မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝတ်ပြုကိုးကွယ်မှု

ဝတ်ပြုကိုးကွယ်မှု

ဘယ်သူ့ကိုပဲ ဝတ်ပြုကိုးကွယ်ရမလဲ

ထွ ၃၄:၁၄။ တရ ၅:၈-၁၀။ ရှာ ၄၂:၈

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • မ ၄:၈-၁၀—တစ်ကြိမ်ပဲ ရှိခိုးဦးချမယ်ဆိုရင် လောကတိုင်းနိုင်ငံအားလုံး ပေးမယ်လို့ စာတန် ကမ်းလှမ်းတာကို ယေရှု ငြင်းတယ်။ ယေဟောဝါတစ်ပါးတည်းကိုပဲ ဝတ်ပြုကိုးကွယ်ဖို့ ဆုံးဖြတ်ထားတယ်

    • ဗ ၁၉:၉၊ ၁၀—တမန်တော် ယောဟန် ပျပ်ဝပ်ကိုးကွယ်တာကို တန်ခိုးကြီး ကောင်းကင်တမန် လက်မခံဘူး

ယေဟောဝါက မိမိကို ဘယ်လို ဝတ်ပြုကိုးကွယ်စေချင်သလဲ

ယဟ ၄:၂၄။ ယာ ၁:၂၆၊ ၂၇

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ရှာ ၁:၁၀-၁၇—မိမိစံနှုန်းအတိုင်း မနေသူတွေ ဟန်ဆောင်ပန်ဆောင် ဝတ်ပြုကိုးကွယ်တာကို ယေဟောဝါ လက်မခံဘူး။ စက်ဆုပ်တယ်

    • မ ၁၅:၁-၁၁—ထုံးတမ်းစဉ်လာကို မဟုတ်ဘဲ ဘုရားပညတ်ကို အခြေခံပြီး ယေဟောဝါ ကိုးကွယ်စေချင်တယ်ဆိုတာ ယေရှုစကားကနေ သိရတယ်

ဖြစ်နိုင်သရွေ့ ဘယ်သူတွေနဲ့ အတူတူ ယေဟောဝါကို ဝတ်ပြုကိုးကွယ်သင့်သလဲ

ဟီ ၁၀:၂၄၊ ၂၅

ဆ ၁၃၃:၁-၃ ကိုလည်း ကြည့်ပါ

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • တ ၂:၄၀-၄၂—အတူတကွ ဆုတောင်းဖို့၊ ပေါင်းသင်းဖို့၊ သန့်ရှင်းသော စွမ်းအားတော် သင်ပေးတာတွေ လေ့လာဖို့ ပထမရာစု ခရစ်ယာန်တွေ စည်းဝေးကြတယ်

    • ၁က ၁၄:၂၆-၄၀—သွန်သင်တာကို ယောက်တိုင်း သင်ယူ၊ နားလည်နိုင်ဖို့ အသင်းတော် အစည်းအဝေးတွေကို စနစ်တကျ ဖြစ်စေပါ၊ အားပေးမှု ဖြစ်စေပါလို့ တမန်တော် ပေါလု ညွှန်ကြားတယ်

ကိုယ့်ဝတ်ပြုကိုးကွယ်မှုကို ဘုရားစိတ်တော်နဲ့ တွေ့စေချင်ရင် ဘာလုပ်သင့်သလဲ

မ ၇:၂၁-၂၄။ ၁ယ ၂:၁၇။ ၅:၃

  • သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–

    • ဟီ ၁၁:၆—ကိုယ့်ဝတ်ပြုကိုးကွယ်မှုကို ဘုရားစိတ်တော်နဲ့ တွေ့စေချင်ရင် ယုံကြည်ခြင်း မရှိမဖြစ် လိုတယ်လို့ တမန်တော် ပေါလု ပြောတယ်

    • ယာ ၂:၁၄-၁၇၊ ၂၄-၂၆—ယုံကြည်ခြင်းကို လုပ်ရပ်နဲ့ ပြရမယ်လို့ ယေရှုရဲ့ မိတူဖကွဲ ညီ ယာကုပ် ပြောတယ်