မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သတ္တမနေ့ကို စောင့်ထိန်းသင့်ပါသလော

သတ္တမနေ့ကို စောင့်ထိန်းသင့်ပါသလော

သတ္တမနေ့ကို စောင့်ထိန်းသင့်ပါသလော

၁၉၈၀ ပြည့်လွန်နှစ်များတွင် မက်သဒစ်အသင်းသား အုပ်စုငယ်လေးများကြောင့် ဖီဂျီနိုင်ငံ၏မြို့တော် ဆူဗာတွင် လမ်းများပိတ်ဆို့သွားသည်။ ချာ့ခ်ျတက်အဝတ်အစားများ ဝတ်ဆင်ထားသော အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များသည် လမ်းဆုံလမ်းခွများတွင် ပိတ်ဆို့ခဲ့ကြသည်။ ယာဉ်သွားယာဉ်လာများသော လမ်းအားလုံးနှင့် ပြည်တွင်းပြည်ပ လေကြောင်းလိုင်းများကို သူတို့ ပိတ်ဆို့လိုက်ကြ၏။ အဘယ်ကြောင့် သူတို့ ထိုသို့လုပ်ဆောင်ခဲ့သနည်း။ သတ္တမနေ့ကို မဖြစ်မနေစောင့်ထိန်းခိုင်းဖို့ အစိုးရကို သူတို့ တောင်းဆိုနေခြင်းဖြစ်သည်။

အစ္စရေးနိုင်ငံတွင် ၂၀၀၁ ခုနှစ်မှစ၍ ဆောက်လုပ်သမျှ အထပ်မြင့်အဆောက်အအုံအသစ်များ၌ အထပ်တစ်ထပ်ရောက်တိုင်း အလိုအလျောက် ရပ်သွားသော ဓာတ်လှေကား အနည်းဆုံးတစ်ခုရှိရသည်။ အဘယ်ရည်ရွယ်ချက်အတွက်နည်း။ သောကြာနေ့ညနေမှ စနေနေ့ညနေအထိ သတ္တမနေ့ကိုစောင့်ထိန်းသော ဘာသာတရားကိုင်းရှိုင်းသူ ဂျူးများ ဓာတ်လှေကားခလုတ်ကို နှိပ်စရာမလိုစေရန်ဖြစ်သည်။

တောင်ပစိဖိတ်နိုင်ငံတစ်နိုင်ငံဖြစ်သော တွန်ဂါနိုင်ငံတွင် တနင်္ဂနွေနေ့၌ မည်သည့်အလုပ်မျှ လုပ်ခွင့်မရချေ။ မည်သည့်လေယာဉ်မျှ ဆင်းသက်ခွင့်မရသည့်အပြင် မည်သည့်သင်္ဘောမျှ ကမ်းကပ်ခွင့်မရပေ။ ထိုနေ့တွင် လက်မှတ်ရေးထိုးသော မည်သည့်စာချုပ်မျှ တရားမဝင်ချေ။ လူတစ်ဦး၏ ဘာသာရေးယုံကြည်ချက် မည်သို့ပင်ရှိနေပါစေ တနင်္ဂနွေနေ့ကို “သန့်ရှင်းရာနေ့အဖြစ် စောင့်ထိန်း” ဖို့ တွန်ဂါနိုင်ငံ၏ အခြေခံဥပဒေက တောင်းဆိုထားသည်။ အဘယ်ကြောင့်နည်း။ သတ္တမနေ့ကို တစ်နိုင်ငံလုံး စောင့်ထိန်းစေရန်ဖြစ်သည်။

