မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာစံနှုန်းများနှင့် ညီညွတ်သော ခရစ်ယာန်ဘာသာသည် မြင့်မားသော ကျင့်ဝတ်စံနှုန်းများကို သွန်သင်ပေး

ကျမ်းစာစံနှုန်းများနှင့် ညီညွတ်သော ခရစ်ယာန်ဘာသာသည် မြင့်မားသော ကျင့်ဝတ်စံနှုန်းများကို သွန်သင်ပေး

ကျမ်းစာစံနှုန်းများနှင့် ညီညွတ်သော ခရစ်ယာန်ဘာသာသည် ကျွန်ုပ်တို့၏ အတွေးအခေါ်ကို မြှင့်တင်ပေးပြီး ကျွန်ုပ်တို့၏ အမူအကျင့် တိုးတက်ကောင်းမွန်နိုင်ပုံကို သွန်သင်ပေးသည်။ ယင်းသည် မှန်ရာကို ကြိုးစားလုပ်ဆောင်ရာတွင် ကျွန်ုပ်တို့ကို ထောက်ကူပြီး တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ရန် ကူညီပေးသည်။ သို့ဆိုလျှင် ကျမ်းစာစံနှုန်းများနှင့် ညီညွတ်သော ခရစ်ယာန်ဘာသာသည် ထိုသို့ကူညီပေးကြောင်း ကျွန်ုပ်တို့ မည်သို့ သိရသနည်း။

ဂရိနိုင်ငံ၊ ကောရိန္သုမြို့တွင် နေထိုင်သော ပထမရာစုမှ ခရစ်ယာန်များထံ တမန်တော်ပေါလု ရေးသားခဲ့ရာကို သတိပြုပါ။ ရှေးအချိန်က ထိုမြို့သည် အကျင့်ယိုယွင်းမှုကြောင့် နာမည်ဆိုး ထွက်ခဲ့သည်။ ပေါလု ဤသို့သတိပေးသည်– ‘မတရားမေထုန်ပြုသူ၊ . . . အိမ်ထောင်ရေး ဖောက်ပြန်သူ၊ မိန်းမလျှာဖြစ်သူ၊ ယောက်ျားချင်း မေထုန်ပြုသူ၊ သူ့ဥစ္စာကို ခိုးသူ၊ လိုဘကြီးသူ၊ သောက်ကြူးသူ၊ ဆဲရေးကဲ့ရဲ့သူ၊ လုယက်သူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေခံရမည်မဟုတ်။’ ထို့နောက် ပေါလု ဤသို့ဆက်ပြောသည်– “သင်တို့ထဲမှ အချို့သည် ယခင်က ထိုသို့သောသူများ ဖြစ်ကြ၏။ သို့သော် ယခုတွင် သခင်ယေရှုခရစ်၏ နာမအားဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ စွမ်းအားတော်အားဖြင့်လည်းကောင်း သင်တို့သည် ဆေးကြောသန့်စင်ခြင်းခံရ၍ ဖြောင့်မတ်ရာသို့ ရောက်ကြပြီ။” (၁ ကောရိန္သု ၆:၉-၁၁) စဉ်းစားကြည့်ပါ။ ကျမ်းစာစံနှုန်းများနှင့် ညီညွတ်သော ခရစ်ယာန်ဘာသာသည် တစ်ချိန်က မည်သည့်ကျင့်ဝတ်စံနှုန်းကိုမျှ မလိုက်နာခဲ့သူအချို့ကို သန့်ရှင်းစင်ကြယ်သော၊ ဖြောင့်မတ်သော ကျေးကျွန်များ ဖြစ်လာစေရန် ကူညီပေးခဲ့ပြီ။

