ဘုရားသခင်နိုင်ငံတော်မှ ဆောင်ရွက်ပေးမည့်အရာ
“[ဘုရားသခင်]နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော။”—မဿဲ ၆:၁၀။
၁။ ဘုရားသခင့်နိုင်ငံတော်ရောက်ရှိခြင်းဟူသည် အဘယ်အဓိပ္ပာယ်ရှိမည်နည်း။
ယေရှုသည် မိမိ၏နောက်လိုက်များကို ဘုရားသခင့်နိုင်ငံတော်အတွက် ဆုတောင်းရန်သင်ကြားပေးချိန်တွင် ထိုနိုင်ငံတော်ရောက်ရှိလာခြင်းက နှစ်ပေါင်းထောင်နှင့်ချီ၍ ဘုရားသခင်ထံတော်မှခွဲထွက်ရပ်တည်သော လူ့အုပ်ချုပ်ရေးကို အဆုံးသတ်ပေးမည်ဖြစ်ကြောင်း ကိုယ်တော်သိတော်မူ၏။ ယေဘုယျအားဖြင့် ထိုကာလတစ်လျှောက်လုံးအတွင်း ကမ္ဘာပေါ်တွင် ဘုရားသခင့်အလိုတော်ကို မပြီးမြောက်စေခဲ့ချေ။ (ဆာလံ ၁၄၇:၁၉၊ ၂၀) သို့သော် ကောင်းကင်၌ဘုရားသခင့်နိုင်ငံတော်တည်ထောင်ပြီးနောက် ဘုရားသခင့်အလိုတော်ကို နေရာတိုင်းတွင်ပြီးမြောက်စေရမည်ဖြစ်သည်။ လူ့အုပ်ချုပ်ရေးမှ ဘုရားသခင့်ကောင်းကင်နိုင်ငံတော်အုပ်ချုပ်ရေးသို့ ပြောင်းလဲသည့် စိုးရွံ့ထိတ်လန့်ဖွယ်ကူးပြောင်းချိန်မှာ အလွန်နီးနေပြီ။
၂။ လူ့အုပ်ချုပ်ရေးမှ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်ရေးသို့ ကူးပြောင်းချိန်ကို အဘယ်အရာကမှတ်သားပြမည်နည်း။
၂ ဤကူးပြောင်းချိန်ကို မှတ်သားပြသည့်အရာမှာ ယေရှုခေါ်ဆိုခဲ့သည့် “ကမ္ဘာဦးမှစ၍ယခုတိုင်အောင်မဖြစ်စဖူး နောက်၌လည်းမဖြစ်လတ္တံ့သော ကြီးစွာသော [ဆင်းရဲခြင်း]” မဿဲ ၂၄:၂၁) ထိုကာလ မည်မျှကြာရှည်မည်ကို သမ္မာကျမ်းစာ၌မဖော်ပြထားချေ၊ သို့သော် ထိုအချိန်အတွင်းဖြစ်ပျက်မည့် ဘေးဆိုးများမှာ ကမ္ဘာတွင်တွေ့ကြုံဖူးခဲ့သမျှထက် သာ၍ဆိုးရွားလိမ့်မည်။ ကြီးစွာသောဆင်းရဲခြင်း၏အစတွင် ကမ္ဘာမြေကြီးပေါ်ရှိလူအများစုကို အကြီးအကျယ်စိတ်ချောက်ချားစေမည့်အရာတစ်ခု– ဗာဗုလုန်ဘာသာတရားအားလုံး၏ဖျက်ဆီးခံရခြင်းဖြစ်ပျက်လိမ့်မည်။ ယေဟောဝါသက်သေများမူ ယင်းကို ကြာမြင့်စွာကတည်းကမျှော်လင့်လာခဲ့သောကြောင့် စိတ်ချောက်ချားစရာဖြစ်မည်မဟုတ်ချေ။ (ဗျာဒိတ် ၁၇:၁၊ ၁၅-၁၇; ၁၈:၁-၂၄) ဘုရားသခင့်နိုင်ငံတော်က စာတန်စနစ်တစ်ခုလုံးကို ချိုးဖဲ့ဖျက်ဆီးပစ်မည့် အာမဂေဒုန်တွင် ကြီးစွာသောဆင်းရဲခြင်း အဆုံးသတ်သွားပေမည်။—ဒံယေလ ၂:၄၄၊ ၄၅; ဗျာဒိတ် ၁၆:၁၄၊ ၁၅။
အချိန်ကာလဖြစ်မည်။ (၃။ နာခံမှုမရှိသူတို့၏နောင်အလားအလာကို ယေရမိကမည်သို့ဖော်ပြသနည်း။
၃ ယင်းသည် “ဘုရားသခင်ကိုမသိသောသူ” တို့နှင့် ခရစ်တော်လက်ထဲတွင်ရှိသော ကိုယ်တော်၏ကောင်းကင်နိုင်ငံတော် “၏ဧဝံဂေလိတရားကို နားမထောင်” သူတို့နှင့်ပတ်သက်၍ အဘယ်အဓိပ္ပာယ်ဆောင်မည်နည်း။ (၂ သက်သာလောနိတ် ၁:၆-၉) သမ္မာကျမ်းစာပရောဖက်ပြုချက်က ကျွန်ုပ်တို့အား ဤသို့ဆိုသည်– “ဘေးသည် တစ်ပြည်မှတစ်ပြည်သို့ ကူးသွားလိမ့်မည်။ မြေကြီးအစွန်းအနားတို့မှ ပြင်းစွာသောလေပွေသည်ထလိမ့်မည်။ ထိုအခါ ထာဝရဘုရားကွပ်မျက်တော်မူခြင်းကိုခံရသောသူတို့သည် မြေကြီးတစ်ဖက်မှတစ်ဖက်တိုင်အောင် နှံ့ပြားကြလိမ့်မည်။ သူတို့ကိုမမြည်တမ်းရ။ မစုမပုံရ။ မသင်္ဂြိုဟ်ရ။ မြေပေါ်မှာ မစင်ကဲ့သို့ဖြစ်ကြလိမ့်မည်။”—ယေရမိ ၂၅:၃၂၊ ၃၃။
