မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာစံနှုန်းများနှင့် ညီညွတ်သော ခရစ်ယာန်ဘာသာသည် သမ္မာကျမ်းစာကို လေးစားရန် သွန်သင်ပေး

ကျမ်းစာစံနှုန်းများနှင့် ညီညွတ်သော ခရစ်ယာန်ဘာသာသည် သမ္မာကျမ်းစာကို လေးစားရန် သွန်သင်ပေး

သမ္မာကျမ်းစာကို လေးစားရန် ယေရှု သွန်သင်ခဲ့သည်။ စာတန်၏ သွေးဆောင်မှု ခံရချိန်တွင် ကိုယ်တော် ပြန်ချေပပုံက ထိုအချက် မှန်ကန်ကြောင်း သက်သေထူသည်။ (မဿဲ ၄:၄-၁၁) ဥပမာ၊ ကျောက်ခဲအချို့ကို မုန့်ဖြစ်အောင်လုပ်ဖို့ စာတန် စိန်ခေါ်သောအခါ ယေရှု မည်သို့ တုံ့ပြန်သနည်း။ ယေရှုသည် ဘုရားသခင့် လမ်းညွှန်မှုဖြင့် ရေးထားသော မောရှေ၏စကားများကို ကိုးကားခြင်းဖြင့် ထိုသွေးဆောင်မှုကို ငြင်းပယ်ခဲ့သည်၊ ထိုစကားများကို တရားဟောရာ ၈:၃ တွင် သင်ဖတ်ရှုနိုင်သည်။ ထို့နောက် စာတန်သည် မိမိကို တစ်ကြိမ်သာ ပျပ်ဝပ်ကိုးကွယ်ရုံဖြင့် လောကတိုင်းနိုင်ငံ ရှိသမျှကို အုပ်စိုးခွင့်ပေးမည်ဟု ကမ်းလှမ်းသောအခါ ယေရှု မည်သို့ တုံ့ပြန်ခဲ့သနည်း။ ကိုယ်တော်သည် တရားဟောရာ ၆:၁၃ တွင် ဖော်ပြထားသော ကျမ်းစာမူကို ကိုးကားခြင်းဖြင့် ထိုကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့သည်။

စဉ်းစားကြည့်ပါ။ ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်သည့်တိုင် လူတို့ကို ဟောပြောသွန်သင်ရာတွင် မိမိ၏အခွင့်အာဏာအဖြစ် သမ္မာကျမ်းစာကို အားထားခဲ့သည်။ ထို့ပြင် ကိုယ်တော်သည် လူ့ထုံးတမ်းစဉ်လာကို ပို၍အရေးပေးရန် သမ္မာကျမ်းစာကို မည်သည့်အခါမျှ လျစ်လျူမရှုခဲ့ပါ။ (ယောဟန် ၇:၁၆-၁၈) သို့သော် ယေရှုခေတ်မှ ဘာသာရေးခေါင်းဆောင်များစွာသည် သမ္မာကျမ်းစာကို ကိုယ်တော် လေးစားသည့်နည်းတူ မလေးစားကြပါ။ အဘယ်ကြောင့်နည်း။ လူ့ထုံးတမ်းစဉ်လာသည် သမ္မာကျမ်းစာထက် ပို၍အရေးကြီးသည်ဟု သူတို့ရှုမြင်သောကြောင့် ဖြစ်၏။ ထိုဘာသာရေးခေါင်းဆောင်များကို ယေရှု ဤသို့ပွင့်ပွင့်လင်းလင်း မိန့်ဆိုသည်– ‘သင်တို့သည် မိမိတို့၏ ထုံးတမ်းစဉ်လာများကို လိုက်နာရန် ဘုရားသခင်၏ ပညတ်တော်ကို ပစ်ပယ်ကြ၏၊ အချင်းကြောင်သူတော်တို့၊ သင်တို့နှင့်ပတ်သက်၍ ဘုရားသခင်သည် ဟေရှာယအားဖြင့် “ဤလူမျိုးသည် ငါ့အား နှုတ်ဖြင့် ဂုဏ်ပြုချီးကျူးကြ၏။ သူတို့၏စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ သူတို့သည် လူ့ပညတ်များကို ဘုရားသခင်၏ ပညတ်သဖွယ် သင်ကြားပို့ချကြ၏။ သို့ဖြစ်၍ ငါ့အား သူတို့ဝတ်ပြုကိုးကွယ်ခြင်းသည် အချည်းနှီးဖြစ်၏” ဟုမိန့်ကြားခဲ့သည်။’—မဿဲ ၁၅:၆-၉ခမ။

