မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပြစ်

အပြစ်

အပြစ်ဆိုတာ ဘာလဲ။ ကျွန်တော်တို့အားလုံးကို ဘာကြောင့် ထိခိုက်သလဲ

အပြစ် လုပ်ချင်စိတ်ကို တွန်းလှန်နိုင်တယ်ဆိုတာ ကျမ်းစာက ဘယ်လို စိတ်ချစေသလဲ

ရ ၆:၁၂-၁၄

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၂ရှ ၁၁:၂-၅၊ ၁၄၊ ၁၅၊ ၂၆၊ ၂၇။ ၁၂:၁-၁၃—ဘုရင် ဒါဝိဒ် ကြီးလေးတဲ့ အပြစ်တွေ လုပ်တယ်။ ပြင်းပြင်းထန်ထန် ဆုံးမခံရတယ်။ ပြောင်းလဲဖို့ ကြိုးစားတယ်

    • ရ ၇:၁၅-၂၄—တမန်တော် ပေါလု ယုံကြည်ခြင်း ရှိတယ်။ ဘုရားတရား ကိုင်းရှိုင်းတယ်။ ဒါပေမဲ့ အပြစ် လုပ်ချင်စိတ်ကို တွန်းလှန်နေရတယ်လို့ ပြောတယ်

လူများစွာ ဘာကြောင့် အပြစ် လုပ်မိသလဲ

မှားမှန်း သိလျက်နဲ့ တမင်တကာ ဆက်လုပ်တာ ဘာကြောင့် အပြစ်ကြီးသလဲ

ဘုရားကျေးကျွန်တွေ အပြစ်လုပ်မိအောင် သွေးဆောင်ဖို့ စာတန် ဘာတွေ သုံးနိုင်သလဲ

ပ ၁:၁၀၊ ၁၁၊ ၁၅။ မ ၅:၂၈။ ယာ ၁:၁၄၊ ၁၅

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • က ၃:၁-၆—တစ်ကိုယ်ကောင်းစိတ်၊ လောဘစိတ် ဝင်လာစေခြင်း၊ ယေဟောဝါအပေါ် အယုံအကြည် ပျက်စေခြင်းအားဖြင့် မြွေကတစ်ဆင့် ဧဝကို စာတန် သွေးဆောင်တယ်

    • ပ ၇:၆-၁၀၊ ၂၁-၂၃—မိန်းမပျက် သွေးဆောင်မှုနောက် ဆင်ခြင်ဉာဏ် မရှိတဲ့ လူငယ် ဘယ်လို ပါသွားတယ်ဆိုတာ ဘုရင် ရှောလမုန် ဖော်ပြတယ်

စာတန့်သွေးဆောင်မှုတွေကို ဘယ်လို တွန်းလှန်နိုင်သလဲ

ဧ ၄:၂၇။ ၆:၁၀-၁၈။ ယာ ၄:၇၊ ၈

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ပ ၅:၁-၁၄—လိင်အကျင့်ယိုယွင်းတာကို ဘာကြောင့်၊ ဘယ်လို ရှောင်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး ယေဟောဝါဆီက အကြံဉာဏ်ကို ဖခင်သဖွယ် ဘုရင် ရှောလမုန် ပြောပြတယ်