အထက်ပါနမူနာများက ဖော်ပြသည့်အတိုင်း သတ္တမနေ့ကို စောင့်ထိန်းရန် ဘုရားသခင်တောင်းဆိုကြောင်း လူများစွာ ယူမှတ်ကြသည်။ အချို့က သတ္တမနေ့စောင့်ထိန်းခြင်းသည် အလွန်အရေးကြီးပြီး မိမိတို့၏ထာ၀ရကယ်တင်ခြင်းနှင့် ပတ်သက်နေသည်ဟု ယုံကြည်ကြ၏။ အချို့ကမူ အရေးတကာ့အရေးကြီးဆုံး ဘုရားသခင့်ပညတ်မှာ သတ္တမနေ့စောင့်ထိန်းခြင်းဖြစ်သည်ဟု ယူမှတ်ကြသည်။ သတ္တမနေ့စောင့်ထိန်းခြင်းဟူသည် အဘယ်နည်း။ သတ္တမနေ့ကို အပတ်တိုင်းစောင့်ထိန်းရန် ခရစ်ယာန်များကို သမ္မာကျမ်းစာက တိုက်တွန်းထားပါသလော။

သတ္တမနေ့စောင့်ထိန်းခြင်းဟူသည် အဘယ်နည်း

“သတ္တမနေ့စောင့်ထိန်းခြင်း” (Sabbath) ဟူ၍အဓိပ္ပာယ်ရှိသော အင်္ဂလိပ်စကားလုံးသည် “အနားယူသည်၊ ရပ်စဲသည်၊ ရှောင်သည်” ဟူ၍အဓိပ္ပာယ်ရှိသော ဟေဗြဲစကားလုံးမှ ဆင်းသက်လာသည်။ ယေဟောဝါဘုရားသခင်သည် ခုနစ်ရက်မြောက်နေ့တွင် ဖန်ဆင်းခြင်းအလုပ်မှ အနားယူခဲ့ကြောင်း ကမ္ဘာဦးကျမ်းမှတ်တမ်းတွင် ဖော်ပြထားသည်။ သို့သော် မောရှေခေတ်ရောက်မှသာ ၂၄ နာရီတစ်ရက်လုံး အနားယူရန်၊ တစ်နည်းအားဖြင့် သတ္တမနေ့ကိုစောင့်ထိန်းရန် ဘုရားသခင့်လူမျိုးတော်ကို ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ (ကမ္ဘာဦး ၂:၂) ဘီစီ ၁၅၁၃ ၌ အစ္စရေးလူတို့ အီဂျစ်ပြည်မှ ထွက်လာကြပြီးနောက် ယေဟောဝါဘုရားသခင်သည် သူတို့ကို တောကန္တာရတွင် အံ့ဖွယ်နည်းဖြင့် မန္နမုန့်ကျွေးခဲ့သည်။ မန္နမုန့်ကောက်သိမ်းသောအခါ ‘ခြောက်ရက် သိမ်းယူရကြမည်။ သတ္တမနေ့တည်းဟူသော ခုနစ်ရက်မြောက်သောနေ့တွင် ရှိမည်မဟုတ်’ ဟုသူတို့ကို ညွှန်ကြားခဲ့သည်။ (ထွက်မြောက်ရာ ၁၆:၂၆သမ္မာ) ထို့နောက် သောကြာနေ့ညနေ နေဝင်ချိန်မှစ၍ စနေနေ့ညနေ နေဝင်ချိန်အထိ၊ “လူများတို့သည် ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာနေကြ” ရမည်ဟု မိန့်မှာခံရသည်။—ထွက်မြောက်ရာ ၁၆:၃၀

