မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စကားစမြည် စပြောခြင်း

သင်ခန်းစာ ၅

ပါးနပ်ပါ

ပါးနပ်ပါ

ကျမ်းစာမူ။ “စကားပြောဆိုတဲ့အခါ အမြဲ ယဉ်ကျေးသိမ်မွေ့ကြပါ။”—ကော. ၄:၆

ပေါလု ဘာလုပ်သလဲ

၁။ ဗီဒီယို ကြည့်ပါ။ ဒါမှမဟုတ် တမန်တော် ၁၇:၂၂၊ ၂၃ ကို ဖတ်ပါ။ အဲဒီနောက် ဒီမေးခွန်းတွေ သုံးသပ်ပါ–

  1.   က။ အေသင်မြို့မှာ တွေ့ရတဲ့ မှားယွင်းတဲ့ ဘာသာရေး ထုံးစံတွေနဲ့ပတ်သက်ပြီး ပေါလု ဘယ်လို ခံစားရသလဲ။—တမန်တော် ၁၇:၁၆ ကို ကြည့်ပါ။

  2.  ခ။ အေသင်မြို့သားတွေကို အပြစ်တင်မယ့်အစား သူတို့ ယုံကြည်ထားတာတွေကို မှီပြီး ပေါလု ဘယ်လို ပါးပါးနပ်နပ် သတင်းကောင်း ပြောပြသလဲ။

ပေါလုဆီကနေ ဘာသင်ယူရသလဲ

၂။ ဘယ်လို စကားမျိုးကို ဘယ်အချိန်မှာ ဘယ်လို ပြောမလဲ သေသေချာချာ ရွေးထားရင် လူတွေ ပိုနားထောင်ချင်မယ်။

ပေါလုကို အတုယူပါ

၃။ နားဝင်မယ့် စကား ရွေးပါ။ ဥပမာ၊ ခရစ်ယာန် မဟုတ်သူ တစ်ယောက်နဲ့ စကားပြောတဲ့အခါ ကျမ်းစာ မိတ်ဆက်ပုံ၊ ယေရှုကို ရည်ညွှန်းပုံ ပြောင်းဖို့ လိုနိုင်တယ်။

၄။ ချက်ချင်း လိုက်မပြင်ပါနဲ့။ လွတ်လွတ်လပ်လပ် ပြောပါစေ။ ကျမ်းစာ သွန်သင်ချက်နဲ့ မညီတာ တစ်ခုခု ပြောလာရင်လည်း မငြင်းပါနဲ့။ (ယာ. ၁:၁၉) နားထောင်ပေးလိုက်ရင် သူ ဘာယုံတယ်၊ ဘာကြောင့် ယုံတယ်ဆိုတာ သိလာမယ်။—ပညာ. ၂၀:၅

၅။ သဘောတူသင့်တဲ့ နေရာ တူပါ။ ချီးမွမ်းသင့်တဲ့ နေရာ ချီးမွမ်းပါ။ သူ့ဘာသာတရား သွန်သင်တာတွေ မှန်တယ်လို့ စိတ်ရင်းနဲ့ ယုံနေနိုင်တယ်။ နှစ်ဦးနှစ်ဖက် သဘောတူတဲ့ အချက်ကနေ စပြောပါ။ နောက်မှ ကျမ်းစာ သွန်သင်ချက်ကို သဘောပေါက်ဖို့ တဖြည်းဖြည်း ကူညီပေးပါ။

ဒီကျမ်းပိုဒ်တွေကိုလည်း ကြည့်ပါ