    • မ ၄:၁-၁၁—စာတန့်သွေးဆောင်မှုတွေကို ကျမ်းစာ သုံးပြီး ယေရှု တွန်းလှန်တယ်

ခရစ်ယာန်တွေ ရှောင်ရမယ့် ကြီးလေးတဲ့ အပြစ်တချို့က ဘာတွေလဲ

အမူအကျင့်ဆိုး” ကို ကြည့်ပါ

အပြစ် ဝန်ခံခြင်း

ဘာကြောင့် အပြစ် ဖုံးမထားသင့်သလဲ

ဘယ်သူ့ဆီ အပြစ် ဝန်ခံရမလဲ

“ကူညီပေးမယ့်သူ” အဖြစ် ကျွန်တော်တို့အတွက် ယေဟောဝါရှေ့မှာ ဘယ်သူ အသနားခံပေးသလဲ

နောင်တရကြောင်း လုပ်ရပ်နဲ့ ဘယ်လို ပြနိုင်သလဲ

တ ၂၆:၂၀။ ယာ ၄:၈-၁၀

နောင်တရခြင်း” ကိုလည်း ကြည့်ပါ

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ထွ ၂၂:၁-၁၂—မောရှေပညတ်အရ သူခိုးဟာ ခိုးမိတဲ့ ပစ္စည်းတွေအတွက် ပိုင်ရှင်ကို လျော်ရတယ်

    • လု ၁၉:၈၊ ၉—အခွန်ခံမှူး ဇက်ခဲဟာ မတရားယူခဲ့တာတွေ ပြန်ပေးခြင်း၊ လမ်းစဉ် ပြောင်းလဲခြင်းအားဖြင့် နောင်တရကြောင်း ပြတယ်

ယေဟောဝါ ခွင့်လွှတ်မယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ

ခွင့်လွှတ်ခြင်း” ကို ကြည့်ပါ

တစ်ယောက်ယောက် ကြီးလေးတဲ့ အပြစ် လုပ်တဲ့အခါ ကူညီပေးဖို့၊ အသင်းတော်ကို ကာကွယ်ပေးဖို့ ဘယ်သူ့မှာ တာဝန် ရှိသလဲ

ယာ ၅:၁၄၊ ၁၅

တ ၂၀:၂၈။ ဂ ၆:၁ ကိုလည်း ကြည့်ပါ

ကြီးလေးတဲ့ အပြစ် လုပ်တာက မိသားစုကို၊ အသင်းတော်ကို ဘယ်လို ထိခိုက်နိုင်သလဲ

ဟီ ၁၂:၁၅၊ ၁၆

တရ ၂၉:၁၈ ကိုလည်း ကြည့်ပါ

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ယရ ၇:၁-၁၃၊ ၂၀-၂၆—အာခန် ကြီးလေးတဲ့ အပြစ် လုပ်တဲ့အတွက်၊ အပြစ် ဖုံးထားတဲ့အတွက် အစ္စရေး တစ်မျိုးလုံး ဒုက္ခရောက်တယ်

    • ယန ၁:၁-၁၆—ယေဟောဝါစကား ပရောဖက် ယောန နားမထောင်လို့ သင်္ဘောပေါ်က လူတွေပါ အသက်အန္တရာယ် ကြုံရတယ်

    • ၁က ၅:၁-၇—အသင်းတော် တစ်ခုလုံးကို ထိခိုက်စေနိုင်တဲ့ ကြီးလေးတဲ့ အပြစ်တစ်ခုကို တမန်တော် ပေါလု ဖော်ထုတ်တယ်

ဆုံးမခံရမှာ စိုးလို့ အကြီးအကဲတွေဆီ အကူအညီ မတောင်းတာမျိုး ဘာကြောင့် မလုပ်သင့်သလဲ

လုပ်မိတဲ့ အပြစ်အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မဆုံး ဖြစ်နေမယ့်အစား ဘုရား ခွင့်လွှတ်တယ်ဆိုတာ ဘာကြောင့် စိတ်ချသင့်သလဲ

“ခွင့်လွှတ်ခြင်း” ကို ကြည့်ပါ

တစ်ယောက်ယောက် ကြီးလေးတဲ့ အပြစ် လုပ်ထားတာ သိရင် အပြစ်လုပ်သူကို အသင်းတော် အကြီးအကဲတွေဆီ ဘာကြောင့် သွားပြောခိုင်းသင့်သလဲ

ဝ ၅:၁

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • တရ ၁၃:၆-၉။ ၂၁:၁၈-၂၀—မိသားစု၊ ချစ်ရသူ ဖြစ်နေပါစေ ကြီးလေးတဲ့ အပြစ် လုပ်ရင် အကြီးအကဲတွေကို ပြောပြဖို့ မောရှေပညတ် တောင်းဆိုတယ်