ထိုညွှန်ကြားချက်များကို ပေးပြီးနောက် များမကြာမီတွင် ယေဟောဝါဘုရားသခင်သည် သတ္တမနေ့စောင့်ထိန်းခြင်းနှင့်ဆိုင်သော ပညတ်ကို ပေးခဲ့သည်။ ယင်းသည် မောရှေကိုပေးခဲ့သော ပညတ်တော်ဆယ်ပါးတွင် တစ်ပါးအဝင်ဖြစ်သည်။ (ထွက်မြောက်ရာ ၁၉:၁) ပညတ်တော်ဆယ်ပါးတွင် စတုတ္ထမြောက်ပညတ်ကို ဤသို့ဖော်ပြထား၏– ‘သတ္တမနေ့ကို စောင့်ထိန်းလော့။ ထိုနေ့ကို နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်လော့။ သင်သည် ခြောက်ရက်ပတ်လုံး အလုပ်ကို လုပ်လော့။ သတ္တမနေ့သည် ထာ၀ရဘုရားသခင်အတွက် သီးသန့်ထားသော နားရက်ဖြစ်၏။’ (ထွက်မြောက်ရာ ၂၀:၈-၁၀ခမ) ဤသို့ဖြင့် သတ္တမနေ့စောင့်ထိန်းခြင်းသည် အစ္စရေးလူမျိုး၏ဘ၀တွင် မရှိမဖြစ် အရေးပါသောအရာ ဖြစ်လာခဲ့သည်။—တရားဟောရာ ၅:၁၂

သတ္တမနေ့ကို ယေရှု စောင့်ထိန်းခဲ့သလော

ယေရှုသည် သတ္တမနေ့ကို အမှန်ပင် စောင့်ထိန်းခဲ့၏။ သမ္မာကျမ်းစာတွင် ကိုယ်တော့်အကြောင်းကို ဤသို့ဖော်ပြထားသည်– “အချိန်စေ့သောအခါ ဘုရားသခင်သည် သားတော်ကို စေလွှတ်တော်မူ၏။ ထိုသားတော်သည် အမျိုးသမီးတစ်ဦးမှ မွေးဖွား၍ ပညတ်တရားအောက်၌ ရှိလေ၏။” (ဂလာတိ ၄:၄) ယေရှုသည် အစ္စရေးလူမျိုးတစ်ဦးအဖြစ် မွေးဖွားလာရာ ပညတ်တရားအောက်၌ ရှိခဲ့သည်။ ထိုပညတ်တရားတွင် သတ္တမနေ့စောင့်ထိန်းခြင်းပညတ်လည်း ပါဝင်သည်။ ယေရှုသေဆုံးပြီးနောက် ထိုပညတ်ပဋိညာဉ်သည် ပယ်ရှားခံရ၏။ (ကောလောသဲ ၂:၁၃၊ ၁၄) မည်သည့်အချိန်တွင် ထိုအဖြစ်အပျက်များ ဖြစ်ပျက်ခဲ့ကြောင်း သိထားခြင်းက ယင်းကိစ္စအပေါ် ဘုရားသခင့်ရှုမြင်ပုံကို ကျွန်ုပ်တို့အား နားလည်စေနိုင်သည်။— စာမျက်နှာ ၁၅ ရှိဇယားကို ကြည့်ပါ။

ယေရှုက “ငါသည် ပညတ်ကျမ်း၊ ပရောဖက်ကျမ်းတို့ကို ပယ်ဖျက်ရန် လာသည်မဟုတ်။ ပြည့်စုံစေရန် လာသတည်း” ဟုမိန့်ဆိုခဲ့သည်။ (မဿဲ ၅:၁၇) “ပြည့်စုံစေရန်” ဟူသောအသုံးအနှုန်းက အဘယ်အရာကို ဆိုလိုသနည်း။ ဥပမာ၊ ဆောက်လုပ်သူတစ်ဦးသည် အဆောက်အအုံဆောက်ပေးမည်ဟူသော စာချုပ်ကို ဆုတ်ဖြဲခြင်းအားဖြင့်မဟုတ်ဘဲ ပြီးအောင်ဆောက်လုပ်ပေးခြင်းဖြင့် ထိုစာချုပ်ကို ပြည့်စုံစေသည်။ ဆောက်လုပ်သူသည် ပိုင်ရှင် စိတ်ကျေနပ်သည်အထိ ဆောက်လုပ်ပြီးစီးသည်နှင့် ထိုစာချုပ်ပါတောင်းဆိုချက်များအတိုင်း လုပ်ဆောင်ရန် တာဝန်မရှိတော့ချေ။ ထိုနည်းတူ၊ ယေရှုသည် ပညတ်တရားကို ချိုးဖောက်ခြင်း၊ တစ်နည်းအားဖြင့် ဆုတ်ဖြဲခြင်းပြုမည့်အစား ယင်းကို တစ်သဝေမတိမ်း စောင့်ထိန်းခြင်းအားဖြင့် ပြည့်စုံစေခဲ့သည်။ ထိုပညတ်တရား ပြည့်စုံသွားသည်နှင့် ဘုရားသခင့်လူမျိုးသည် ယင်းကိုစောင့်ထိန်းရန် တာဝန်မရှိတော့ချေ။

