စကားစမြည် စပြောခြင်း
သင်ခန်းစာ ၂
သဘာဝကျကျ စကားဖောင်ဖွဲ့ပါ
ကျမ်းစာမူ။ “သင့်တော်တဲ့အချိန်မှာ ပြောလိုက်တဲ့စကားဟာ သိပ်ကောင်းတယ်။”—ပညာ. ၁၅:၂၃။
ဖိလိပ္ပု ဘာလုပ်သလဲ
၁။ ဗီဒီယို ကြည့်ပါ။ ဒါမှမဟုတ် တမန်တော် ၈:၃၀၊ ၃၁ ကို ဖတ်ပါ။ အဲဒီနောက် ဒီမေးခွန်းတွေ သုံးသပ်ပါ–
ဖိလိပ္ပုဆီကနေ ဘာသင်ယူရသလဲ
၂။ သဘာဝကျကျ စကားဖောင်ဖွဲ့တဲ့အခါ တစ်ဖက်သား စိတ်ပေါ့ပေါ့ပါးပါး ရှိလာမယ်။ ကျွန်တော်တို့ ပြောတာ ပိုနားထောင်ချင်လာမယ်။
ဖိလိပ္ပုကို အတုယူပါ
၃။ အကဲခတ်ပါ။ မျက်နှာနေ မျက်နှာထား၊ ကိုယ်ဟန်အမူအရာ ကြည့်ပြီး လူတစ်ယောက်အကြောင်း အများကြီး သိနိုင်တယ်။ သူ စကားပြောချင်ပုံ ပေါ်သလား။ စကားပြောချင်ပုံ ပေါ်တယ်ဆိုရင် “. . . အကြောင်း ကြားဖူးသလား” လို့ ရိုးရိုးလေး မေးပြီး ကျမ်းစာထဲက အကြောင်းအရာ တစ်ခုခု စပြောနိုင်တယ်။ စကား မပြောချင်တဲ့သူကို ဇွတ်မပြောပါနဲ့။
၄။ စိတ်ရှည်ပါ။ ကျမ်းစာအကြောင်း ချက်ချင်း ပြောရမယ်လို့ မတွေးပါနဲ့။ စကား လမ်းကြောင်း တည့်လာမယ့်အချိန် စောင့်ပါ။ တစ်ခါတလေကျတော့ နောက်တစ်ခေါက် ပြန်တွေ့မှ စကားလမ်းကြောင်း တည့်လာတာ ဖြစ်နိုင်တယ်။
၅။ ပြောင်းသာလဲသာ ရှိပါ။ ပြောရင်း ပြောရင်း တစ်ဖက်လူ စကားကြောင့် စကားလမ်းကြောင်း ပြောင်းသွားနိုင်တယ်။ ကိုယ် စဉ်းစားထားတာက တစ်ခု၊ ဦးတည်သွားတာက တစ်ခု ဖြစ်နေရင်တောင် သူနဲ့ ကိုက်တဲ့ အကြောင်းအရာကို စိတ်လိုလက်ရ ပြောပါ။