မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွေးဆောင်မှုကို ယေရှုတွန်းလှန်ခဲ့တယ်

သွေးဆောင်မှုကို ယေရှုတွန်းလှန်ခဲ့တယ်

လူငယ်စာရှုသူများအတွက်

သွေးဆောင်မှုကို ယေရှုတွန်းလှန်ခဲ့တယ်

ညွှန်ကြားချက်များ– ဒီလေ့ကျင့်ခန်းကို ဆိတ်ငြိမ်တဲ့ဝန်းကျင်မှာ ပြုလုပ်ပါ။ ကျမ်းချက်တွေကိုဖတ်ရှုရင်း အဖြစ်အပျက်မှာ သင်ပါဝင်နေတယ်လို့ စိတ်ကူးကြည့်ပါ။ အဖြစ်အပျက်ကို စိတ်မှာမြင်ယောင်ပါ။ အသံတွေကို ကြားယောင်ပါ။ အဓိကဇာတ်ကောင်တွေရဲ့ စိတ်လှုပ်ရှားမှုတွေကို ခံစားကြည့်ပါ။

အဖြစ်အပျက်ကို ဆန်းစစ်ပါ။မဿဲ ၄:၁-၁၁ ကိုဖတ်ပါ။

ယေရှု ရက်ပေါင်း ၄၀ ကြာနေခဲ့တဲ့ တောကန္တာရကို ပုံဖော်ကြည့်ပါ။

․․․․․

သွေးဆောင်သူနဲ့ ယေရှုရဲ့ အသံနေအသံထားကို ကြားယောင်ရင်း သူတို့ရဲ့သဘောထားကို ခန့်မှန်းကြည့်ပါ။

․․․․․

ထပ်လေ့လာကြည့်ပါဦး။

စာတန်က သူဟာ အခွင့်ရေးသမားပဲဆိုတာ ဘယ်လိုဖော်ပြခဲ့သလဲ။ (အခန်းငယ် ၂ ကိုပြန်ဖတ်ပါ။)

․․․․․

စာတန်က ယေရှုကို လောကတိုင်းနိုင်ငံရှိသမျှအပြင် ‘အဲဒီတိုင်းနိုင်ငံတွေရဲ့ဘုန်းစည်းစိမ်’ ကိုပါ ဘာကြောင့်ပြခဲ့သလဲ။ (အခန်းငယ် ၈ ကိုပြန်ဖတ်ပါ။)

․․․․․

စာတန်က လောကကိုအုပ်စိုးနိုင်မယ့်အခွင့်အလမ်းကို ကမ်းလှမ်းပြီး ယေရှုကို ဘာကြောင့်သွေးဆောင်ခဲ့တာဖြစ်မလဲ။

(က) စာတန်ရဲ့သွေးဆောင်မှုတိုင်းက သူ့အတွေးအခေါ်နဲ့ပတ်သက်ပြီး ဘာကိုဖော်ပြနေသလဲ။

․․․․․

(ခ) စာတန်နဲ့မတူဘဲ ယေရှုရဲ့တုံ့ပြန်မှုတိုင်းက ဘာကိုဖော်ပြနေသလဲ။

․․․․․

သင်ယူသိရှိခဲ့တာကို လက်တွေ့ကျင့်သုံးပါ။ ဒီအချက်တွေနဲ့ပတ်သက်ပြီး သိရှိခဲ့တာကို ချရေးကြည့်ပါ . . .

သွေးဆောင်မှုဖြစ်ပေါ်လာနိုင်တဲ့အချိန်။

․․․․․

တို့တွေကိုသွေးဆောင်ဖို့ စာတန်အသုံးပြုနိုင်တဲ့နည်းအမျိုးမျိုး။

․․․․․

သွေးဆောင်မှုကိုတွန်းလှန်နိုင်ပုံ။

․․․․․

ဒီမှတ်တမ်းမှာ ဘယ်အချက်တွေက သင့်စိတ်ကို အရမ်းထိမိစေသလဲ၊ ဘာကြောင့်လဲ။

․․․․․