ကမ္ဘာ့ဘာသာတရားများစွာတွင် ခရစ်ယာန်နှင့် ခရစ်ယာန်မဟုတ်သူများသည် ကျမ်းစာကို လေးစားပါသည်ဟု ဆိုကြသည်။ သို့သော် လူ့ထုံးတမ်းစဉ်လာများသည် ကျမ်းစာပါ ရှင်းလင်းသောသွန်သင်ချက်များနှင့် ဆန့်ကျင်လာချိန်တွင် လူ့ထုံးတမ်းစဉ်လာများကို ပစ်ပယ်သော ဘာသာမည်မျှကို သင်သိထားသနည်း။ နမူနာနှစ်ခုကိုသာ သုံးသပ်ကြည့်ပါ။

အကြောင်းအရာ– ဘာသာရေးဆိုင်ရာ ဘွဲ့ထူးဂုဏ်ထူးများ။

သမ္မာကျမ်းစာ သွန်သင်ရာ– ယေရှုခေတ်ရှိ ဘာသာရေးခေါင်းဆောင်များသည် ဘွဲ့ထူးဂုဏ်ထူးများကို မက်မောစိတ်၊ ထင်ပေါ်ကျော်ကြားလိုစိတ် ရှိသောကြောင့် သူတို့ကို ကိုယ်တော် ပြစ်တင်ရှုတ်ချခဲ့သည်။ ‘သူတို့သည် ဧည့်ခံပွဲများတွင် ဦးစားပေးခံရသော နေရာများကိုလည်းကောင်း၊ တရားဟောသည့် နေရာများ၌ အထွတ်အမြတ်ထားသော ထိုင်ခုံများကိုလည်းကောင်း၊ ဈေးလယ်၌ နှုတ်ဆက်ခံရခြင်းကိုလည်းကောင်း၊ “ဆရာသခင်” ဟု ခေါ်ဝေါ်ခံရခြင်းကိုလည်းကောင်း နှစ်သက်ကြ၏’ ဟု ကိုယ်တော် ပြောခဲ့သည်။ ထို့နောက် တပည့်များကို ဤသို့ဆက်ပြောသည်– “သင်တို့မူကား ‘ဆရာ’ ဟုခေါ်ဝေါ်ခြင်းကို မခံလိုကြနှင့်။ အကြောင်းမူကား သင်တို့၌ ဆရာတစ်ပါးတည်းသာ ရှိ၏။ သင်တို့အားလုံးသည် ညီအစ်ကိုချင်း ဖြစ်ကြ၏။ ဤကမ္ဘာပေါ်တွင် မည်သူ့ကိုမျှ သင်တို့၏ အဖဟု မခေါ်ကြနှင့်။ အကြောင်းမူကား ကောင်းကင်ဘုံ၌ ကျိန်းဝပ်တော်မူသော အဖခမည်းတော် တစ်ပါးတည်းသာလျှင် သင်တို့၏အဖ ဖြစ်၏။”—မဿဲ ၂၃:၁-၁၀ကက်သလစ်ကျမ်းစာတော်မြတ်။

မေးခွန်း– ဤဘာသာ၏ ခေါင်းဆောင်များသည် ဘွဲ့ထူးဂုဏ်ထူးများ တပ်၍ခေါ်ဝေါ်သည်ကို နှစ်သက်သလော၊ အသိုင်းအဝိုင်းတွင် ထင်ပေါ်ကျော်ကြားရန် ကြိုးစားသလော သို့မဟုတ် ယင်းတို့ကို ရှောင်ပါဟူသော ယေရှု၏ မိန့်မှာချက်ကို နာခံသလော။

