ကျမ်းစာသင်ခန်းစာတွေကနေ အကျိုးအပြည့်အဝ ရနိုင်ပုံ

ကျမ်းစာသင်ခန်းစာတွေကနေ အကျိုးအပြည့်အဝ ရနိုင်ပုံ
စာတန်းထိုးပါ စာတန်းထိုး ပိတ်ပါ

ယေဟောဝါသက်သေ​တစ်ဦး​နဲ့ လေ့လာ​ပါ။ ကျမ်းစာ လေ့လာ​ချင်​ရင် ဒီ​စာစောင်​ပေး​တဲ့​သူကို တောင်းဆို​ပါ။ ဒါမှ​မဟုတ် jw.org ဝက်ဘ်ဆိုက်​မှာ ဖောင်​ဖြည့်ပါ။

ပထမ​အပိုင်း

အဓိက​အချက်​တွေ​ကို အလေးပေးဖို့ စာလုံး​မည်း​နဲ့ ဖော်ပြ​ထား​တဲ့ မေးခွန်းတွေ (က) ကျမ်းပိုဒ်တွေ (ခ) အပါအဝင် စာပိုဒ်​တွေ​ကို ဖတ်ပါ။ တချို့​ကျမ်းပိုဒ်​တွေ​ကို​တော့ “ဖတ်ပါ” လို့ ဖော်ပြ​ထား​တယ်။

အလယ်ပိုင်း

ရှာဖွေ​လေ တွေ့ရှိ​လေ ကဏ္ဍ​အောက်​က နိဒါန်း​ဖော်ပြချက်က (ဂ) သုံးသပ်​မယ့်​အကြောင်းအရာကို အ​မြည်း​သဘော သိစေတယ်။ ခေါင်းစဉ်​ငယ်​တွေ​က (ဃ) အဓိက​အချက်​တွေ​ကို မိတ်ဆက်​ပေးတယ်။ ကျမ်းပိုဒ်​တွေ ဖတ်ပါ။ မေးခွန်းတွေ ဖြေပါ။ ဗီဒီယိုတွေ (င) ကြည့်​ပါ။

ပုံ​တွေ၊ ပုံစာ​တွေ​ကို (စ) အသေအချာ သုံးသပ်ပါ။ လူတချို့​အဆို (ဆ) ကို ဘယ်လို ဖြေ​မလဲ စဉ်းစားပါ။

နောက်ဆုံး​အပိုင်း

အနှစ်ချုပ်၊ ပြန်လည်​သုံးသပ်ခြင်း (ဇ) တို့​နဲ့ သင်ခန်းစာ​ကို နိဂုံး​ချုပ်​တယ်။ သင်ခန်းစာ​ပြီး​တဲ့ နေ့စွဲ​ကို ချရေး​ပါ။ ရည်မှန်း​ပန်းတိုင် (စျ) က သင်ယူခဲ့ရာ​တွေ​ကို လက်တွေ့ လုပ်ဆောင်​နိုင်​ဖို့ ကူညီ​ပေးတယ်။ လေ့လာ​စ​ရာ ထပ်​ဖွေရှာ (ည) မှာ ထပ်​ဖတ်ချင်​တဲ့၊ ကြည့်​ချင်​တဲ့ အကြောင်းအရာတွေ တွေ့​ရပါမယ်။

ကျမ်းပိုဒ်​တွေ ရှာ​နည်း

ကျမ်းစောင်​အမည် (က)၊ အခန်းကြီး (ခ)၊ အခန်းငယ် (ဂ)တို့ကို ဖော်ပြ​ထား​တယ်။ ဥပမာ၊ ယောဟန် ၁၇:၃ ဆိုတာ ယောဟန်​ကျမ်း အခန်းကြီး ၁၇၊ အခန်းငယ် ၃ ကို ဆိုလိုတယ်။