မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တစ်ဖန်မွေးဖွားခြင်း—မည်မျှအရေးကြီးသနည်း

တစ်ဖန်မွေးဖွားခြင်း—မည်မျှအရေးကြီးသနည်း

တစ်ဖန်မွေးဖွားခြင်း—မည်မျှအရေးကြီးသနည်း

နိကောဒင်နှင့်စကားပြောဆိုစဉ်တစ်လျှောက်လုံးတွင် တစ်ဖန်မွေးဖွားခံရခြင်းသည် အလွန်အရေးကြီးကြောင်း ယေရှုအလေးပေးပြောဆိုခဲ့သည်။ ယင်းကို ကိုယ်တော် မည်သို့ရှင်းလင်းပြောဆိုခဲ့သနည်း။

နိကောဒင်နှင့်ဆွေးနွေးစဉ် တစ်ဖန်မွေးဖွားခြင်း၏အရေးကြီးမှုကို ယေရှု မည်သို့အလေးပေးပြောဆိုခဲ့ကြောင်း သတိပြုပါ။ “မည်သူမဆို တစ်ဖန်မွေးဖွားခြင်းကို မခံလျှင် ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရ” ဟုကိုယ်တော်မိန့်ဆိုသည်။ (ယောဟန် ၃:၃) “မခံလျှင်” နှင့် “မမြင်ရ” ဟူသောစကားလုံးများသည် တစ်ဖန်မွေးဖွားခြင်း၏ မရှိမဖြစ်လိုအပ်မှုကို ပေါ်လွင်စေ၏။ ဥပမာ၊ “နေမထွက်လျှင် အလင်းရောင်မရနိုင်” ဟူ၍လူတစ်ဦးပြောဆိုပါက အလင်းရနိုင်ရန် နေရောင်သည် မရှိမဖြစ်လိုအပ်ကြောင်း ဆိုလိုနေခြင်းဖြစ်သည်။ အလားတူ၊ ဘုရားသခင်၏နိုင်ငံတော်ကို မြင်ရရန် တစ်ဖန်မွေးဖွားခံရခြင်းသည် မရှိမဖြစ်လိုအပ်ကြောင်း ယေရှုဖော်ပြခဲ့သည်။

ထိုအကြောင်းနှင့်ပတ်သက်၍ ကြာမြင့်စွာကပင်ရှိခဲ့သော သံသယမှန်သမျှကို ဖယ်ရှားလိုက်သည့်အလား ယေရှုက “သင်တို့သည် တစ်ဖန်မွေးဖွားခြင်းကိုခံမည်” ဟုဆို၏။ (ယောဟန် ၃:၇) ယေရှု၏စကားအရ ‘ဘုရားသခင့်နိုင်ငံတော်သို့ ဝင်’ နိုင်ရန် တစ်ဖန်မွေးဖွားခံရဖို့ မရှိမဖြစ်လိုအပ်သည်မှာ ရှင်းနေပါသည်။—ယောဟန် ၃:၅

ယေရှုသည် တစ်ဖန်မွေးဖွားခြင်းကို အလွန်အရေးကြီးသောကိစ္စအဖြစ် ရှုမြင်သောကြောင့် ခရစ်ယာန်များလည်း ယင်းကို တိကျမှန်ကန်စွာနားလည်ထားမထား သေချာစွာဆန်းစစ်သင့်သည်။ ဥပမာ၊ ခရစ်ယာန်တစ်ဦးသည် တစ်ဖန်မွေးဖွားခြင်းခံရရန် ကိုယ်တိုင် ရွေးချယ်နိုင်သည်ဟု သင်ထင်သလော။

[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]

“နေမထွက်လျှင် အလင်းရောင်မရနိုင်”