မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပြန်လည်ပတ်ခြင်း

သင်ခန်းစာ ၈

စိတ်ရှည်ပါ

စိတ်ရှည်ပါ

ကျမ်းစာမူ။ “မေတ္တာဟာ စိတ်ရှည်တတ်တယ်။”—၁ ကော. ၁၃:၄

ယေရှု ဘာလုပ်သလဲ

၁။ ဗီဒီယို ကြည့်ပါ။ ဒါမှမဟုတ် ယောဟန် ၇:၃-၅။ ၁ ကောရိန္သု ၁၅:၃၊ ၄၊ တို့ကို ဖတ်ပါ။ အဲဒီနောက် ဒီမေးခွန်းတွေ သုံးသပ်ပါ–

  1.   က။ ယေရှု ဟောတဲ့ သတင်းတရားကို ညီတွေ စစချင်း ဘယ်လို တုံ့ပြန်ကြသလဲ။

  2.  ခ။ ညီ ယာကုပ်ကို ယေရှု လက်မလျှော့ဘူးဆိုတာ ဘာက ဖော်ပြသလဲ။

ယေရှုဆီကနေ ဘာသင်ယူရသလဲ

၂။ တချို့က သတင်းကောင်း လက်ခံဖို့ တခြားသူတွေထက် ပိုကြာတတ်လို့ ကျွန်တော်တို့ စိတ်ရှည်ဖို့ လိုတယ်။

ယေရှုကို အတုယူပါ

၃။ နည်းလမ်း ပြောင်းသုံးကြည့်ပါ။ ကျမ်းစာ သင်အံမှု ချက်ချင်း လက်မခံရင် ဖိအားမပေးပါနဲ့။ ကျမ်းစာ သင်အံမှုဆိုတာ ဘယ်လိုမျိုးလဲ၊ ဘာအကျိုးရမလဲ သဘောပေါက်လာအောင် ကူညီပေးဖို့ အခါအခွင့် သင့်ရင် သင့်သလို ဗီဒီယိုတွေ၊ ဆောင်းပါးတွေ သုံးပါ။

၄။ မနှိုင်းယှဉ်ပါနဲ့။ တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။ မိသားစုဝင်၊ ပြန်လည်ပတ်မှုတစ်ယောက် ကျမ်းစာ လေ့လာဖို့၊ ကျမ်းစာ သွန်သင်ချက်တစ်ခုခု လက်ခံဖို့ ချီတုံချတုံ ဖြစ်နေတယ်ဆိုရင် အကြောင်းရင်း ဘာဖြစ်မလဲ စဉ်းစားပါ။ ဘာသာရေး ယုံကြည်ချက်တစ်ခုခုကို စိတ်မပြတ်နိုင်လို့ များလား။ ဆွေမျိုး၊ အိမ်နီးနားချင်းတွေ ဖိအားပေးတာ ခံနေရလို့လား။ သင် ပြောပြထားတာတွေကို စဉ်းစားဖို့၊ ကျမ်းစာ သွန်သင်ချက်ရဲ့ တန်ဖိုးကို သဘောပေါက်လာဖို့ သူ့ကို အချိန်ပေးပါ။

၅။ စိတ်ဝင်စားသူအတွက် ဆုတောင်းပေးပါ။ သင် အကောင်းမြင်စိတ် ရှိဖို့၊ ပါးနပ်ဖို့ ယေဟောဝါဘုရားဆီ အကူအညီ တောင်းပါ။ သိပ်စိတ်မဝင်စားသူကို ဘယ်အချိန် အဆက်ဖြတ်ရမယ်ဆိုတာ သိဖို့လည်း ဆုတောင်းပါ။—၁ ကော. ၉:၂၆

ဒီကျမ်းပိုဒ်တွေကိုလည်း ကြည့်ပါ