မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သိပါသလော

သင်သိပါသလော

သင်သိပါသလော

တမန်တော်ပေါလုသည် ရောမမြို့သို့သွားသည့် ပထမခရီးစဉ်တွင် မည်သည့်လမ်းဖြင့် သွားခဲ့သနည်း။

အီတလီပြည်သို့သွားရာ သင်္ဘောနှင့် လိုက်ပါလာသော ပေါလုသည် နေပယ်လ်ပင်လယ်ကွေ့ ရှိ ပေါတယောလိ (မျက်မှောက်ခေတ်အခေါ် ပေါ့ဇွာလီ) မြို့သို့ ရောက်ရှိလာသည်ဟု တမန်တော် ၂၈:၁၃-၁၆ တွင်ဖော်ပြ၏။ ထို့နောက် သူသည် ရောမမြို့သို့ မြို့၏အဓိကအဝေးပြေးလမ်းမဖြစ်သော ဗိုင်ယာအက်ပီးယားအတိုင်း ခရီးထွက်ခဲ့သည်။

ရောမအထင်ကရနိုင်ငံရေးသမား အက်ပီးယပ်စ် ကလောဒီယပ်စ် စီကပ်စ်ကို အစွဲပြု၍ ယင်းလမ်းမကို ဗိုင်ယာအက်ပီးယားဟု ခေါ်ခဲ့ခြင်းဖြစ်သည်။ သူသည် ဘီစီ ၃၁၂ တွင် ထိုအဝေးပြေးလမ်းမကို စတင်ဖောက်လုပ်ခဲ့သည်။ အဆိုပါလမ်းမသည် ၁၈ ပေမှ ပေ ၂၀ ခန့် ကျယ်ပြီး မီးတောင်ကျောက်တုံးကြီးများဖြင့် လမ်းခင်းထားသည်။ နောက်ဆုံး၌ ထိုလမ်းမကို ရောမမှ အရှေ့တောင်ဘက်သို့ ၃၆၂ မိုင်အထိ ဖောက်လုပ်ခဲ့သည်။ ၎င်းသည် အရှေ့တိုင်းသို့ထွက်သော တံခါးပေါက်ဖြစ်သည့် ဘရမ်ဒီစီယမ် (မျက်မှောက်ခေတ် ဘရင်ဒီစီ) ဆိပ်ကမ်းနှင့် ရောမမြို့ကို ဆက်သွယ်ပေးသည်။ ခြေကျင်ခရီးသည်များသည် ၁၅ မိုင် သို့မဟုတ် ထိုမျှလောက်စီ ကွာဝေးသော ခရီးတစ်ထောက်နားခိုသည့်နေရာများတွင် ရပ်နားကြသည်။ ထိုနေရာများတွင် ရိက္ခာများဝယ်၍ ညအိပ်ကြသည်။ မြင်းများ သို့မဟုတ် ယာဉ်များကို လဲလှယ်ကြသည်။

ပေါလုသည် လမ်းလျှောက်ခဲ့ခြင်း ဖြစ်နိုင်ဖွယ်ရှိသည်။ သူသည် ဗိုင်ယာအက်ပီးယားလမ်းမအတိုင်း ၁၃၂ မိုင်ခရီးဆန့် ခဲ့သည်။ ပန်တင်မာချက်စ်ပြည်နယ်ကို ဖြတ်သော ဤလမ်းတစ်ကြောသည် ရွှံ့နွံထူထပ်သောလမ်းဖြစ်၏။ ထို့ကြောင့်လည်း ရောမစာရေးဆရာတစ်ဦးက ယင်းနယ်မြေရှိ ခြင်များနှင့် အနံ့ဆိုးများအကြောင်း ဖော်ပြခဲ့သည်။ အဆိုပါရွှံ့တောများ၏မြောက်ဘက်၊ ရောမမြို့မှ မိုင် ၄၀ ခန့်အကွာတွင် အပ္ပိဈေးရှိပြီး ထိုမြို့မှ မိုင် ၃၀ ခန့်အကွာတွင် ခရီးတစ်ထောက်နားခိုရာ သုံးဇရပ်ရှိသည်။ ရောမမြို့မှ ခရစ်ယာန်များသည် ယင်းနားခိုရာနှစ်နေရာတွင် ပေါလုကို စောင့်ကြိုနေကြသည်။ “ပေါလုသည် ထိုသူတို့ကိုမြင်လျှင် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်း၍ အားတက်လာ၏။”—တမန်တော် ၂၈:၁၅

