မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်မှတ်မိသလော

သင်မှတ်မိသလော

သင်မှတ်မိသလော

မကြာသေးမီကထုတ်ဝေခဲ့သော ကင်းမျှော်စင်စာစောင်များကို ဖတ်ရှုရ၍ တန်ဖိုးထားလေးမြတ်ခဲ့ပါသလော။ သို့ဖြစ်လျှင် အောက်ပါမေးခွန်းများကို သင်ဖြေဆိုနိုင်၊ မဖြေဆိုနိုင် စမ်းကြည့်ပါ–

• မမွေးဖွားမီသေဆုံးသွားသော ကလေးတစ်ဦးသည် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ရှိပါသလော။

အသက်သည် ပဋိသန္ဓေတည်ချိန်တွင် စတင်သည်။ “ဘုရားသခင်သည် အရာခပ်သိမ်းကို တတ်နိုင်တော်မူ” သောကြောင့် အသက်သည် မည်သည့်အဆင့်၌ပင်ရှိနေပါစေ ယေဟောဝါသည် တစ်ဦးစီကို ရှင်ပြန်ထမြောက်နိုင်သည်။ (မာ. ၁၀:၂၇) သို့သော် ဗိုက်ထဲတွင်သေဆုံးသွားသော မမွေးသေးသည့်ကလေးများကို ကိုယ်တော်ထမြောက်စေမည်နှင့်ပတ်သက်၍ သမ္မာကျမ်းစာ၌ တိုက်ရိုက်အဖြေမပေးထားပါ။—၄/၁၅၊ စာမျက်နှာ ၁၂၊ ၁၃။

• ကျွန်ုပ်တို့သည် ပုရွက်ဆိတ်၊ ခွေးတူဝက်တူ၊ ကျိုင်းကောင်နှင့် တောက်တဲ့တို့ကို သတိပြုမှတ်သားကြည့်ခြင်းမှ အဘယ်အကျိုးကျေးဇူး ရရှိနိုင်သနည်း။

ယင်းသတ္တဝါလေးမျိုးသည် ပင်ကိုအသိဉာဏ်ကို ဖော်ပြကြသည်။ ထို့ကြောင့် ယင်းတို့သည် ဘုရားသခင်၏ဉာဏ်ပညာကို ချီးမွမ်းဂုဏ်တင်စေသည်။ (သု. ၃၀:၂၄-၂၈)—၄/၁၅၊ စာမျက်နှာ ၁၆-၁၉။

• ယေဟောဝါသက်သေတို့အဖို့ ၂၀၀၉ ခုနှစ်သည် အဘယ်အရာအတွက် နှစ်တစ်ရာပြည့်နှစ်ဖြစ်သနည်း။

၁၉၀၉ ခုနှစ်တွင် ယေဟောဝါသက်သေတို့၏ တရားဝင်ဖြန့်ချိသည့်အဖွဲ့အစည်းဖြစ်သော ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်း၏ ဌာနချုပ်ကို ပဲင်စီလ်ဘေးနီးယားပြည်နယ် ပစ္စဘတ်မြို့မှ နယူးယောက်ပြည်နယ် ဘရွတ်ကလင်သို့ပြောင်းရွှေ့ခဲ့ရာ ယင်းကို ဆက်အသုံးပြုနေပါသည်။—၅/၁၊ စာမျက်နှာ ၂၂-၂၄။

• သမ္မာကျမ်းစာက တိတ်ဆိတ်စွာနေခြင်းကို နှစ်သက်ဖွယ်ရာအဖြစ် အဘယ်ကြောင့်ဖော်ပြသနည်း။

တိတ်ဆိတ်စွာနေခြင်းသည် ရိုသေလေးစားသည့်အမှတ်လက္ခဏာတစ်ခု၊ တွေးတောဆင်ခြင်ရန်အထောက်အကူတစ်ရပ်၊ ပညာသတိရှိပြီး ပိုင်းခြားသိမြင်မှုရှိသည့်အထောက်အထားဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။ (ဆာ. ၃၇:၇; ၆၃:၆; သု. ၁၁:၁၂)—၅/၁၅၊ စာမျက်နှာ ၃-၅။

• ဂျွန် ဝီကလစ်၊ ဝီလျံ တင်ဒေးလ်၊ ရောဘတ် မော်ရစ်စန်နှင့် အဒိုနိုင်ရမ် ဂျပ်စင်တို့၏တူညီချက်ကား အဘယ်နည်း။

သူတို့အားလုံးသည် ဘုရားသခင်၏တရားစကားတော်ကို ချစ်မြတ်နိုးခဲ့ကြပြီး ယင်းကို သာမန်လူတန်းစားများဖတ်နိုင်သည့်ဘာသာစကားဖြင့် ဘာသာပြန်ခဲ့ကြသည်။ ဝီကလစ်နှင့် တင်ဒေးလ်သည် အင်္ဂလိပ်ဘာသာစကားသို့၊ မော်ရစ်စန်သည် တရုတ်ဘာသာစကားသို့နှင့် ဂျပ်စင်သည် မြန်မာဘာသာစကားသို့ပြန်ဆိုခဲ့ကြသည်။—၆/၁၊ စာမျက်နှာ ၈-၁၁။

