မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စကားစမြည် စပြောခြင်း

သင်ခန်းစာ ၄

နှိမ့်ချပါ

နှိမ့်ချပါ

ကျမ်းစာမူ။ “စိတ်နှိမ့်ချကြပါ၊ သူတစ်ပါးကို ကိုယ့်ထက် သာတယ်လို့ သဘောထားပါ။”—ဖိ. ၂:၃

ပေါလု ဘာလုပ်သလဲ

၁။ ဗီဒီယို ကြည့်ပါ။ ဒါမှမဟုတ် တမန်တော် ၂၆:၂၊ ၃ ကို ဖတ်ပါ။ အဲဒီနောက် ဒီမေးခွန်းတွေ သုံးသပ်ပါ–

  1.   က။ အဂရိပ္ပမင်းကို စကားပြောတုန်းက ပေါလု နှိမ့်ချမှု ဘယ်လို ပြသလဲ။

  2.  ခ။ ကိုယ့်ကို မဟုတ်ဘဲ ယေဟောဝါဘုရားနဲ့ ကျမ်းစာကို အာရုံစိုက်ဖို့ ပေါလု ဘာလုပ်သလဲ။—တမန်တော် ၂၆:၂၂ ကို ကြည့်ပါ။

ပေါလုဆီကနေ ဘာသင်ယူရသလဲ

၂။ နှိမ့်ချမှု ရှိရှိ၊ လေးလေးစားစား ဟောတဲ့အခါ လူတွေ ပိုနားထောင်ချင်ကြတယ်။

ပေါလုကို အတုယူပါ

၃။ အထက်စီး မဆန်ပါနဲ့။ ကိုယ်ပဲ အားလုံး သိတယ်၊ တစ်ဖက်သား ဘာမှ မသိဘူးဆိုတဲ့ ပုံစံ မဖမ်းပါနဲ့။ လေးလေးစားစား ပြောပါ။

၄။ ကိုယ် ပြောပြနေတာတွေဟာ ကျမ်းစာထဲက ဖြစ်ကြောင်း သိစေပါ။ ကျမ်းစာက လူတွေရဲ့ စိတ်ကို ထိမိစေတယ်။ ဒါကြောင့် ကျမ်းစာ သုံးတာဟာ ကိုယ့်အပြောကို မဟုတ်ဘဲ ကျမ်းစာအဆိုကို အခြေခံပြီး ယုံကြည်လာဖို့ ကူညီပေးနေတာပဲ။

၅။ နူးညံ့သိမ်မွေ့ပါ။ ကိုယ် မှန်တယ်ဆိုတာ အသည်းအသန် ရှင်းမပြပါနဲ့။ ကျွန်တော်တို့ အငြင်းအခုံ မဖြစ်ချင်ကြဘူး။ စိတ်အေးအေး ထားပါ။ ဘယ်အချိန် ပြန်ထွက်လာရမယ်ဆိုတာ သိပါ။ ဒီနည်းနဲ့ နှိမ့်ချမှု ရှိကြောင်း ပြပါ။ (ပညာ. ၁၇:၁၄။ တိ. ၃:၂) နူးနူးညံ့ညံ့ တုံ့ပြန်တယ်ဆိုရင် နောင်တစ်ချိန် ပြေပြေလည်လည် စကားပြောလို့ ရနိုင်တယ်။

ဒီကျမ်းပိုဒ်တွေကိုလည်း ကြည့်ပါ