မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား


ကျမ်းစာသင်ခန်းစာတွေကနေ အကျိုးအပြည့်အဝ ရနိုင်ပုံ

ကျမ်းစာသင်ခန်းစာတွေကနေ အကျိုးအပြည့်အဝ ရနိုင်ပုံ

ယေဟောဝါသက်သေတစ်ဦးနဲ့ လေ့လာပါ။ ကျမ်းစာ လေ့လာချင်ရင် ဒီစာစောင်ပေးတဲ့သူကို တောင်းဆိုပါ။ ဒါမှမဟုတ် jw.org ဝက်ဘ်ဆိုက်မှာ ဖောင်ဖြည့်ပါ။

ပထမအပိုင်း

အဓိကအချက်တွေကို အလေးပေးဖို့ စာလုံးမည်းနဲ့ ဖော်ပြထားတဲ့ မေးခွန်းတွေ (က) ကျမ်းပိုဒ်တွေ (ခ) အပါအဝင် စာပိုဒ်တွေကို ဖတ်ပါ။ တချို့ကျမ်းပိုဒ်တွေကိုတော့ “ဖတ်ပါ” လို့ ဖော်ပြထားတယ်။

အလယ်ပိုင်း

ရှာဖွေလေ တွေ့ရှိလေ ကဏ္ဍအောက်က နိဒါန်းဖော်ပြချက်က (ဂ) သုံးသပ်မယ့်အကြောင်းအရာကို အမြည်းသဘော သိစေတယ်။ ခေါင်းစဉ်ငယ်တွေက (ဃ) အဓိကအချက်တွေကို မိတ်ဆက်ပေးတယ်။ ကျမ်းပိုဒ်တွေ ဖတ်ပါ။ မေးခွန်းတွေ ဖြေပါ။ ဗီဒီယိုတွေ (င) ကြည့်ပါ။

ပုံတွေ၊ ပုံစာတွေကို (စ) အသေအချာ သုံးသပ်ပါ။ လူတချို့အဆို (ဆ) ကို ဘယ်လို ဖြေမလဲ စဉ်းစားပါ။

နောက်ဆုံးအပိုင်း

အနှစ်ချုပ်၊ ပြန်လည်သုံးသပ်ခြင်း (ဇ) တို့နဲ့ သင်ခန်းစာကို နိဂုံးချုပ်တယ်။ သင်ခန်းစာပြီးတဲ့ နေ့စွဲကို ချရေးပါ။ ရည်မှန်းပန်းတိုင် (စျ) က သင်ယူခဲ့ရာတွေကို လက်တွေ့ လုပ်ဆောင်နိုင်ဖို့ ကူညီပေးတယ်။ လေ့လာစရာ ထပ်ဖွေရှာ (ည) မှာ ထပ်ဖတ်ချင်တဲ့၊ ကြည့်ချင်တဲ့ အကြောင်းအရာတွေ တွေ့ရပါမယ်။

ကျမ်းပိုဒ်တွေ ရှာနည်း

ကျမ်းစောင်အမည် (က)၊ အခန်းကြီး (ခ)၊ အခန်းငယ် (ဂ)တို့ကို ဖော်ပြထားတယ်။ ဥပမာ၊ ယောဟန် ၁၇:၃ ဆိုတာ ယောဟန်ကျမ်း အခန်းကြီး ၁၇၊ အခန်းငယ် ၃ ကို ဆိုလိုတယ်။