မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အုပ်ချုပ်ရေး အဖွဲ့ဆီက စာ

အုပ်ချုပ်ရေး အဖွဲ့ဆီက စာ

ချစ်ရတဲ့ ညီအစ်ကို/မတို့၊

‘လူမျိုးတကာဆီ သွားပြီး လူတွေကို တပည့် ဖြစ်လာအောင် သွန်သင်ပေးဖို့၊ နှစ်ခြင်းပေးဖို့’ ဘုရားနဲ့ လူလူချင်းကို ချစ်တဲ့ မေတ္တာက ကျွန်တော်တို့ကို လှုံ့ဆော်ပေးတယ်။ (မ. ၂၈:၁၉၊ ၂၀။ မာ. ၁၂:၂၈-၃၁) အဲဒီမေတ္တာက “ထာဝရအသက် ရဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစားတဲ့သူတွေ” ရဲ့ စိတ်နှလုံးကို ထိမိစေနိုင်တယ်။—တ. ၁၃:၄၈

တင်ဆက်နည်းတွေ အလွတ်မှတ်မိဖို့၊ စာပေ ဝေငှဖို့ ကျွန်တော်တို့ အရင်က အာရုံစိုက်ကြတယ်။ အခုတော့ စကားပြော စွမ်းရည် တိုးတက်ဖို့ ကြိုးစားကြမယ်။ တခြားသူတွေကို ကျွန်တော်တို့ မေတ္တာပြချင်ကြတယ်။ မေတ္တာပြနိုင်တဲ့ တစ်နည်းကတော့ သူတို့ စိတ်ဝင်စားမယ့် အကြောင်းအရာ ပြောခြင်းပါ။ အဲဒီလို ပြောနိုင်ဖို့ ပြောင်းသာလဲသာ ရှိရမယ်။ တစ်ယောက်ချင်းစီ ဘာစိုးရိမ်နေသလဲ၊ ဘာစိတ်ဝင်စားသလဲ ထည့်စဉ်းစားရမယ်။ ဒီစာစောင်က ကျွန်တော်တို့ကို ဘယ်လို ကူညီပေးမလဲ။

လူတွေကို မေတ္တာပြနိုင်ဖို့၊ တပည့် ဖြစ်စေနိုင်ဖို့ ကျွန်တော်တို့မှာ ရှိရမယ့် အရည်အသွေးတွေကို ဒီစာစောင်ရဲ့ သင်ခန်းစာ ၁၂ ခုမှာ ဖော်ပြထားတယ်။ သင်ခန်းစာ တစ်ခုစီဟာ ကျမ်းမှတ်တမ်း တစ်ခုကို အခြေခံထားတယ်။ ကျမ်းမှတ်တမ်း တစ်ခုစီမှာ ယေရှု ဒါမှမဟုတ် ပထမရာစု သတင်းကောင်း ဟောပြောသူ တစ်ယောက် ပြခဲ့တဲ့ အရည်အသွေးကို တွေ့နိုင်တယ်။ ကျွန်တော်တို့ရဲ့ ပန်းတိုင်ဟာ တင်ဆက်နည်းတွေ အလွတ်မှတ်မိဖို့ မဟုတ်ပါဘူး။ လူတွေကို မေတ္တာပြနိုင်မယ့် နည်း ရှာဖို့ပါ။ အရည်အသွေး တစ်ခုစီဟာ အမှုဆောင်လုပ်ငန်း အသွင်အပြင်တိုင်းမှာ လိုအပ်တာ မှန်ပါတယ်။ ဒါပေမဲ့ အထူးသဖြင့်၊ စကားစမြည် ပြောတဲ့အခါ၊ ပြန်လည်ပတ်မှု လုပ်တဲ့အခါ၊ ကျမ်းစာ သင်တဲ့အခါ ဒီအရည်အသွေးတွေ ဘာကြောင့် လိုအပ်သလဲဆိုတာ သုံးသပ်သွားပါမယ်။

သင်ခန်းစာ တစ်ခုစီကို သုံးသပ်တဲ့အခါ ‘ကိုယ့်ဒေသက လူတွေနဲ့ စကားပြောတဲ့အခါ ဒီအရည်အသွေး ငါ ဘယ်လို ပြနိုင်မလဲ’ လို့ သေသေချာချာ စဉ်းစားပါ။ ယေဟောဝါဘုရားနဲ့ လူလူချင်းကို ပိုချစ်တတ်လာဖို့ ကြိုးစားပါ။ လူတွေကို တပည့် ဖြစ်စေဖို့ဆိုတဲ့ ပန်းတိုင် ပြည့်မီဖို့ ဘယ်နည်းစနစ်ထက်မဆို အဲဒီမေတ္တာက ကူညီပေးပါလိမ့်မယ်။

ညီအစ်ကို/မတို့နဲ့ ရင်ပေါင်တန်းပြီး ဘုရားအမှုဆောင်ရတဲ့ အခွင့်ထူးကြီးကို ကျွန်တော်တို့ သိပ်တန်ဖိုးထားပါတယ်။ (ဇေ. ၃:၉) လူတွေကို ချစ်ဖို့၊ တပည့် ဖြစ်စေဖို့ မပြတ် ကြိုးစားနေမှုအပေါ် ယေဟောဝါဘုရား ကြွယ်ဝစွာ ကောင်းချီးပေးပါစေ။

သင်တို့ရဲ့ ညီအစ်ကိုများ၊

ယေဟောဝါသက်သေများရဲ့ အုပ်ချုပ်ရေးအဖွဲ့