သို့သော် ကျမ်းစာက ဤသို့သတိပေးသည်– “လူတို့သည် မှန်သောတရားတော်ကို မခံယူဘဲ ယားယံသောနားရှိလျက် မိမိတို့ကြိုက်နှစ်သက်ရာများကို သင်ကြားပေးမည့် ဆရာများကို လိုက်လံရှာဖွေကြမည့် အချိန်ကာလ ရောက်လိမ့်မည်။”—၂ တိမောသေ ၄:၃ကက်သလစ်ကျမ်းစာတော်မြတ်။

သင်သိသော ဘာသာတရားများသည် ထိုကဏ္ဍနှင့်ပတ်သက်၍ မည်သို့ လုပ်ဆောင်နေသနည်း။ ၎င်းတို့သည် ကျမ်းစာ၏ မြင့်မားသော ကျင့်ဝတ်စံနှုန်းများကို လိုက်နာပါသလော။ သို့မဟုတ် “[လူတို့] ကြိုက်နှစ်သက်ရာများကို” သင်ကြားပေးခြင်းဖြင့် ကျမ်းစာပါ ရှင်းလင်းသော သွန်သင်ချက်များကို ရေရောနေပါသလော။

ဘာသာတရားတစ်ခုသည် အသီးကောင်းများ သီးနေမနေ သင် ပိုင်းဖြတ်နိုင်ဖို့ အောက်ပါမေးခွန်းများကို ဖြေဆိုရန် အချိန်ယူပါလေ။

အကြောင်းအရာ– အိမ်ထောင်မင်္ဂလာ။

သမ္မာကျမ်းစာ သွန်သင်ရာ– “ထိမ်းမြားမင်္ဂလာပြုခြင်းအမှုကို လူတိုင်း လေးစားကြရမည်။ လင်နှင့် မယားသည် တစ်ဦးကိုတစ်ဦး သစ္စာရှိရမည်။ ဘုရားသခင်သည် အကျင့်ပျက်သူများနှင့် သူတစ်ပါးအိမ်ရာ ပြစ်မှားသူများကို တရားစီရင်တော်မူလိမ့်မည်။”—ဟေဗြဲ ၁၃:၄ခမ။

မေးခွန်း– ဤဘာသာက မောင်နှံစုံများသည် တရားဝင်လက်ထပ်ထိမ်းမြားရမည်ဟု ၎င်း၏အသင်းသားများကို တောင်းဆိုပါသလော။

အကြောင်းအရာ– ကွာရှင်းခြင်း။

သမ္မာကျမ်းစာ သွန်သင်ရာ– ကွာရှင်းခြင်းအတွက် ခိုင်လုံသော အကြောင်းရင်း ရှိမရှိ အမေးခံရသောအခါ ယေရှု ဤသို့ဆိုသည်– “မိမိဇနီး၏ အကျင့်ဖောက်ပြားခြင်း အပြစ်မှတစ်ပါး အခြားမည်သည့်အကြောင်းကြောင့်မဆို မိမိဇနီးအား ကွာရှင်း၍ အခြားအမျိုးသမီးတစ်ယောက်နှင့် ပေါင်းသင်းနေထိုင်သူသည် အကျင့်ဖောက်ပြန်ခြင်း ဖြစ်သည်။”—မဿဲ ၁၉:၉ကက်သလစ်ကျမ်းစာတော်မြတ်။

မေးခွန်း– အကျင့်ပျက်ပြားမှုကြောင့်သာ ကွာရှင်းပြီး နောက်အိမ်ထောင်ပြုနိုင်သည်ဟူသော ယေရှု၏လမ်းညွှန်ချက်ကို ဤဘာသာက လေးစားလိုက်နာပါသလော။

အကြောင်းအရာ– လိင်အကျင့်ယိုယွင်းခြင်း။

သမ္မာကျမ်းစာသွန်သင်ရာ– “ကာမဂုဏ်လိုက်စားခြင်းကို ရှောင်လော့။ လူတစ်ဦးကျူးလွန်သည့် အခြားအပြစ်များသည် ကိုယ်ခန္ဓာ၏ပြင်ပတွင်သာ ဖြစ်၏။ သို့သော် ကာမဂုဏ်လိုက်စားသူသည် မိမိ၏ကိုယ်ခန္ဓာကို ထိခိုက်၍ အပြစ်ကျူးလွန်၏။”—၁ ကောရိန္သု ၆: ၁၈ကက်သလစ်ကျမ်းစာတော်မြတ်။

