါဝိဒ်နဲ့ သူ့လူတွေကို နာဗလ စော်ကားမော်ကား ပြောတယ်။ စားစရာ မပေးဘူး။ ဒါဝိဒ် သွေးဆူပြီး နာဗလနဲ့ အိမ်သားယောက်ျားအားလုံးကို သတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဘိဂဲလရဲ့ ပညာရှိ အကြံပေးချက်ကြောင့် ဒါဝိဒ် သွေးစွန်းမယ့် လုပ်ရပ် မလုပ်မိတော့ဘူး

    • ပ ၂၄:၁၇-၂၀—ရန်သူ ကျရှုံးတဲ့အခါ ဝမ်းသာတာကို ယေဟောဝါ မနှစ်သက်ဘူးလို့ ဘုရားလူမျိုးကို ဘုရင် ရှောလမုန် သတိပေးတယ်။ တရားစီရင်ဖို့ ယေဟောဝါလက်ထဲ ကျွန်တော်တို့ အပ်ထားကြတယ်

ပြဿနာ ဖြစ်ရင် စကားမပြောဘဲ နေသင့်သလား၊ တေးထားသင့်သလား

ဝ ၁၉:၁၇၊ ၁၈။ ၁က ၁၃:၄၊ ၅။ ဧ ၄:၂၆

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • မ ၅:၂၃၊ ၂၄—ကိုယ့်အပေါ် အမှားလုပ်သူနဲ့ သင့်မြတ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသင့်တယ်လို့ ယေရှု ပြောတယ်

တစ်ယောက်ယောက် စိတ်ဆိုးအောင် လုပ်တဲ့အခါ ဘာလုပ်သင့်သလဲ

ကိုယ့်အပေါ် အကြိမ်ကြိမ် အမှားလုပ်ခဲ့ရင်တောင် နောင်တရတယ်ဆိုရင် ဘာကြောင့် ခွင့်လွှတ်သင့်သလဲ

အသရေဖျက်တာ၊ ငွေလိမ်တာလိုမျိုး ကိုယ့်အပေါ် ကြီးလေးတဲ့ အပြစ် တစ်ယောက်ယောက် လုပ်ရင်၊ ခွင့်မလွှတ်နိုင်ရင် အမှားလုပ်သူကို ဘယ်သူ သွားပြောသင့်သလဲ။ ဘာရည်ရွယ်ချက်နဲ့ သွားပြောသင့်သလဲ

မ ၁၈:၁၅

ယာ ၅:၂၀ ကိုလည်း ကြည့်ပါ

အသရေဖျက်သူ၊ ငွေလိမ်သူနဲ့ နှစ်ယောက်ချင်း စကားသွားပြောပေမဲ့ နောင်တမရဘူးဆိုရင် ဘာလုပ်သင့်သလဲ