လုကာ ၁:၆၃ တွင်ဖော်ပြထားသော သင်ပုန်းသည် မည်သည့်အမျိုးအစားဖြစ်သနည်း။

မွေးခါစသားလေးကို အဘယ်အမည်ပေးရမည်နည်းဟု မိတ်ဆွေများက ဇာခရိကို မေးမြန်းကြကြောင်း လုကာခရစ်ဝင်ကျမ်းတွင် မှတ်တမ်းတင်ထားသည်။ ဇာခရိက “သင်ပုန်းကိုတောင်း၍ ‘သူ၏အမည်ကား ယောဟန်ဖြစ်၏’ ဟုရေး” ပြသည်။ (လုကာ ၁:၆၃) ဤတွင် “သင်ပုန်း” ဟုပြန်ဆိုထားသော ထိုဂရိအသုံးအနှုန်းသည် “စာရေးစရာ သင်ပုန်းငယ်တစ်ခုဖြစ်ပြီး အများအားဖြင့် သစ်သားဖြင့်ပြုလုပ်ထားကာ မျက်နှာပြင်ချောမွေ့ စေရန် ဖယောင်းသုတ်ထားသည်” ဟုစာပေတစ်ခုတွင် ဖော်ပြထား၏။ သစ်သားပြား၏မျက်နှာပြင်ကို အနည်းငယ်ခွက်နေအောင် ထွင်းထားပြီး ယင်းအပေါ်တွင် ပျားဖယောင်းသုတ်ထားခြင်းဖြစ်သည်၊ ထိုသစ်သားပြားများကို တစ်ချပ်ချင်းစီ ထပ်၍တွဲထားသည်။ ထိုသစ်သားပြားပေါ်တွင် ကညစ်ဖြင့် စာရေးနိုင်သည်။ ရေးသားထားသော စာများကို ဖျက်ပစ်ပြီး ပြန်ရေးနိုင်သည်။

စာအုပ်တစ်အုပ် (Reading and Writing in the Time of Jesus) တွင် ဤသို့ဖော်ပြထားသည်– “သင်ပုန်းများကို ကျယ်ပြန့် စွာ အသုံးပြုခဲ့ကြောင်း ပွန်ပေမြို့မှပန်းချီကားများ၊ ရောမအင်ပါယာရှိ ဒေသအသီးသီးမှ ပန်းပုရုပ်များ၊ အီဂျစ်ပြည်မှ ဟေဒရီရင်တံတိုင်း [ဗြိတိန်နိုင်ငံမြောက်ပိုင်း] အထိ တူးဖော်သည့်နေရာများစွာတွင် တွေ့ ရှိခဲ့သောသင်ပုန်းများက ဖော်ပြသည်။” လူတန်းစားအသီးသီးဖြစ်သော ကုန်သည်များ၊ အစိုးရအရာရှိများနှင့် ပထမရာစုခရစ်ယာန်တချို့ပင် အဆိုပါသင်ပုန်းများကို အသုံးပြုခဲ့ကြပေမည်။

[စာမျက်နှာ ၁၁ ပါရုပ်ပုံ]

ဗိုင်ယာအက်ပီးယား

[စာမျက်နှာ ၁၁ ပါရုပ်ပုံ]

အေဒီ ၂ ရာစုမှ ကျောင်းသားကလေး၏ ဖယောင်းသင်ပုန်း

[Credit Line]

By permission of the British Library