ဆိုးညစ်မှု၏နိဂုံး
၄။ ဤဆိုးညစ်[မှု]ကို ယေဟောဝါ အဆုံးသတ်ပစ်ခြင်းသည် အဘယ်ကြောင့် သင့်မြတ်လျော်ကန်သနည်း။
၄ ဆိုးညစ်မှုကို ယေဟောဝါဘုရားသခင် သည်းခံလာခဲ့သည်မှာ နှစ်ပေါင်းထောင်နှင့်ချီ၍ ရှိပေပြီ၊ လူ့အုပ်ချုပ်ရေးသည် အကြီးအကျယ်ဘေးဖြစ်စေသည့်အရာသာဖြစ်ကြောင်း စိတ်နှလုံးရိုးဖြောင့်သူတို့တွေ့မြင်ရန် အချိန်အလုံအလောက်ရခဲ့ပြီ။ ဥပမာ၊ ၂၀ ရာစုတစ်ခုတည်းတွင် စစ်ပွဲများ၊ တော်လှန်ရေးများနှင့် အခြားပြည်တွင်းပဋိပက္ခများကြောင့် လူသန်းပေါင်း ၁၅၀ ကျော်သေဆုံးခဲ့ရသည်ဟု သတင်းရပ်ကွက်တစ်ခုကဆိုသည်။ လူသားတို့၏ရက်စက်မှုကို အထူးသဖြင့် သန်းပေါင်း ၅၀ ခန့်အသတ်ခံခဲ့ရသော ဒုတိယကမ္ဘာစစ်အတွင်းတွေ့မြင်ရသည်၊ ထိုသူတို့ထဲမှများစွာသည် နာဇီတို့၏ချွေးတပ်စခန်းများ၌ ကြောက်မက်ဖွယ်ရာအသေဆိုးဖြင့်သေခဲ့ကြရ၏။ သမ္မာကျမ်းစာ၌ တင်ကူးဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့အချိန်တွင် ‘ဆိုးညစ်သောသူနှင့် လှည့်ဖြားသောသူတို့သည် ဆိုးညစ်ခြင်း၌ တရွေ့ရွေ့တိုးပွားလာခဲ့သည်။’ (၂ တိမောသေ ၃:၁-၅၊ ၁၃) ယနေ့ အကျင့်ယိုယွင်းမှု၊ ရာဇဝတ်မှု၊ အကြမ်းဖက်မှု၊ အကျင့်ပျက်ပြားမှုနှင့် ဘုရားသခင်၏စံနှုန်းများကို မထီမဲ့မြင်ပြုမှုတို့မှာ အနှံ့အပြားဖြစ်နေသည်။ သို့ဖြစ်၍ ဤဆိုးညစ်[မှု]ကို ယေဟောဝါ အဆုံးသတ်ပစ်ခြင်းသည် သင့်မြတ်လျော်ကန်လှပေသည်။
၅၊ ၆။ ရှေးခါနာန်ပြည်၌တည်ရှိခဲ့သောဆိုးညစ်မှုကို ဖော်ပြပါ။
၅ ယခုအခြေအနေသည် လွန်ခဲ့သောနှစ်ပေါင်း ၃,၅၀၀ ခန့်က ခါနာန်ပြည်၏အခြေအနေနှင့်တူနေသည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “သူတို့သည် ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူသမျှတို့ကို သူတို့ဘုရား၌ပြုကြပြီ။ ကိုယ်သားသမီးကိုပင် သူတို့ဘုရားအားဝတ်ပြု၍ မီးရှို့ကြပြီ။” (တရားဟောရာ ၁၂:၃၁) ဣသရေလလူမျိုးကို ယေဟောဝါ ဤသို့မိန့်ကြားခဲ့သည်– “ထိုလူမျိုးတို့၏မကောင်းမှုကြောင့် . . . သင်၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကို သင့်ရှေ့မှနှင်ထုတ်တော်မူ၏။” (တရားဟောရာ ၉:၅) ကျမ်းစာသမိုင်းပညာရှင် ဟင်နရီ အိပ်ခ်ျ. ဟေလီက ဤသို့မှတ်ချက်ချခဲ့သည်– “ဗာလ၊ အာရှတရက်နှင့် အခြားအခြားခါနာန်ဘုရားများ၏ ဝတ်ပြုကိုးကွယ်ရေးတွင် တရားလွန်သောက်စား၊ မြူးထူးပျော်ပါးမှုများပါဝင်သည်; သူတို့၏ဝတ်ပြုရာနေရာများသည် မကောင်းမှုကျက်စားပြုကျင့်ရာဌာနများဖြစ်သည်။”
