မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ချိန်းချက်သောအချိန်” နီးပြီ

“ချိန်းချက်သောအချိန်” နီးပြီ

“ချိန်းချက်သောအချိန်” နီးပြီ

ပရောဖက်ဟဗက္ကုတ်ကဲ့သို့ပင် ယေရှု၏တပည့်များသည် ဆင်းရဲခက်ခဲမှုများ၏အဆုံးကို အလွန်တွေ့မြင်လိုခဲ့ကြသည်။ မြေကြီးပေါ်ရှိ ဆင်းရဲခက်ခဲမှုများကို ဘုရားသခင့်နိုင်ငံတော်က ဖယ်ရှားပေးမည်ဖြစ်ကြောင်း သူတို့သိလာသောအခါ ယေရှုကို ဤသို့မေးလျှောက်ကြသည်– “ထိုအမှုအရာတို့သည် မည်သည့်အချိန်တွင် ဖြစ်ပျက်မည်နည်း။ [နိုင်ငံတော်တန်ခိုးဖြင့်] ကိုယ်တော်ရောက်ရှိနေခြင်းနှင့် ဤလောကစနစ်နိဂုံးပိုင်း၏နိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကို အမိန့်ရှိတော်မူပါ။” (မဿဲ ၂၄:၃) မြေကြီးကို ဘုရားသခင့်နိုင်ငံတော် အပြည့်အဝထိန်းချုပ်မည့် အချိန်အတိအကျကို ယေဟောဝါဘုရားသခင်တစ်ပါးတည်းသာ သိရှိကြောင်း ယေရှုဖြေဆိုတော်မူသည်။ (မဿဲ ၂၄:၃၆; မာကု ၁၃:၃၂) သို့သော် ထိုအချိန်နီးကပ်လာကြောင်း ဖော်ပြမည့် ကမ္ဘာ့ဖြစ်ရပ်များကို ယေရှုနှင့် အခြားသူတို့ ကြိုဟောခဲ့ကြသည်။— ညာဘက်မှ လေးထောင့်ကွက်ကို ကြည့်ပါ။

ယနေ့ ထိုဖြစ်ရပ်များကို နေရာတကာတွင် တွေ့မြင်နေရကြောင်း သင်သဘောတူမည်မဟုတ်လော။ ထို့ပြင် ယေရှုသည် ကမ္ဘာတစ်ဝန်းတွင် ပြီးမြောက်အောင် ဆောင်ရွက်မည့် ပညာပေးလုပ်ငန်းအကြောင်းကိုလည်း ဤသို့ကြိုဟောခဲ့သည်– “လူမျိုးအပေါင်းတို့အတွက် သက်သေဖြစ်စေရန် နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာ မြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ရောက်လိမ့်မည်။”—မဿဲ ၂၄:၁၄

ထိုကြိုဟောချက်သည် ယနေ့ခေတ်တွင် အတိအကျ ဖြစ်ပျက်လျက်ရှိသည်။ ယင်းလုပ်ငန်းကို ယေဟောဝါသက်သေများ လုပ်ဆောင်နေကြသည်။ နိုင်ငံပေါင်း ၂၃၆ နိုင်ငံခန့်တွင် ခုနစ်သန်းကျော်သော သက်သေခံများသည် ဘုရားသခင့်နိုင်ငံတော်က လုပ်ဆောင်ပေးမည့်အရာများကို လူတို့အား ပြောပြနေကြသည်။ ဆင်းရဲခက်ခဲမှုများနှင့် နာကျင်မှုများကို အဆုံးတိုင်စေလိုသော ဘုရားသခင်၏ ဖြောင့်မတ်သည့်တောင်းဆိုချက်များနှင့်အညီ နေထိုင်ရန် လူတို့ကို သက်သေခံများ ကူညီပေးနေကြသည်။ ဘုရားသခင့်နိုင်ငံတော်အကြောင်းကို ဆက်လေ့လာပါ၊ သို့ဆိုလျှင် သင်သည် ဆင်းရဲခက်ခဲမှုများမရှိသော ကမ္ဘာသစ်တွင် ထာဝစဉ်အသက်ရှင်ရန် မျှော်လင့်ချက်ရရှိပါလိမ့်မည်။

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]

 နောက်ဆုံးသောနေ့ရက်များဖြစ်ကြောင်း ဖော်ပြသည့် ကျမ်းချက်များ

မဿဲ ၂၄:၆၊ ၇; ဗျာ. ၆:၄

• မကြုံဖူးသော စစ်မှုများ

မဿဲ ၂၄:၇; မာကု ၁၃:၈

• ပြင်းထန်သော ငလျင်များ

• အစာခေါင်းပါးမှုများ

လုကာ ၂၁:၁၁; ဗျာ. ၆:၈

• ကပ်ရောဂါများ

မဿဲ ၂၄:၁၂

• မတရားမှုတိုးများလာခြင်း

• မေတ္တာခေါင်းပါးခြင်း

ဗျာ. ၁၁:၁၈

• မြေကြီးကို ဖျက်ဆီးခြင်း

၂ တိမောသေ ၃:၂

• ငွေကို တပ်မက်လွန်းခြင်း

• မိဘစကား နားမထောင်ခြင်း

• တစ်ကိုယ်ကောင်းဆန်လွန်းခြင်း

၂ တိမောသေ ၃:၃

• မိသားစုချစ်ခင်စုံမက်မှု မရှိခြင်း

• ဖီလာဆန့်ကျင်တတ်သူများ

• လူတန်းစားအားလုံးတွင် ချုပ်တည်းမှုမရှိခြင်း

• ကောင်းမြတ်ခြင်းကို မနှစ်သက်သူ များပြားလာခြင်း

၂ တိမောသေ ၃:၄

• ဘုရားသခင်ထက် အပျော်အပါးကို သာ၍နှစ်သက်ခြင်း

၂ တိမောသေ ၃:၅

• အရေခြုံခရစ်ယာန် များလာခြင်း

မဿဲ ၂၄:၅၊ ၁၁; မာကု ၁၃:၆

• ပရောဖက်အတုအယောင် များစွာပေါ်လာခြင်း

မဿဲ ၂၄:၉; လုကာ ၂၁:၁၂

• ခရစ်ယာန်စစ်များကို နှိပ်စက်ညှဉ်းပန်းခြင်း

မဿဲ ၂၄:၃၉

• ကျမ်းစာသတိပေးချက်များကို ဂရုမစိုက်သူများ

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ကမ္ဘာတစ်ဝန်းတွင် ယေဟောဝါသက်သေများသည် အခြားသူများကို ဘုရားသခင့်နိုင်ငံတော်အကြောင်း သွန်သင်ပေးနေကြ