မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တပည့် ဖြစ်စေခြင်း

သင်ခန်းစာ ၁၁

ရိုးရိုးရှင်းရှင်း သင်ပေးပါ

ရိုးရိုးရှင်းရှင်း သင်ပေးပါ

ကျမ်းစာမူ။ ‘နားလည်လွယ်တဲ့ စကားနဲ့ ပြောပါ။’—၁ ကော. ၁၄:၉

ယေရှု ဘာလုပ်သလဲ

၁။ ဗီဒီယို ကြည့်ပါ။ ဒါမှမဟုတ် မဿဲ ၆:၂၅-၂၇ ကို ဖတ်ပါ။ အဲဒီနောက် ဒီမေးခွန်းတွေ သုံးသပ်ပါ–

  1.   က။ အဖဘုရားရဲ့ ဂရုစိုက်မှုကို ယေရှု ဘယ်လို ရုပ်လုံးဖော်သလဲ။

  2.  ခ။ ငှက်တွေအကြောင်း ယေရှု အများကြီး သိပေမဲ့ ဘယ်အချက်ကိုပဲ အလေးပေးသလဲ။ ဒါ ဘာကြောင့် ထိရောက်တဲ့ နည်း ဖြစ်သလဲ။

ယေရှုဆီကနေ ဘာသင်ယူရသလဲ

၂။ ရိုးရိုးရှင်းရှင်း သင်ပေးတဲ့အခါ သင်ပေးတာ ပိုမှတ်မိကြတယ်။ စိတ်ထိမိကြတယ်။

ယေရှုကို အတုယူပါ

၃။ စကားများများ မပြောပါနဲ့။ အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး ကိုယ် သိသမျှ ပြောမပြပါနဲ့။ လေ့လာနေတဲ့ စာအုပ်ထဲမှာ ပါတာကိုပဲ အာရုံစိုက်ပါ။ မေးခွန်း မေးပြီးရင် ဖြေတာကို စိတ်ရှည်ရှည် စောင့်ပါ။ အဖြေ မသိဘူး၊ ကျမ်းစာ သွန်သင်ချက်နဲ့ လွဲနေတာ ပြောလာတယ်ဆိုရင် ကျိုးကြောင်းဆင်ခြင်တတ်အောင် ထပ်ဆင့် မေးခွန်းတွေ သုံးပါ။ အဓိက အချက် သဘောပေါက်သွားပြီဆိုရင် နောက်တစ်ပိုင်း ဆက်သွားပါ။

၄။ အသစ် အသစ်တွေ နားလည်လာအောင် သိပြီးသား သွန်သင်ချက်တွေနဲ့ ချိတ်ဆက်ပြီး သင်ပေးပါ။ ဥပမာ၊ ရှင်ပြန်ထမြောက်ခြင်းအကြောင်း သင်ခန်းစာ မစခင် လူသေတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး သင်ပြီးသားတွေ ခဏ ပြန်နွှေးနိုင်တယ်။

၅။ ဥပမာကို သေသေချာချာ ရွေးပါ။ ဥပမာတစ်ခု မသုံးခင် ဒီလိုစဉ်းစားပါ–

  1.   က။ ‘ဥပမာက ရှင်းသလား။’

  2.  ခ။ ‘သင်သား လွယ်လွယ် နားလည်ပါ့မလား။’

  3.  ဂ။ ‘ဥပမာလောက်ကို မဟုတ်ဘဲ အဓိက အချက်ကို မှတ်မိမလား။’

ဒီကျမ်းပိုဒ်တွေကိုလည်း ကြည့်ပါ