၆ ရှေးဟောင်းသုတေသနပညာရှင်များသည် ထိုဒေသများစွာထဲမှတစ်ခုတွင် “ဗာလထံပူဇော်ခဲ့သော ကလေးငယ်များ၏ရုပ်ကြွင်းကိုထည့်ထားသော စဉ့်အိုးများစွာ တွေ့ရှိခဲ့” ခြင်းဖြင့် သူတို့သည် မည်မျှအထိလွန်စွာဆိုးညစ်လာကြောင်းကို ဟေလီကဖော်ပြပေးခဲ့၏။ သူကဤသို့ပြောသည်– “ဒေသတစ်ခုလုံးက မွေးစကလေးငယ်များအတွက် သင်္ချိုင်းတစ်ခုဖြစ်နေကြောင်းထင်ရှားသည်။ . . . ခါနာန်လူမျိုးသည် ဘာသာရေးဆိုင်ရာထုံးတမ်းစဉ်လာတစ်ခုအဖြစ် သူတို့ဘုရားများ၏ရှေ့မှောက်တွင် ကာမဂုဏ်လွန်ကျူးခြင်းဖြင့်လည်းကောင်း၊ သားဦးများကို ထိုဘုရားများထံ ပူဇော်သည့်ယဇ်အဖြစ် သတ်ဖြတ်ခြင်းဖြင့်လည်းကောင်း ဝတ်ပြုကိုးကွယ်မှုပြုကြသည်။ ခါနာန်တစ်ပြည်လုံးသည် အကြီးစားသောဒုံနှင့် ဂေါမောရဖြစ်နေပုံရှိသည်။ . . . ဤမျှစက်ဆုပ်ရွံရှာဖွယ်ကောင်းသည့်အထိ ညစ်ညမ်းပြီး ကြမ်းကြုတ်သည့် ယဉ်ကျေးမှုမျိုးသည် ဆက်တည်ရှိဖို့တန်ပါဦးမည်လော။ . . . ခါနာန်တို့၏အပျက်အယွင်းများကိုတူးဖော်သည့် ရှေးဟောင်းသုတေသနပညာရှင်များက သူတို့ကို ဘုရားသခင်ဖျက်ဆီးချိန်သည် နောက်တောင်ကျနေသေးသည်ဟု ယူမှတ်ကြ၏။”
ကမ္ဘာမြေကြီးကိုအမွေခံခြင်း
၇၊ ၈။ ဤကမ္ဘာမြေကြီးကို ယေဟောဝါမည်သို့သန့်စင်ရှင်းလင်းမည်နည်း။
၇ ခါနာန်လူမျိုးများကို ဘုရားသခင် ရှင်းလင်းခဲ့သကဲ့သို့ မကြာမီ ကိုယ်တော်သည် ကမ္ဘာမြေကြီးတစ်ခုလုံးကို သန့်စင်ရှင်းလင်းပစ်ကာ မိမိ၏အလိုတော်ဆောင်သူတို့အား ယင်းကိုပေးလိမ့်မည်။ “ဖြောင့်မတ်သောသူတို့သည် ပြည်တော်၌နေ၍ စုံလင်သောသူတို့သည် နေသု. ၂:၂၁၊ ၂၂) ထို့ပြင် ဆာလံဆရာက ဤသို့ဆိုသည်– “ခဏကြာပြီးမှ မတရားသောသူသည်မရှိရ။ . . . စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။” (ဆာလံ ၃၇:၁၀၊ ၁၁) ထို့ပြင် “အနှစ်တစ်ထောင်မကုန်မီတိုင်အောင်၊ လူအမျိုးမျိုးတို့ကိုမလှည့်ဖြား” စေရန် စာတန်ကိုလည်း ဖယ်ရှားပစ်မည်။ (ဗျာဒိတ် ၂၀:၁-၃) မှန်ပါသည်၊ “ဤလောကနှင့်လော [က] တပ်မက်ခြင်းသည် ကွယ်ပျောက်ဆဲဖြစ်၏။ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်သောသူမူကား . . . ထာဝရတည်၏။”—၁ ယောဟန် ၂:၁၇၊ သမ္မာ။
ရာကျကြလိမ့်မည်။ [မတရားသော] လူတို့မူကား ပြည်တော်မှပယ်ရှင်းခြင်း၊ လွန်ကျူးသောသူတို့သည် နုတ်ပစ်ခြင်းကိုခံရကြလိမ့်မည်။” (၈ ကမ္ဘာမြေကြီးပေါ်တွင် ထာဝစဉ်နေထိုင်လိုသူတို့အတွက် ကြီးမြတ်သောမျှော်လင့်ချက်ကို အကျဉ်းချုပ်၍ ယေရှုဤသို့မိန့်တော်မူသည်– “စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပြည်တော်ကို အမွေခံရကြလတ္တံ့။” (မဿဲ ၅:၅) ဤသို့တင်ကူးဖော်ပြခဲ့သော ဆာလံ ၃၇:၂၉ ကို ကိုယ်တော်ရည်ညွှန်းခဲ့ဖွယ်ရှိသည်– “ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။” ဖြောင့်မတ်သောသူတို့ မြေကြီးပရဒိသုပေါ်တွင် ထာဝစဉ်နေထိုင်သွားခြင်းသည် ယေဟောဝါ၏ရည်ရွယ်တော်မူချက်ဖြစ်ခဲ့ကြောင်း ယေရှုသိတော်မူ၏။ ယေဟောဝါက ဤသို့မိန့်တော်မူသည်– “ငါသည် မဟာတန်ခိုးနှင့် . . . မြေကြီးကိုလည်းကောင်း၊ မြေကြီးပေါ်မှာရှိသောလူနှင့် တိရစ္ဆာန်တို့ကိုလည်းကောင်း ဖန်ဆင်းသည်ဖြစ်၍ ငါသည် ပေးလိုသောသူတို့အားပေး၏။”—ယေရမိ ၂၇:၅။
