မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နောက်ဆက်တွဲ က

ပြောပြစရာ အမှန်တရားများစွာ

ပြောပြစရာ အမှန်တရားများစွာ

စိတ်ရိုးဖြောင့်သူ မှန်ရင် ကြားတာနဲ့ အမှန်တရားမှန်း တန်းသိမယ်လို့ ယေရှု ပြောတယ်။ (ယော. ၁၀:၄၊ ၂၇) ဒါကြောင့် လူတွေနဲ့ စကားပြောခွင့် ရတိုင်း ကျမ်းစာမှာ ပါတဲ့ အကြောင်းအရာ ရိုးရိုးလေးတွေ ကျွန်တော်တို့ ပြောပြချင်ကြတယ်။ “ . . . ဆိုတာ သိသလား” ဒါမှမဟုတ် “. . . ဆိုတာ ကြားဖူးသလား” လို့ မေးပြီး အကြောင်းအရာတစ်ခု မိတ်ဆက်ပေးပါ။ အဲဒီနောက် သက်ဆိုင်ရာ ကျမ်းပိုဒ်(တွေ) သုံးပြီး ရှင်းပြပါ။ ရိုးရှင်းတဲ့ ကျမ်းစာ အမှန်တရားတစ်ခု ပြောပြရုံနဲ့တောင် လူတစ်ယောက်ရဲ့ စိတ်နှလုံးထဲ အမှန်တရား မျိုးစေ့ ကျသွားနိုင်တယ်။ အဲဒီမျိုးစေ့ အပင်ပေါက်လာအောင် ဘုရား လုပ်ပေးနိုင်တယ်။—၁ ကော. ၃:၆၊ ၇

 အနာဂတ်

  1. ၁။ မကြာခင် အပြောင်းအလဲ တစ်ခုခု ဖြစ်တော့မယ်ဆိုတာ ကမ္ဘာ့ဖြစ်ရပ်တွေ၊ လူ့စရိုက်တွေက ပြနေတယ်။—မ. ၂၄:၃၊ ၇၊ ၈။ လု. ၂၁:၁၀၊ ၁၁။ ၂ တိ. ၃:၁-၅

  2. ၂။ ကမ္ဘာမြေ ဘယ်တော့မှ ဖျက်ဆီးခံရမှာ မဟုတ်ဘူး။—ဆာ. ၁၀၄:၅။ ဒေ. ၁:၄

  3. ၃။ ကမ္ဘာ့ပတ်ဝန်းကျင် ပြန်ကောင်းလာမယ်။—ဟေရှာ. ၃၅:၁၊ ၂။ ဗျာ. ၁၁:၁၈

  4. ၄။ လူတိုင်း ဒေါင်ဒေါင်မြည် ကျန်းမာမယ်။—ဟေရှာ. ၃၃:၂၄။ ၃၅:၅၊ ၆

  5. ၅။ ကမ္ဘာပေါ်မှာ သင် ထာဝစဉ် အသက်ရှင်နိုင်တယ်။—ဆာ. ၃၇:၂၉။ မ. ၅:၅

 မိသားစု

  1. ၆။ ခင်ပွန်းဟာ “ကိုယ့်ကိုယ်ကိုယ် ချစ်သလို ဇနီးကို ချစ်ရမယ်။”—ဧ. ၅:၃၃။ ကော. ၃:၁၉

  2. ၇။ ဇနီးဟာ ခင်ပွန်းကို အလွန် ရိုသေရမယ်။—ဧ. ၅:၃၃။ ကော. ၃:၁၈

  3. ၈။ ခင်ပွန်းနဲ့ ဇနီး အချင်းချင်း သစ္စာရှိရမယ်။—မာလ. ၂:၁၆။ မ. ၁၉:၄-၆၊ ၉။ ဟီ. ၁၃:၄

  4. ၉။ မိဘကို ရိုသေတဲ့၊ မိဘစကား နားထောင်တဲ့ သားသမီးတွေ ကောင်းစားမယ်။—ပညာ. ၁:၈၊ ၉။ ဧ. ၆:၁-၃

NASA, ESA and the Hubble Heritage Team (STScI/AURA)-ESA/Hubble Collaboration. Licensed under CC BY 4.0. Source.

 ဘုရား

  1. ၁၀။ ဘုရားမှာ နာမည် ရှိတယ်။—ဆာ. ၈၃:၁၈။ ယေ. ၁၀:၁၀

  2. ၁၁။ ကျွန်တော်တို့ကို ဘုရား ဆက်သွယ်တယ်။—၂ တိ. ၃:၁၆၊ ၁၇။ ၂ ပေ. ၁:၂၀၊ ၂၁

  3. ၁၂။ ဘုရားသခင်ဟာ တရားမျှတတယ်။ မျက်နှာမလိုက်ဘူး။—တရား. ၁၀:၁၇။ တ. ၁၀:၃၄၊ ၃၅

  4. ၁၃။ ကျွန်တော်တို့ကို ဘုရား ကူညီချင်တယ်။—ဆာ. ၄၆:၁။ ၁၄၅:၁၈၊ ၁၉

 ဆုတောင်းခြင်း

  1. ၁၄။ ဘုရားက မိမိဆီ ဆုတောင်းစေချင်တယ်။—ဆာ. ၆၂:၈။ ၆၅:၂။ ၁ ပေ. ၅:၇

  2. ၁၅။ ဘယ်လို ဆုတောင်းရမယ်ဆိုတာ ကျမ်းစာမှာ ဖော်ပြထားတယ်။—မ. ၆:၇-၁၃။ လု. ၁၁:၁-၄

  3. ၁၆။ မကြာခဏ ဆုတောင်းသင့်တယ်။—မ. ၇:၇၊ ၈။ ၁ သက်. ၅:၁၇

 ယေရှု

  1. ၁၇။ ယေရှုဟာ ဆရာကောင်း ဖြစ်တယ်။ ယေရှု ပေးတဲ့ အကြံတွေ ဒီနေ့အထိ အကျိုးရှိနေတုန်းပဲ။—မ. ၆:၁၄၊ ၁၅၊ ၃၄။ ၇:၁၂

