မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အလုပ်

အလုပ်

အလုပ် လုပ်တာနဲ့ ပျော်ရွှင်ကျေနပ်တာ ဘယ်လို ဆက်စပ်နေသလဲ

အလုပ် ကျွမ်းကျင်ပိုင်နိုင်ခြင်းရဲ့ အကျိုးကျေးဇူးတချို့က ဘာလဲ

ပ ၂၂:၂၉

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၁ရှ ၁၆:၁၆-၂၃—ဂီတကျွမ်းကျင်သူဆိုတဲ့ နာမည် လူငယ် ဒါဝိဒ် ရတယ်။ အစ္စရေးဘုရင် စိတ်သက်သာရာ ရပြီး နေသာထိုင်သာ ရှိလာဖို့ ဂီတစွမ်းရည်နဲ့ အသုံးတော် ခံတယ်

    • ၂ရ ၂:၁၃၊ ၁၄—ဟိရံအဘိ လက်မှုပညာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တဲ့အတွက် ဆောက်လုပ်ရေး လုပ်ငန်းကြီးတစ်ခုမှာ ဘုရင် ရှောလမုန် သုံးတယ်

အလုပ် ကြိုးစားသူဆိုတဲ့ နာမည်ကောင်းကို ဘုရားကျေးကျွန်တွေ ဘာကြောင့် လိုချင်သလဲ

ဧ ၄:၂၈။ ကော ၃:၂၃

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • က ၂၄:၁၀-၂၁—ရေဗက္ကာဟာ ကူညီပေးတတ်တယ်။ အလုပ်ကြိုးစားတယ်။ အာဗြဟံရဲ့ ကျွန် တောင်းဆိုတာထက် ပိုလုပ်ပေးတယ်

    • ဖိ ၂:၁၉-၂၃—တခြားသူတွေအတွက် ကြိုးကြိုးစားစား၊ နှိမ့်ချမှုရှိရှိ လုပ်ပေးချင်တဲ့ လူငယ် တိမောသေကို တမန်တော် ပေါလု တာဝန်ကြီးတစ်ခု ပေးတယ်

ဘုရားကျေးကျွန်တွေ ဘာကြောင့် အပျင်းမကြီးသင့်သလဲ

ပ ၁၃:၄။ ၁၈:၉။ ၂၁:၂၅၊ ၂၆။ ဒေ ၁၀:၁၈

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ပ ၆:၆-၁၁—အလုပ်ကြိုးစားဖို့၊ မပျင်းဖို့ ပုရွက်ဆိတ် ဥပမာ သုံးပြီး ဘုရင် ရှောလမုန် သင်ပေးတယ်

ကိုယ့်ဝမ်းကိုယ် ကျောင်းဖို့ ဘာကြောင့် အလုပ်ကြိုးစားသင့်သလဲ

မိသားစုကို ရှာကျွေးဖို့ ဘာကြောင့် အလုပ်ကြိုးစားသင့်သလဲ

၁တိ ၅:၈

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

တခြားသူတွေကို ကိုယ့်လုပ်အားခနဲ့ ရလာတာတွေ ဘာကြောင့် ဝေမျှသင့်သလဲ

ဝမ်းစာရှာတာနဲ့ပတ်သက်ပြီး ဘယ်မျှတတဲ့ သဘောထား ရှိသင့်သလဲ

အလုပ်နိုင်နင်းအောင်၊ စားဝတ်နေရေး ပြေလည်အောင် ယေဟောဝါ ကူညီချင်တယ်ဆိုတာ ဘယ်လို သိရသလဲ

မ ၆:၂၅၊ ၃၀-၃၂။ လု ၁၁:၂၊ ၃။ ၂က ၉:၁၀

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • က ၃၁:၃-၁၃—သမက်လည်း ဖြစ်၊ အလုပ်သမားလည်း ဖြစ်တဲ့ ယာကုပ်ကို လာဗန် မတရားလုပ်တယ်။ ဒါပေမဲ့ ယာကုပ် အလုပ်ကြိုးစားတာ ယေဟောဝါ မြင်ပြီး ကောင်းချီးပေးတယ်

    • က ၃၉:၁-၆၊ ၂၀-၂၃—ပေါတိဖာအိမ်မှာ ကျွန်ခံရတုန်းကကော ထောင်ကျချိန်မှာပါ ယောသပ် လုပ်သမျှ ယေဟောဝါ ကောင်းချီးပေးတယ်

ဘုရားအမှု ဆောင်တာထက် ဝမ်းစာရှာ အလုပ်ကို ဘာကြောင့် ဦးစားမထားသင့်သလဲ

ဆ ၃၉:၅-၇။ မ ၆:၃၃။ ယဟ ၆:၂၇

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • လု ၁၂:၁၅-၂၁—ဘုရားနဲ့ ဆက်ဆံရေး ကောင်းဖို့ထက် ပစ္စည်းဥစ္စာ ရှာဖို့ ဦးစားထားတာ ပညာမဲ့ရာ ရောက်ကြောင်း ဥပမာ သုံးပြီး ယေရှု သင်ပေးတယ်

    • ၁တိ ၆:၁၇-၁၉—ချမ်းသာကြွယ်ဝတဲ့ ခရစ်ယာန်တွေ စိတ်နေမမြင့်ဖို့၊ “မွန်မြတ်တဲ့ လုပ်ရပ်တွေ အများကြီး လုပ်ဆောင်ဖို့” တမန်တော် ပေါလု အားပေးတယ်

အလုပ် ရွေးတဲ့အခါ ဘယ်ကျမ်းစာ အခြေခံမူတွေက ကူညီပေးမလဲ

ယေဟောဝါအတွက် အလုပ်လုပ်ခြင်း

ခရစ်ယာန်တွေအတွက် အရေးကြီးဆုံးအလုပ်က ဘာလဲ

အမှုတော်မှာ ဘာကြောင့် အကြွင်းမဲ့ ပါဝင်ချင်သလဲ

ယေဟောဝါရဲ့ အမှုတော်မှာ လူတိုင်း ဆတူ လုပ်နိုင်မယ်လို့ ဘာကြောင့် မမျှော်လင့်သင့်သလဲ

ဂ ၆:၃-၅

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • မ ၂၅:၁၄၊ ၁၅—အမှုတော်မှာ နောက်လိုက်အားလုံး ဆတူ လုပ်ဖို့ မမျှော်လင့်ကြောင်း ယေရှုဥပမာကနေ သိရတယ်

    • လု ၂၁:၂-၄—ဆင်းရဲတဲ့ မုဆိုးမရဲ့ အလှူငွေ နည်းနည်းလေးဟာ တန်ဖိုးသိပ်များတယ်ဆိုတာ ယေရှု အသိအမှတ်ပြုတယ်

ယေဟောဝါရဲ့ အမှုတော်မှာ ပေးလာတဲ့ တာဝန် ထမ်းဆောင်ဖို့ ဘယ်ကနေ ခွန်အား ရသလဲ

၂က ၄:၇။ ဧ ၃:၂၀၊ ၂၁။ ဖိ ၄:၁၃

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ၂တိ ၄:၁၇—လိုအပ်ချိန်မှာ လိုအပ်တဲ့ ခွန်အား ရတယ်လို့ တမန်တော် ပေါလု ပြောတယ်

ယေဟောဝါရဲ့ အမှုတော်မှာ ကြိုးစားရင် ဘာကြောင့် ပျော်သလဲ