အံ့မခန်းဖွယ်ကမ္ဘာသစ်တစ်ခု
၉။ မည်သို့သောကမ္ဘာမျိုးကို ဘုရားသခင့်နိုင်ငံတော်က ဆောင်ကြဉ်းပေးလိမ့်မည်နည်း။
၉ အာမဂေဒုန်ပြီးနောက် ဘုရားသခင့်နိုင်ငံတော်သည် “ဖြောင့်မတ်ခြင်းတရားတည်နေရာ” အံ့မခန်းဖွယ် “မြေကြီးသစ်” ပေါ်တွင် နေရာကျလိမ့်မည်။ (၂ ပေတရု ၃:၁၃) အာမဂေဒုန်ကပ်ကျော်သူတို့အတွက် ဖိနှိပ်မှုဖြစ်စေသည့်ဤဆိုးသွမ်းသောအစီအစဉ်စနစ်မှ ကယ်တင်ခံရခြင်းက အလွန်အမင်းစိတ်သက်သာရာရစေသည်တကား! အံ့မခန်းဖွယ်ကောင်းချီးများနှင့် ထာဝရအသက်တို့ကို ရှုမျှော်ကာ ကောင်းကင်နိုင်ငံတော်အစိုးရအောက်ရှိ ဖြောင့်မတ်ခြင်းတည်နေရာကမ္ဘာသစ်ထဲသို့ ဝင်ရောက်ခွင့်ရသူတို့အတွက် အင်မတန်ဝမ်းမြောက်ပီတိဖြစ်စရာပင်!—ဗျာဒိတ် ၇:၉-၁၇။
၁၀။ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်တွင် အဘယ်အခြေအနေဆိုးများ တည်ရှိတော့မည်မဟုတ်သနည်း။
၁၀ စစ်မှု၊ ရာဇဝတ်မှု၊ ငတ်မွတ်ခေါင်းပါးမှု သို့မဟုတ် သားရိုင်းတိရိစ္ဆာန်များ၏ခြိမ်းခြောက်မှုကိုပင် လူတို့ခံရကြလိမ့်မည်မဟုတ်။ “[ငါ၏လူတို့] နှင့် ငြိမ်သက်ခြင်းပဋိညာဉ်ကို ငါဖွဲ့၍ ဆိုးသောသားရဲတို့ကို ထိုပြည်၌ပယ်ဖြတ်မည်။ . . . တောသစ်ပင်သည် အသီးကိုသီးလိမ့်မည်။ မြေသည်လည်း အသီးအနှံကိုပေးလိမ့်မည်။ ပြည်သားတို့သည် ငြိမ်ဝပ်စွာနေရကြလိမ့်မည်။” “သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန်မသင်ရကြ။ လူအပေါင်းတို့သည် ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သောသင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တစ်ယောက်မျှမရှိရ။”—ယေဇကျေလ ၃၄:၂၅-၂၈; မိက္ခာ ၄:၃၊ ၄။
၁၁။ ကိုယ်ကာယမကျန်းမာခြင်း အဆုံးတိုင်လိမ့်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့ အဘယ်ကြောင့်ယုံကြည်စိတ်ချနိုင်သနည်း။
၁၁ ဖျားနာခြင်း၊ ဝမ်းနည်းခြင်းနှင့် သေခြင်းပင်လျှင် ပပျောက်သွားမည်။ “မြို့သားကလည်း ငါနာသည်ဟုမဆိုရ။ ထိုမြို့၌နေသောသူတို့သည် အပြစ်ပြေရှင်းခြင်းသို့ ရောက်ရကြလိမ့်မည်။” (ဟေရှာယ ၃၃:၂၄) “ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။ . . . ‘ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်။’” (ဗျာဒိတ် ၂၁:၄၊ ၅) ယေရှုမြေကြီးပေါ်ရှိစဉ်က မိမိအားဘုရားသခင်ပေးသောတန်ခိုးအားဖြင့် ယင်းတို့ကိုလုပ်ဆောင်နိုင်ကြောင်း ကိုယ်တော်၏စွမ်းရည်ကိုပြသခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်၏အကူအညီဖြင့် ယေရှုသည် သွားလေရာရာဒေသရှိ ခြေမစွမ်းသူကိုကုသပေးခြင်းနှင့် ဖျားနာသူတို့ကိုပျောက်ကင်းစေခြင်းအား ပြုလုပ်ပေးခဲ့သည်။—မဿဲ ၁၅:၃၀၊ ၃၁။