“မိန်းမတို့ပင်လျှင် ဓမ္မတာထုံးစံအစား ဆန့်ကျင်သော ထုံးစံကို ကျင့်ကြ၏။ ထိုနည်းတူစွာ ယောက်ျားတို့သည်လည်း မိန်းမများနှင့် ဓမ္မတာထုံးစံအတိုင်း ဆက်ဆံမှုကို မပြုဘဲ ယောက်ျား အချင်းချင်း ရာဂမီးတောက်လောင်လျက် ရှိကြ၏။ ယောက်ျားတို့သည် အချင်းချင်းအား ရှက်ကြောက်ဖွယ်သော အမှုတို့ကို ပြုကြသဖြင့် မိမိတို့ဆိုးညစ်သော အကျင့်အတွက် ထိုက်သင့်သည့် အပြစ်ဒဏ်ကို ခံရကြ၏။”—ရောမ ၁:၂၆၊ ၂၇ခမ။

မေးခွန်း– ဤဘာသာက အမျိုးသားနှင့် အမျိုးသမီးကြားတွင်ဖြစ်စေ၊ လိင်တူသော စုံတွဲကြားတွင်ဖြစ်စေ လိင်အကျင့်ယိုယွင်းခြင်းသည် အပြစ်ကျူးလွန်ခြင်းဖြစ်သည်ဟု သွန်သင်ပါသလော။

အကြောင်းအရာ– အသင်းသားတို့သည် ကျမ်းစာစံနှုန်းများကို သတ္တိရှိရှိ ထောက်ခံခြင်း။

သမ္မာကျမ်းစာ သွန်သင်ရာ– ‘ညီအစ်ကိုဟု ခေါ်ဝေါ်သောသူသည် မတရားသောမေထုန်၌ မှီဝဲခြင်း၊ လိုဘကြီးခြင်း၊ ရုပ်ပုံကို ကိုးကွယ်ခြင်း၊ ဆဲရေးကဲ့ရဲ့ခြင်း၊ သေရည်သေရက်နှင့် ယစ်မူးခြင်း၊ အနိုင်အထက် လုယူခြင်းမှစ၍ ထိုသို့သောအမှုကို ပြုသောသူနှင့် မပေါင်းဖော်ရသည်သာမက ထိုသူနှင့်အတူ စားသောက်ခြင်းအမှုကိုမျှ မပြုရ။’ (၁ ကောရိန္သု ၅:၁၁သမ္မာကျမ်း) ခရစ်ယာန်ပါဟု ဆိုလျက်နှင့် နောင်တမယူဘဲ အပြစ်ကျူးလွန်နေသူတို့ကို မည်သို့ပြုသင့်သနည်း။ “ဆိုးညစ်ယုတ်မာသောသူကို သင်တို့အထဲမှ မောင်းထုတ်ကြလော့” ဟု ကျမ်းစာက ဆိုသည်။—၁ ကောရိန္သု ၅:၁၃ကက်သလစ်ကျမ်းစာတော်မြတ်။

မေးခွန်း– ဤဘာသာက ကျမ်းစာစံနှုန်းများအား နောင်တမယူ ချိုးဖောက်သူမှန်သမျှကို အသင်းသားအဖြစ်မှ ဖယ်ရှားပါသလော။

မည်သည့်ဘာသာသည် ကျမ်းစာ၏ မြင့်မားသော ကျင့်ဝတ်စံနှုန်းများကို ထောက်ခံသည်ဟု နာမည်ကောင်း ရထားသနည်း