မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မမေ့အပ်သော နေ့

မမေ့အပ်သော နေ့

မမေ့​အပ်သော နေ့

အဆိုပါ​နေ့​သည် လူသား​တို့၏​လမ်းစဉ်​ကို ထာဝရ​အကျိုးပြု​ရန် လုံးဝ​ပြောင်းလဲ​စေသော နေ့​တစ်နေ့​ဖြစ်သည်။ လူ့​အနာဂတ်​ကို ဤမျှ​အကျိုးပြု​သည့်​နေ့​မျိုး ရာဇဝင်​တွင် မရှိခဲ့​ဖူး​ချေ။ ထို​နေ့​ကား မြေကြီးပေါ်​သို့ ယေရှု​ကြွလာ​ရသည့် ရည်ရွယ်ချက်​အားလုံး​ကို ပြီးမြောက်​စေသည့်​နေ့​ဖြစ်သည်။ ညှဉ်းဆဲ​ရာ​နှက်တိုင်​ပေါ် ယေရှု​သံ​ရိုက်ခံရ​ပြီး အသက်​ထွက်ချိန်​တွင် နောက်ဆုံး​လေသံ​ဖြင့် ကိုယ်တော်​က “အမှု​ပြီးပြီ” ဟု​ကြွေးကြော်​ခဲ့​သည်။ (ယောဟန် ၁၉:၃၀) အဘယ်​ရည်ရွယ်ချက်​အတွက် ယေရှု​ကြွလာ​ခဲ့​သနည်း။

ကျမ်းစာ​က​ဤသို့​ဆို​၏– “လူသား​သည် သူတစ်ပါးကို​စေ​စားခြင်း​ငှာ​မလာ၊ သူတစ်ပါး​အစေ​ကို​ခံ​ခြင်း​ငှာ​လည်းကောင်း၊ မိမိ​အသက်ကို​စွန့်​၍ လူများ​ကို​ရွေးခြင်း​ငှာ​လည်းကောင်း ကြွလာ​သည်။” (မဿဲ ၂၀:၂၇၊ ၂၈) ယေရှုသည် အမွေခံ​ရသော​အပြစ်​နှင့်​သေခြင်း​မှ လူသား​တို့ကို​ကယ်တင်​ဖို့ မိမိ၏​စိုးလ် သို့​မဟုတ် အသက်ကို​စွန့်ခဲ့​သည်။ “ဘုရားသခင်​၏​သားတော်ကို ယုံကြည်​သော​သူအပေါင်း​တို့သည် ပျက်စီးခြင်း​သို့​မ​ရောက်၊ ထာဝရ​အသက်ကို​ရစေ​ခြင်း​ငှာ၊ ဘုရားသခင်​သည် မိမိ​၌​တစ်ပါး​တည်း​သော​သားတော်ကို စွန့်​တော်​မူ​သည်​တိုင်အောင် လော[က]သားတို့​ကို​ချစ်တော်မူ​၏။” (ယောဟန် ၃:၁၆) ယေရှု၏​ပူဇော်ရာ​ယဇ်​သည် အလွန်​တန်ဖိုး​ကြီးမား​လိုက်​လေ​ခြင်း!

ယေရှု​သေဆုံး​သည့်​နေ့ကို မမေ့​အပ်​သည့် အကြောင်းရင်း​နောက်တစ်ခု ရှိသေး​သည်။ ထို​နေ့ရက်​တွင် ဘုရားသခင့်​သားတော်​သည် တမန်​တော်​များ​ကို ဆက်၍​တည်ကြည်မှု​ရှိစေ​မည့် အဖိုးတန်​သင်ခန်းစာများ သွန်သင်​ပေး​ခဲ့​သည်။ ကိုယ်တော်​နောက်ဆုံး​ပြောဆို​ခဲ့​သော စကား​များသည် တပည့်​များ​၏​နှလုံးကို ထိမိ​လိုက်​မည်​ဖြစ်​ခြင်း! ကိုယ်တော်​၏​သွန်သင်ချက်​များ​ကား အဘယ်နည်း။ သူတို့ကို ယေရှု​သွန်သင်​ပေး​ခဲ့​ရာ​များ​မှ ကျွန်ုပ်​တို့ မည်သို့​အကျိုး​ရရှိနိုင်​သနည်း။ ဤ​မေးခွန်းများကို နောက်​ဆောင်းပါး​တွင် ဆွေးနွေး​သုံးသပ်ပါ​မည်။