၁၂။ ထိုတွင် လူသေများအတွက် အဘယ်မျှော်လင့်ချက်ရှိသနည်း။
မာကု ၅:၄၂) ယင်းက ဘုရားသခင့်နိုင်ငံတော်၏အုပ်ချုပ်မှုအောက်တွင် ယေရှုပြုလုပ်ပေးတော်မူမည့် နောက်ထပ်ပုံနမူနာတစ်ခုဖြစ်ပြီး ထိုအချိန်တွင် “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှထမြောက်ကြလိမ့်မည်။” (တမန်တော် ၂၄:၁၅) လူသေတို့သည် တစ်စုပြီးတစ်စု အသက်ပြန်ရှင်လာကာ မိမိတို့၏ချစ်မြတ်နိုးရသူတို့နှင့်အတူ ပြန်လည်ပေါင်းစည်းကြသည့် အလွန်ပီတိဖြစ်စရာအခါသမယကို မြင်ယောင်ကြည့်ပါလေ! “ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့ မြေကြီးသည် ထာဝရဘုရားကိုသိကျွမ်းခြင်းပညာနှင့် ပြည့်စုံ” လာစေရန် ဘုရားသခင့်နိုင်ငံတော်၏ကြီးကြပ်မှုအောက်တွင် ကြီးမားလှသောပညာပေးရေးလုပ်ငန်းရှိလိမ့်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။—ဟေရှာယ ၁၁:၉။
၁၂ ယေရှုသည် ထိုထက်မကပြုလုပ်ခဲ့သည်။ လူသေကို ပြန်ရှင်စေခဲ့သည်။ စိတ်နှိမ့်ချသူတို့ မည်သို့တုံ့ပြန်ခဲ့ကြသနည်း။ အသက် ၁၂ နှစ်အရွယ်ကလေးမကို ရှင်ပြန်ထမြောက်ပေးလိုက်သောအခါ သူ၏မိဘများသည် “အလွန်မိန်းမောတွေဝေခြင်းသို့ရောက်ကြ၏။” (ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှု သံသယကင်းရှင်းစေ
၁၃။ ဘုရားသခင့်အုပ်ချုပ်ရေး၏တော်မှန်မှုကို မည်သို့ပြသမည်နည်း။
၁၃ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှု အနှစ်တစ်ထောင်ကုန်ဆုံးချိန်တွင် လူ့မိသားစုသည် ကိုယ်စိတ်နှစ်ဖြာစုံလင်ခြင်းသို့ ပြန်ရောက်ရှိလိမ့်မည်။ မြေကြီးတစ်ပြင်လုံးသည် ကမ္ဘာ့ဧဒင်ဥယျာဉ်၊ ပရဒိသုဖြစ်သွားမည်။ ငြိမ်သက်မှု၊ ပျော်ရွှင်မှု၊ လုံခြုံမှုနှင့် မေတ္တာလွှမ်းသောလူ့ဘောင်အဖွဲ့အစည်းကို ပြန်လည်ရရှိကြမည်။ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်ရေးမတိုင်မီ လူ့သမိုင်းတွင် ဤမြင်ကွင်းကို တစ်ခါမျှတွေ့ရှိခဲ့ဖူးမည်မဟုတ်ချေ။ ထိုအခါ ယခင်ကနှစ်ပေါင်းထောင်နှင့်ချီ၍ စိတ်ဆင်းရဲစရာလူသားအုပ်ချုပ်ရေးနှင့် ဘုရားသခင့်ကောင်းကင်နိုင်ငံတော်အားဖြင့် အနှစ်တစ်ထောင်၏ခမ်းနားထည်ဝါသောအုပ်စိုးမှုစပ်ကြား အပြတ်အသတ်ကွာခြားချက်ကို အထင်အရှားပြသမှုပင်တည်း! မိမိနိုင်ငံတော်အားဖြင့် ဘုရားသခင်၏အုပ်ချုပ်မှုသည် ကဏ္ဍရပ်တိုင်းတွင် အပြတ်အသတ်သာလွန်မှုကို ဖော်ပြပေလိမ့်မည်။ ဘုရားသခင်၏အစိုးပိုင်မှု၊ ကိုယ်တော်၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုသည် လုံးဝသံသယကင်းရှင်းသွားမည်။