အကြောင်းအရာ– ဝတ်ပြုရေးတွင် ရုပ်ပုံများ အသုံးပြုခြင်း။

သမ္မာကျမ်းစာ သွန်သင်ရာ– ‘အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်အရပ် မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက် ရေထဲ၌လည်းကောင်း ရှိသောအရာနှင့် ပုံသဏ္ဌာန်တူအောင် ရုပ်ပုံများကို ကိုယ်အဖို့ မလုပ်နှင့်။ ဦးမချ ဝတ်မပြုနှင့်။’​—⁠ထွက်မြောက်ရာ ၂၀:၄၊ ၅။ တမန်တော်ယောဟန်က ‘ရုပ်ပုံကို ကြဉ်ရှောင်ကြလော့’ ဟုခရစ်ယာန်များထံ ရေးခဲ့သည်။​—⁠၁ ယောဟန် ၅:၂၁

မေးခွန်း– ဘုရားသခင်ကို ဝတ်ပြုရာတွင် ရုပ်ပုံများ အသုံးပြုခြင်းကို ရှောင်ပါဟူသော ကျမ်းစာ၏ ရှင်းလင်းသော မိန့်မှာချက်ကို ဤဘာသာက လိုက်နာပါသလော။

လမ်းမှန်ကို သင်ရှာတွေ့နိုင်

ယနေ့၊ ရှုပ်ထွေးကွဲပြားနေသော ဘာသာတရား များစွာရှိသော်လည်း သင်သည် အသက်ရှင်ခြင်းသို့ ပို့ဆောင်သော လမ်းကို ရှာတွေ့နိုင်ပါသည်။ ‘ဘုရားသခင်၏ရှေ့တော်၌ သန့်ရှင်း၍ အညစ်အကြေးကင်းစင်သော ဘာသာတရား’ ကို ခွဲခြားသိမြင်စေသည့် အမှတ်လက္ခဏာ များစွာ ရှိပါသည်။ (ယာကုပ် ၁:၂၇) ဤဆောင်းပါးများတွင် ဆွေးနွေးထားသော ကျမ်းချက်များသည် ထိုလမ်းကို ညွှန်ပြနေသော ဆိုင်းဘုတ်များနှင့် တူသည်။

ဤဆောင်းပါးများမှ မေးခွန်းတို့ကို ယေဟောဝါသက်သေများ မည်သို့ဖြေဆိုကြောင်း သူတို့ကို မေးကြည့်ပါလေ။ သူတို့၏ ပြောဆိုချက်ကို ဆန်းစစ်သည့်အခါ ပထမရာစုရှိ ဗေရိမြို့သားများ၏ ပုံသက်သေကောင်းကို လိုက်လျှောက်ပါ။ တမန်တော်ပေါလု၏ ဟောပြောချက်ကို သူတို့ နားထောင်ပြီးနောက် “ပေါလု . . . ပြောကြားသည့်အတိုင်း မှန်မမှန်သိရှိနိုင်ရန် နေ့စဉ်နေ့တိုင်း ကျမ်းစာတော်ကို လေ့လာကြ၏။” (တမန်တော် ၁၇:၁၁ခမ) ဗေရိမြို့သားများနည်းတူ သင်လည်း သမ္မာကျမ်းစာကို လေးစားပြီး ယင်းကို ဇွဲထက်သန်စွာ လေ့လာလျှင် အသက်ရှင်ခြင်းသို့ ပို့ဆောင်သောလမ်းကို တွေ့ရှိပါလိမ့်မည်။ ထို့နောက် ထိုလမ်းတွင် သင်လျှောက်လှမ်းမည် မလှမ်းမည်မှာ သင်ရွေးချယ်ရမည့်ကိစ္စ ဖြစ်သည်။

 

[စာမျက်နှာ ၉ ပါ အကျဉ်းဖော်ပြချက်]