• ယေဟောဝါ၏အိမ်တော်အတွက် ထူးခြားသောစိတ်ထက်သန်မှု တင်ပြခဲ့ကြသော ယုဒဘုရင် မည်မျှရှိသနည်း။

တောင်ပိုင်းယုဒနိုင်ငံကို အုပ်ချုပ်ခဲ့သောဘုရင် တစ်ဆယ့်ကိုးပါးအနက် လေးပါးတို့သည် ထိုသို့သောစိတ်ထက်သန်မှုကို တင်ပြခဲ့ကြသည်၊ သူတို့မှာ အာသ၊ ယောရှဖတ်၊ ဟေဇကိနှင့် ယောရှိတို့ဖြစ်ကြသည်။—၆/၁၅၊ စာမျက်နှာ ၇-၁၁။

• ကမ္ဘာပေါ်ရှိဘိသိက်ပေးခံရသောခရစ်ယာန်အားလုံးသည် ဝိညာဉ်ရေးအစာပြင်ဆင်ခြင်းတွင် ပါဝင်ကြပါသလော။

မပါဝင်ကြပါ။ ဘုရားသခင့်စွမ်းအားတော်ဖြင့် ဘိသိက်ပေးခံရသူအားလုံးသည် တည်ကြည်ပြီးသတိပညာရှိကျွန်အတန်းအစားတွင် ပါဝင်ကြသော်လည်း အုပ်ချုပ်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းထားသူတို့သာ ဝိညာဉ်ရေးအစာကျွေးမွေးခြင်းကို ဦးစီးကြီးကြပ်ကြသည်။—၆/၁၅၊ စာမျက်နှာ ၂၂-၂၄။

• ယေရှု၏အတွင်းအင်္ကျီကို ရောမစစ်သားများ အဘယ်ကြောင့်အလွန်လိုချင်ကြသနည်း။

ယေရှုကိုကွပ်မျက်ရာနေရာတွင်ရှိ စစ်သားတို့သည် ကိုယ်တော်၏ဝတ်လုံတော်ကို အပိုင်းပိုင်းမခွဲဝေယူခဲ့ကြပါ။ များသောအားဖြင့် ထိုသို့သောအတွင်းအင်္ကျီတစ်ထည်ကို ပိတ်နှစ်စကိုတွဲ၍ ချုပ်လေ့ရှိသော်လည်း ယေရှု၏ဝတ်လုံသည် ပို၍တန်ဖိုးရှိအောင်ပြုလုပ်ထားသည့် ချုပ်ရိုးမဲ့ဝတ်လုံဖြစ်သည်။—၇/၁၊ စာမျက်နှာ ၂၂။

• လူတို့နှင့်ယေရှု၏ဆက်ဆံပုံသည် ဂျူးဘာသာရေးခေါင်းဆောင်တို့၏ဆက်ဆံပုံနှင့် ကွဲပြားခြားနားရသည့် အဓိကအချက်မှာ မေတ္တာဖြစ်သည်ဟု အဘယ်ကြောင့်ပြောနိုင်သနည်း။

ဂျူးဘာသာရေးခေါင်းဆောင်တို့သည် သာမန်လူတို့ကိုချစ်မည့်အစား အထင်သေးကြသည်။ ထို့ပြင် သူတို့သည် ဘုရားသခင်ကို မချစ်ကြပါ။ ယေရှုသည် ခမည်းတော်ကိုချစ်မြတ်နိုးပြီး လူများကိုသနားတော်မူ၏။ (မ. ၉:၃၆) ကိုယ်တော်သည် သူတို့အပေါ် နွေးထွေးပြီး ထောက်ထားစာနာမှု၊ ကြင်နာမှုရှိသည်။—၇/၁၅၊ စာမျက်နှာ ၁၅။

• အိမ်ထောင်တွင် ငွေကြေးစီမံသုံးစွဲခြင်းသည် အဘယ်ကြောင့် စိန်ခေါ်ချက်တစ်ရပ်ဖြစ်နိုင်သနည်း၊ ယင်းကိုအောင်မြင်ရန် မောင်နှံစုံကို အဘယ်အရာက အထောက်အကူပြုမည်နည်း။

ငွေကြေးနှင့်ပတ်သက်၍ အငြင်းအခုံဖြစ်ရသည်မှာ ယုံကြည်မှု၊ စိုးရိမ်မှုတို့ကြောင့်နှင့် ဇနီးမောင်နှံတို့သည် ဘဝနောက်ခံချင်း မတူသောကြောင့်ဖြစ်လေ့ရှိသည်။ အောင်မြင်ရန်သော့ချက်လေးချက်မှာ– ငွေကြေးကိစ္စကို အေးဆေးတည်ငြိမ်စွာ ပြောဆိုတတ်ရန်သင်ယူပါ၊ ဝင်ငွေကို မည်သို့သဘောထားမည်နှင့်ပတ်သက်၍ နှစ်ဦးသဘောတူဆုံးဖြတ်ပါ၊ မိသားစုဝင်ငွေထွက်ငွေစာရင်းကို စာရွက်ပေါ်ချရေးထားပါ၊ မည်သူက အဘယ်အရာလုပ်မည်ကို ဆုံးဖြတ်ပါ။—၈/၁၊ စာမျက်နှာ ၁၀-၁၂။