၁၄။ အနှစ်တစ်ထောင်ကုန်ဆုံးသောအခါ ပုန်ကန်သူများ ဘာဖြစ်သွားမည်နည်း။
၁၄ အနှစ်တစ်ထောင်၏အဆုံး၌ ယေဟောဝါသည် စုံလင်ပြီးဖြစ်သောလူသားတို့အား မည်သူ၏အစေခံလိုကြောင်း မိမိတို့၏လွတ်လပ်စွာရွေးချယ်မှုကို အသုံးပြုခွင့်ပေးလိမ့်မည်။ “စာတန်သည် ထောင်ထဲကလွတ်သောအခွင့်ကိုရ” လိမ့်မည်ဟု သမ္မာကျမ်းစာကဖော်ပြသည်။ သူသည် ထပ်မံ၍လူသားတို့ကိုလှည့်ဖြားလိမ့်မည်ဖြစ်ပြီး အချို့တို့သည် ဘုရားသခင်ထံတော်မှ ခွဲထွက်ရပ်တည်ရန် ရွေးချယ်ကြလိမ့်မည်။ ‘ဒုတိယအကြိမ် ညှဉ်းဆဲမှုထပ်ပေါ်လာခြင်းမျိုး’ မဖြစ်စေရန် ယေဟောဝါသည် စာတန်၊ သူ၏နတ်ဆိုးများနှင့် ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ပုန်ကန်သူအားလုံးကို အပြီးသတ်ချေမှုန်းပေလိမ့်မည်။ ထိုအချိန်တွင် ထာဝစဉ်ဖျက်ဆီးခံရသူ မည်သည့်လူသားကမျှ မိမိတို့သည် အခွင့်အရေးမရခဲ့ဟူ၍လည်းကောင်း၊ မစုံလင်သည့်အတွက် မှားယွင်းသောလမ်းစဉ်လိုက်မိသည်ဟူ၍လည်း ကန့်ကွက်စကားဆိုနိုင်မည်မဟုတ်ချေ။ မှန်ပါသည်၊ သူတို့သည် ယေဟောဝါ၏ဖြောင့်မတ်သောအုပ်စိုးမှုကိုပုန်ကန်ရန် စိတ်လိုကိုယ်လျောက်ရွေးချယ်ခဲ့သည့် စုံလင်သောအာဒံနှင့်ဧဝတို့ကဲ့သို့ဖြစ်မည်။—ဗျာဒိတ် ၂၀:၇-၁၀; နာဟုံ ၁:၉၊ ကဘ။
၁၅။ သစ္စာစောင့်သိသူတို့သည် ယေဟောဝါနှင့် မည်သို့သောဆက်ဆံရေးကိုရရှိမည်နည်း။
၁၅ အခြားတစ်ဖက်တွင် လူအများစုသည် ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကိုထောက်ခံအားပေးရန် ရွေးချယ်ကြဖွယ်ရှိသည်။ ပုန်ကန်မှုမှန်သမျှ ချေမှုန်းခံရခြင်းနှင့်အတူ ဖြောင့်မတ်သူတို့သည် ယေဟောဝါရှေ့ရပ်ကာ သစ္စာစောင့်သိမှု၏နောက်ဆုံးစမ်းသပ်ချက်ကို ကျော်လွှားကြလိမ့်မည်။ ထိုအခါ ဤသစ္စာစောင့်သိသူတို့ကို ယေဟောဝါသည် မိမိ၏သားသမီးများအဖြစ် လက်ခံတော်မူမည်။ သို့ဖြစ်၍ သူတို့သည် ဘုရားသခင်ကိုမပုန်ကန်မီက အာဒံနှင့်ဧဝတို့တွင်ရှိခဲ့သည့် ဆက်ဆံရေးမျိုးကို ပြန်လည်ရရှိကြမည်။ ထို့ကြောင့် ရောမ ၈:၂၁၊ (သတင်းကောင်း) ပြည့်စုံပေမည်– ‘အဖန်ဆင်းခံလူသားကမ္ဘာလောကသည် ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ လွတ်မြောက်၍ ထာဝရဘုရား၏သားသမီးများအဖြစ် လွတ်လပ်မှုနှင့်ဘုန်းအသရေကို ခံစားခွင့်ရရှိလိမ့်မည်။’ ပရောဖက်ဟေရှာယက ဤသို့တင်ကူး၍ပြောခဲ့သည်– “[ဘုရားသခင်သည်] သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း ခပ်သိမ်းသောမျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။”—ဟေရှာယ ၂၅:၈။
ထာဝစဉ်အသက်မျှော်လင့်ချက်
၁၆။ ထာဝရအသက်ဆုကျေးဇူးကို မျှော်ကိုးခြင်းသည် အဘယ်ကြောင့်လျောက်ပတ်သနည်း။
