မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှုကို ပေတရုငြင်းပယ်

ယေရှုကို ပေတရုငြင်းပယ်

လူငယ်စာရှုသူများအတွက်

ယေရှုကို ပေတရုငြင်းပယ်

ညွှန်ကြားချက်များ– ဤလေ့ကျင့်ခန်းကို ဆိတ်ငြိမ်သောဝန်းကျင်တွင် ပြုလုပ်ပါ။ ကျမ်းချက်များကို သင်ဖတ်ရှုစဉ် အဖြစ်အပျက်တွင် သင်ပါဝင်သည်ဟု စိတ်ကူးကြည့်ပါ။ အဖြစ်အပျက်ကို စိတ်တွင်မြင်ယောင်ပါ။ အသံများကို ကြားယောင်ပါ။ အဓိကဇာတ်ကောင်များ၏စိတ်လှုပ်ရှားမှုများကို ခံစားကြည့်ပါ။

အဖြစ်အပျက်ကို ဆန်းစစ်ပါ။—မဿဲ ၂၆:၃၁-၃၅၊ ၆၉-၇၅ ကိုဖတ်ပါ။

အဖြစ်အပျက်တွင် လူဘယ်နှစ်ယောက်ပါသည်ဟု သင်ထင်သနည်း။

․․․․․

ပေတရုကို စကားပြောသူတို့သည် ရင်းနှီးဖော်ရွယ်သူများ၊ သိလိုစိတ်ပြင်းပြသူများ၊ စိတ်ဆိုးသူများ သို့မဟုတ် အခြားခံစားချက်တစ်မျိုးမျိုးရှိသူများဖြစ်သည်ဟု သင်ထင်သလော။

․․․․․

စွပ်စွဲခံရချိန်တွင် ပေတရု၏ခံစားချက် မည်သို့ ရှိမည်ဟု သင်ထင်သနည်း။

․․․․․

ပေတရုသည် ယေရှုကို အဘယ်ကြောင့် ငြင်းပယ်ခဲ့သနည်း။ မေတ္တာမရှိ၍လော သို့မဟုတ် အခြားအကြောင်းတစ်ခုခုကြောင့်လော။

․․․․․

ထပ်၍သုတေသနပြုပါ။—လုကာ ၂၂:၃၁-၃၄; မဿဲ ၂၆:၅၅-၅၈; ယောဟန် ၂၁:၉-၁၇ တို့ကိုဖတ်ပါ။

ပေတရုအမှားတွင် မိမိကိုယ်ကို ယုံကြည်စိတ်ချလွန်းခြင်းသည် မည်သို့ပါဝင်ပတ်သက်ခဲ့မည်နည်း။

․․․․․

ပေတရုသည် အခိုက်အတန့် မှားယွင်းလိမ့်မည်ကို ယေရှုသိသည့်တိုင် သူ့ကို ယုံကြည်စိတ်ချကြောင်း ကိုယ်တော်မည်သို့တင်ပြခဲ့သနည်း။

․․․․․

ပေတရုသည် ယေရှုကို ငြင်းပယ်ခဲ့သော်လည်း သူသည် အခြားတပည့်များထက် ပို၍ရဲစွမ်းသတ္တိရှိကြောင်းကိုပင် အဘယ်နည်းဖြင့် တင်ပြခဲ့သနည်း။

․․․․․

ယေရှုသည် ပေတရုကို ခွင့်လွှတ်ခဲ့ကြောင်း မည်သို့တင်ပြခဲ့သနည်း။

․․․․․

ယေရှုသည် ပေတရုအား ‘သင်သည် ငါ့ကိုချစ်သလော’ ဟုသုံးကြိမ်တိုင်အောင်မေးခဲ့သည်မှာ အဘယ်ကြောင့်ဟု သင်ထင်သနည်း။

․․․․․

ယေရှုနှင့်အတူ ဤဆွေးနွေးမှုအပြီးတွင် ပေတရုမည်သို့ခံစားခဲ့မည်ဟု သင်ထင်သနည်း၊ အဘယ်ကြောင့်နည်း။ ․․․․․

သင်ယူခဲ့ရာများကို လက်တွေ့ကျင့်သုံးပါ။ အောက်ပါအချက်တို့နှင့်ပတ်သက်၍ သင်ယူသိရှိခဲ့ရာများကို ရေးချပါ။

လူကိုကြောက်ရွံ့ခြင်း။

․․․․․

တပည့်များ မှားခဲ့ကြသည့်အခါပင် သူတို့အပေါ်ထားရှိသော ယေရှု၏ထောက်ထားစာနာမှု။

․․․․․

ဤမှတ်တမ်းပါ မည်သည့်အချက်သည် သင့်အတွက် အဓိပ္ပာယ်အရှိဆုံးဖြစ်သနည်း၊ အဘယ်ကြောင့်နည်း။

․․․․․