မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စကားစမြည် စပြောခြင်း

သင်ခန်းစာ ၃

ကြင်နာပါ

ကြင်နာပါ

ကျမ်းစာမူ။ “မေတ္တာဟာ . . . ကြင်နာတတ်တယ်။”—၁ ကော. ၁၃:၄

ယေရှု ဘာလုပ်သလဲ

၁။ ဗီဒီယို ကြည့်ပါ။ ဒါမှမဟုတ် ယောဟန် ၉:၁-၇ ကို ဖတ်ပါ။ အဲဒီနောက် ဒီမေးခွန်းတွေ သုံးသပ်ပါ–

  1.   က။ ယေရှု ဘာအရင် လုပ်သလဲ။ မျက်မမြင်ကို အရင် ကုပေးသလား။ သတင်းကောင်း အရင် ပြောသလား။—ယောဟန် ၉:၃၅-၃၈ ကို ကြည့်ပါ။

  2.  ခ။ ယေရှု သတင်းကောင်း ပြောတာကို အဲဒီလူ ဘာကြောင့် နားထောင်ချင်တာ ဖြစ်မလဲ။

ယေရှုဆီကနေ ဘာသင်ယူရသလဲ

၂။ ကျွန်တော်တို့ စိတ်ဝင်တစား ရှိတယ်ဆိုတာ တစ်ဖက်လူ ခံစားရရင် သတင်းစကား ပိုနားထောင်ချင်နိုင်တယ်။

ယေရှုကို အတုယူပါ

၃။ တစ်ဖက်လူနေရာကနေ ဝင်ခံစားပေးပါ။

  1.   က။ ဒီလို စဉ်းစားကြည့်ပါ– ‘သူ့မှာ ဘာစိုးရိမ်စရာတွေများ ရှိနေမလဲ။ ဘာအကြောင်း ပြောရင် စိတ်ဝင်စားလောက်မလဲ၊ သူ့အတွက် အကူအညီ ဖြစ်မလဲ။’ အဲဒီလို စဉ်းစားတာက စိတ်ရင်းမှန်နဲ့ ကြင်နာမှု ပြဖို့ ကူညီပေးပါလိမ့်မယ်။

  2.  ခ။ သူ အလေးထားတာကို ကိုယ် အလေးထားကြောင်း ပြဖို့ နားထောင်ပေးပါ။ သူ့ခံစားချက် ဒါမှမဟုတ် ကြုံနေရတဲ့ ပြဿနာအကြောင်း ပြောလာတဲ့အခါ စကားစ မဖြတ်ပါနဲ့။

၄။ လေးလေးစားစား၊ ကြင်ကြင်နာနာ ပြောပါ။ ကိုယ့်ပြောဆိုပုံက တခြားသူတွေကို စာနာတယ်၊ တကယ် ကူညီပေးချင်တယ်ဆိုတာ ဖော်ပြတယ်။ ဒါကြောင့် စကား အသုံးအနှုန်း၊ လေယူလေသိမ်း ဂရုစိုက်ပါ။ စိတ်အနှောင့်အယှက် ဖြစ်စေမယ့် စကားတွေ ရှောင်ပါ။

၅။ ကူညီချင်စိတ် ရှိပါ။ လိုအပ်ရင် လိုအပ်သလို လက်တွေ့ကျကျ ကူညီဖို့ အခွင့်အရေး ရှာပါ။ ကြင်နာမှု လုပ်ရပ်လေးတွေကြောင့် စကားဖောင်ဖွဲ့ဖို့ လမ်းပွင့်သွားနိုင်တယ်။

ဒီကျမ်းပိုဒ်တွေကိုလည်း ကြည့်ပါ