၁၆ ဘုရားသခင်သည် မိမိတို့အပေါ် ဝိညာဉ်ရေးဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးများကို ထာဝစဉ်သွန်းလောင်းချပေးမည်ဟု သိရှိရခြင်းသည် သစ္စာစောင့်သိသူတို့ကို စောင့်ကြိုလျက်ရှိသော ကောင်းမွန်သည့်အလားအလာတစ်ရပ်ပင်တည်း! ဆာလံဆရာက တော်မှန်စွာဤသို့ဆိုသည်– “လက်တော်ကိုဖွင့်၍ အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို [အမှန်ပင်] ရောင့်ရဲစေတော်မူ၏။” (ဆာလံ ၁၄၅:၁၆) ကိုယ်တော်ကိုယုံကြည်ခြင်း၏တစ်စိတ်တစ်ဒေသအဖြစ် ပရဒိသုတွင် အသက်ရှင်ဖို့ မျှော်လင့်ချက်ထားရန် မြေကြီးအတန်းအစား များကို ယေဟောဝါ တိုက်တွန်းတော်မူသည်။ ယေဟောဝါ၏ပိုင်သအုပ်စိုးမှုမှာ သာ၍အရေးကြီးသောကိစ္စဖြစ်စဉ် ဆုကျေးဇူးခံရမည့်အလားအလာမပေးဘဲ မိမိအားဝတ်ပြုရန် လူတို့ကို ကိုယ်တော်မတောင်းဆိုခဲ့ချေ။ သမ္မာကျမ်းစာတစ်အုပ်လုံးတွင် ဘုရားသခင်ကိုသစ္စာစောင့်သိခြင်းနှင့် ထာဝရအသက်မျှော်လင့်ချက်တို့သည် ဘုရားသခင်၌ ခရစ်ယာန်တစ်ဦး၏ယုံကြည်ခြင်းနှင့်စပ်ဆိုင်သော လိုအပ်သည့်အစိတ်အပိုင်းများအဖြစ် ခွဲခြား၍မရနိုင်လောက်အောင် တွဲနေသောအရာဖြစ်သည်။ “ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိတော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူသည်ကိုလည်းကောင်း၊ ယုံကြည်ရမည်။”—ဟေဗြဲ ၁၁:၆။
၁၇။ ကျွန်ုပ်တို့၏မျှော်လင့်ချက်အားဖြင့် အားယူခြင်းသည်လျောက်ပတ်ကြောင်း ယေရှုမည်သို့ဖော်ပြခဲ့သနည်း။
၁၇ ယေရှုကဤသို့မိန့်တော်မူ၏– “ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။” (ယောဟန် ၁၇:၃) ဤတွင် သူသည် ဘုရားသခင်၊ ကိုယ်တော့်ရည်ရွယ်တော်မူချက်တို့ကိုသိကျွမ်းခြင်းနှင့် ယင်းမှ ဖြစ်ပေါ်စေသောဆုကျေးဇူးတို့ကို ဆက်စပ်ထားသည်။ ဥပမာအနေဖြင့် အမှားပြုခဲ့သူတစ်ဦးသည် ကိုယ်တော်၏နိုင်ငံတော်သို့ ယေရှုကြွလာပြီးနောက် သူ့အားသတိရရန် တောင်းဆိုခဲ့ပြီးသောအခါ ယေရှုက ဤသို့မိန့်တော်မူခဲ့သည်– “သင်သည်ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်။” (လုကာ ၂၃:၄၃) ကိုယ်တော်က ထိုလူဆိုးအား ဆုကျေးဇူးမရလျှင်ပင် ယုံကြည်ခြင်းရှိပါဟု မိန့်တော်မမူခဲ့ချေ။ ဤကမ္ဘာမြေပေါ်၌ စမ်းသပ်မှုအမျိုးမျိုးကိုရင်ဆိုင်ရသည်နှင့်အမျှ သူတို့အား ထောက်မပေးမည့် မြေကြီးပရဒိသုတွင် ထာဝစဉ်အသက်ရှင်ခြင်းမျှော်လင့်ချက် မိမိ၏ကျေးကျွန်များတွင် ရှိထားစေရန် ယေဟောဝါအလိုရှိတော်မူကြောင်း ယေရှုသိတော်မူ၏။ သို့ဖြစ်၍ ခရစ်ယာန်တစ်ဦးအနေနှင့် ဆုကျေးဇူးကိုမျှော်လင့်နေခြင်းသည် ခံနိုင်ရည်ရှိနေစေရန် အရေးပါသောအကူအညီတစ်ရပ်ဖြစ်၏။
ဘုရားသခင့်နိုင်ငံတော်၏အနာဂတ်
၁၈၊ ၁၉။ အနှစ်တစ်ထောင်ကုန်ဆုံးသောအခါ၌ ရှင်ဘုရင်နှင့် ဘုရားသခင့်နိုင်ငံတော် ဘာဖြစ်သွားလိမ့်မည်နည်း။
