မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပြန်လည်ပတ်ခြင်း

သင်ခန်းစာ ၉

သနားစာနာပါ

သနားစာနာပါ

ကျမ်းစာမူ။ “ဝမ်းမြောက်သူတွေနဲ့အတူ ဝမ်းမြောက်ပါ။ ငိုကြွေးသူတွေနဲ့အတူ ငိုကြွေးပါ။”—ရော. ၁၂:၁၅

ယေရှု ဘာလုပ်သလဲ

၁။ ဗီဒီယို ကြည့်ပါ။ ဒါမှမဟုတ် မာကု ၆:၃၀-၃၄ ကို ဖတ်ပါ။ အဲဒီနောက် ဒီမေးခွန်းတွေ သုံးသပ်ပါ–

  1.   က။ “လူသူမရှိတဲ့ နေရာဆီ” ယေရှုနဲ့ တမန်တော်တွေ ဘာကြောင့် သွားချင်ကြသလဲ။

  2.  ခ။ လူအုပ်ကို ယေရှု ဘာကြောင့် သွန်သင်ပေးသလဲ။

ယေရှုဆီကနေ ဘာသင်ယူရသလဲ

၂။ ဟောရဖို့လောက်ပဲ မဟုတ်ဘဲ လူတွေကို ဂရုစိုက်တတ်ဖို့ သနားစာနာစိတ်က လှုံ့ဆော်ပေးတယ်။

ယေရှုကို အတုယူပါ

၃။ ဂရုတစိုက် နားထောင်ပါ။ သူ ဘာခံစားရတယ်၊ ဘာစိုးရိမ်တယ်၊ ဘာသဘောမတူဘူးဆိုတာ လွတ်လွတ်လပ်လပ် ပြောပါစေ။ ဖြတ်မပြောပါနဲ့။ ခပ်ပေါ့ပေါ့ သဘောမထားပါနဲ့။ ဂရုတစိုက် နားထောင်ပေးတာဟာ သူ့ခံစားချက်ကို သင် အလေးထားကြောင်း ပြနေတာပဲ။

၄။ စိတ်ဝင်စားသူအကြောင်း စဉ်းစားပါ။ သူနဲ့ ပြောခဲ့တာတွေကို မှီပြီး ဒီလို စဉ်းစားပါ–

  1.   က။ ‘သူ အမှန်တရား သိဖို့ ဘာကြောင့် လိုအပ်သလဲ။’

  2.  ခ။ ‘ကျမ်းစာ လေ့လာတာက သူ့နေ့စဉ်အသက်တာနဲ့ အနာဂတ်ကို ဘယ်လို ပိုတိုးတက်ကောင်းမွန်စေမလဲ။’

၅။ သူ လိုအပ်နေတာနဲ့ ကိုက်မယ့် အကြောင်းအရာ ပြောပြပါ။ ကျမ်းစာ လေ့လာရင် သူ့မေးခွန်းတွေရဲ့ အဖြေ ဘယ်လို ရနိုင်ကြောင်း၊ ဘယ်လို အကျိုးရှိနိုင်ကြောင်း သိလာဖို့ ဖြစ်နိုင်သမျှ အမြန်ဆုံး သင်အံမှု ကျင်းပပုံကို အစမ်းပြပါ။

ဒီကျမ်းပိုဒ်တွေကိုလည်း ကြည့်ပါ