  2. ၁၈။ ဒီနေ့ ကျွန်တော်တို့ တွေ့နေရတဲ့ ဖြစ်ရပ်တွေအကြောင်း ယေရှု ကြိုပြောထားတယ်။—မ. ၂၄:၃၊ ၇၊ ၈၊ ၁၄။ လု. ၂၁:၁၀၊ ၁၁

  3. ၁၉။ ယေရှုဟာ ဘုရားရဲ့ သား ဖြစ်တယ်။—မ. ၁၆:၁၆။ ယော. ၃:၁၆။ ၁ ယော. ၄:၁၅

  4. ၂၀။ ယေရှုဟာ အနန္တ တန်ခိုးရှင် မဟုတ်ဘူး။—ယော. ၁၄:၂၈။ ၁ ကော. ၁၁:၃

Based on NASA/Visible Earth imagery

 ဘုရားနိုင်ငံတော်

  1. ၂၁။ ဘုရားနိုင်ငံတော်ဟာ ကောင်းကင်မှာ ရှိတဲ့ တကယ့် အုပ်ချုပ်ရေးစနစ် ဖြစ်တယ်။—ဒံ. ၂:၄၄။ ၇:၁၃၊ ၁၄။ မ. ၆:၉၊ ၁၀။ ဗျာ. ၁၁:၁၅

  2. ၂၂။ လူ့အစိုးရတွေနေရာမှာ ဘုရားနိုင်ငံတော် အစားဝင်လာမယ်။—ဆာ. ၂:၇-၉။ ဒံ. ၂:၄၄

  3. ၂၃။ လူ့ပြဿနာတွေကို ဖြေရှင်းပေးမယ့် တစ်ခုတည်းသောအရာဟာ ဘုရားနိုင်ငံတော် ဖြစ်တယ်။—ဆာ. ၃၇:၁၀၊ ၁၁။ ၄၆:၉။ ဟေရှာ. ၆၅:၂၁-၂၃

 ဆင်းရဲဒုက္ခ

  1. ၂၄။ ကျွန်တော်တို့ ကြုံနေရတဲ့ ဆင်းရဲဒုက္ခတွေကို ဘုရား ဖြစ်ပေါ်စေတာ မဟုတ်ဘူး။—တရား. ၃၂:၄။ ယာ. ၁:၁၃

  2. ၂၅။ ဒီလောကကို စာတန် အုပ်ချုပ်နေတယ်။—လု. ၄:၅၊ ၆။ ၁ ယော. ၅:၁၉

  3. ၂၆။ သင် ဒုက္ခရောက်နေတာ ဘုရား မြင်တယ်။ ကူညီပေးချင်တယ်။—ဆာ. ၃၄:၁၇-၁၉။ ဟေရှာ. ၄၁:၁၀၊ ၁၃

  4. ၂၇။ မကြာခင် ဆင်းရဲဒုက္ခတွေကို ဘုရား အဆုံးတိုင်ပေးမယ်။—ဟေရှာ. ၆၅:၁၇။ ဗျာ. ၂၁:၃၊ ၄

 သေခြင်း

  1. ၂၈။ သေလွန်သူတွေဟာ ဘာမှ မသိဘူး။ ဝေဒနာ ခံစားမနေရဘူး။—ဒေ. ၉:၅။ ယော. ၁၁:၁၁-၁၄

  2. ၂၉။ ကျွန်တော်တို့ကို သေလွန်သူတွေ မကူညီနိုင်ဘူး။ ဒုက္ခ မပေးနိုင်ဘူး။—ဆာ. ၁၄၆:၄။ ဒေ. ၉:၆၊ ၁၀

  3. ၃၀။ ချစ်ရတဲ့ သေလွန်သူတွေ အသက်ပြန်ရှင်လာမယ်။—ယောဘ ၁၄:၁၃-၁၅။ ယော. ၅:၂၈၊ ၂၉။ တ. ၂၄:၁၅

  4. ၃၁။ “သေခြင်း ရှိတော့မှာ မဟုတ်ဘူး။”—ဗျာ. ၂၁:၃၊ ၄။ ဟေရှာ. ၂၅:၈

 ဘာသာတရား

  1. ၃၂။ ဘာသာတရားတိုင်းကို ဘုရား နှစ်သက်တာ မဟုတ်ဘူး။—ယေ. ၇:၁၁။ မ. ၇:၁၃၊ ၁၄၊ ၂၁-၂၃

  2. ၃၃။ အရေခြုံတာကို ဘုရား မုန်းတယ်။—ဟေရှာ. ၂၉:၁၃။ မိ. ၃:၁၁။ မာ. ၇:၆-၈

  3. ၃၄။ စစ်မှန်တဲ့ ဘာသာတရား ဟုတ်မဟုတ်ဆိုတာကို မေတ္တာစစ် ရှိမရှိဆိုတာနဲ့ တိုင်းတာနိုင်တယ်။—မိ. ၄:၃။ ယော. ၁၃:၃၄၊ ၃၅