၁၈ ဘုရားသခင့်နိုင်ငံတော်သည် ကမ္ဘာမြေကြီးပေါ်ရှိ လူသားတို့ကိုစုံလင်စေရန်နှင့် ယေဟောဝါနှင့်ပြန်လည်သင့်မြတ်စေရန် ကိုယ်တော်အသုံးပြုတော်မူသည့် အထောက်အကူအစိုးရတစ်ခုဖြစ်သောကြောင့် အနှစ်တစ်ထောင်ပြီးနောက် ဘုရင်ယေရှုခရစ်၊ ၁၄၄,၀၀၀ သောဘုရင်များနှင့် ယဇ်ပုရောဟိတ်များအတွက် ထိုတွင် အဘယ်အခန်းကဏ္ဍရှိသနည်း။ “ထိုအခါ ခရစ်တော်သည် အထွတ်အမြတ်အာဏာတန်ခိုးအမျိုးမျိုးကိုပယ်ရှင်း၍၊ မိမိနိုင်ငံကို ဘုရားသခင်တည်းဟူသော ခမည်းတော်၌အပ်ပြန်တော်မူပြီးမှ ကမ္ဘာကုန်ရလတ္တံ့။ ခရစ်တော်သည် ရန်သူအပေါင်းတို့ကို ခြေဖဝါး . . . အောက်၌ ချထားတော်မမူမီတိုင်အောင် အုပ်စိုးတော်မူရမည်။”—၁ ကောရိန္သု ၁၅:၂၄၊ ၂၅။
၁၉ ခရစ်တော်သည် ဘုရားသခင်ထံသို့ ဘုရားသခင်နိုင်ငံတော်ကို ပြန်အပ်သောအခါ သမ္မာကျမ်းစာစောင်များ၌ ယင်းသည် ထာဝစဉ်တည်ရှိမည်အဖြစ် ဖော်ပြထားခြင်းကို မည်သို့နားလည်ရန်ဖြစ်သနည်း။ အကြောင်းမှာ ဘုရားသခင့်နိုင်ငံတော်၏အောင်မြင်ပြီးမြောက်မှုသည် ထာဝစဉ်တည်ရှိသွားမည်ဖြစ်သောကြောင့်တည်း။ ဘုရားသခင်၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှု သံသယကင်းရှင်းရေးအတွက် ဆောင်ရွက်ရာတွင် ကိုယ်တော်၏အခန်းကဏ္ဍကြောင့် ခရစ်တော်သည် ထာဝစဉ်ဂုဏ်ပြုခံရပေမည်။ သို့သော် ထိုအခါ အပြစ်နှင့် သေခြင်းသည် လုံးဝဖယ်ရှားပစ်ခံရ၍ လူသားတို့မှာ ရွေးနုတ်ခံခဲ့ရပြီးဖြစ်ရာ ယင်းက ကိုယ်တော်အား ရွေးနုတ်ရှင်တစ်ဦးအဖြစ်လိုအပ်မှုမှာ အဆုံးတိုင်လေပြီ။ ဘုရားသခင့်နိုင်ငံတော်၏အနှစ်တစ်ထောင်အုပ်စိုးမှုသည်လည်း လုံးဝပြီးပြည့်စုံလိမ့်မည်; သို့ဖြစ်၍ ယေဟောဝါနှင့် နာခံမှုရှိသောလူသားတို့စပ်ကြားရှိရမည့် အထောက်အကူအစိုးရတစ်ခု လိုအပ်တော့မည်မဟုတ်ချေ။ သို့နှင့် “ဘုရားသခင်သည် အလုံးစုံဖြစ်တော်မူမည်။”—၁ ကောရိန္သု ၁၅:၂၈။
၂၀။ ခရစ်တော်နှင့် ၁၄၄,၀၀၀ တို့အတွက် အဘယ်အနာဂတ်ရှိမည်ကို ကျွန်ုပ်တို့ မည်သို့သိမြင်နိုင်ကြသနည်း။
၂၀ အနှစ်တစ်ထောင်အုပ်ချုပ်ရေး အဆုံးသတ်သွားပြီးနောက် ခရစ်တော်နှင့် ကိုယ်တော်၏တွဲဖက်အုပ်စိုးရှင်တို့အတွက် အနာဂတ်အခန်းကဏ္ဍကား အဘယ်နည်း။ သမ္မာကျမ်းစာက မဖော်ပြထားပါ။ သို့တိုင် မိမိ၏ဖန်ဆင်းရာတစ်ခွင်တွင် အမှုဆောင်ရန် နောက်ထပ်အခွင့်အလမ်းများစွာကို သူတို့အား ယေဟောဝါပေးလိမ့်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်ပါသည်။ ယခုတွင်ရှိနေကြသော ကျွန်ုပ်တို့အားလုံးသည် ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ထောက်ခံကြကာ ထာဝရအသက်ကိုရရှိကြပါလေစေ၊ သို့ဖြင့် အနာဂတ်တွင် ရှင်ဘုရင်၊ ကိုယ်တော်၏အပေါင်းပါဘုရင်များနှင့် ယဇ်ပုရောဟိတ်များအတွက် ယေဟောဝါ၏ရည်ရွယ်တော်မူချက်အပြင် ကိုယ်တော်၏အံ့သြမိန်းမောဖွယ်ရာ စကြဝဠာတစ်ခုလုံးအတွက် ရည်ရွယ်ချက်ကို ကျွန်ုပ်တို့တွေ့မြင်ရန် အသက်ရှင်ကြပါလိမ့်မည်တကား!