ခရစ်ယာန်များ လိုက်နာရမည့် တောင်းဆိုချက်တစ်ခုလော

ခရစ်တော်သည် ပညတ်တရားကို ပြည့်စုံစေခဲ့သောကြောင့် သတ္တမနေ့ကိုစောင့်ထိန်းရန် ခရစ်ယာန်များတွင် တာဝန်ရှိသလော။ တမန်တော်ပေါလုသည် စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ဤသို့ဖြေဆိုသည်– ‘ထို့ကြောင့် အဘယ်အရာ စားသောက်ရမည်၊ ပွဲခံရမည်၊ လဆန်းနေ့၊ သတ္တမနေ့တို့ကို စောင့်ထိန်းရမည်ဟူ၍ သင်တို့ကို မည်သူမျှ မစီရင်ပါစေနှင့်။ ထိုအရာများသည် နောင်ဖြစ်လာမည့် အရာများ၏အရိပ် ဖြစ်ကြ၏။ ခရစ်တော်မူကား အစစ်အမှန်ဖြစ်တော်မူ၏။’—ကောလောသဲ ၂:၁၆၊ ၁၇

ကျေးကျွန်များကို ဘုရားသခင် တောင်းဆိုတော်မူရာများသည် အတော်အတန် ပြောင်းလဲသွားပြီဖြစ်ကြောင်း အဆိုပါစကားများက ဖော်ပြ၏။ အဘယ်ကြောင့် ပြောင်းလဲသွားသနည်း။ အကြောင်းမှာ ခရစ်ယာန်များသည် “ခရစ်တော်၏တရား” ဖြစ်သော တရားသစ်အောက်တွင် ရှိနေကြသောကြောင့်ဖြစ်၏။ (ဂလာတိ ၆:၂) မောရှေမှတစ်ဆင့် အစ္စရေးလူမျိုးကိုပေးခဲ့သော ပညတ်ပဋိညာဉ်ဟောင်းသည် ယေရှုသေဆုံးချိန်တွင် ပြည့်စုံသွားရာ ထိုပဋိညာဉ်ဟောင်းလည်း အဆုံးတိုင်သွားလေပြီ။ (ရောမ ၁၀:၄; ဧဖက် ၂:၁၅) သတ္တမနေ့ကို စောင့်ထိန်းပါဟူသော ပညတ်သည်လည်း အဆုံးတိုင်သွားပြီလော။ အဆုံးတိုင်သွားပါပြီ။ ‘ငါတို့သည် ပညတ်တရားမှ လွတ်မြောက်ပြီ’ ဟုပေါလု ပြောဆိုပြီးနောက် ပညတ်တော်ဆယ်ပါးမှ တစ်ပါးကို ဆက်၍ဖော်ပြခဲ့၏။ (ရောမ ၇:၆၊ ၇) ထို့ကြောင့် သတ္တမနေ့စောင့်ထိန်းခြင်း ပညတ်အပါအဝင် ပညတ်တော်ဆယ်ပါးသည် အဆုံးတိုင်သွားပြီဖြစ်သော ပညတ်တရား၏ အစိတ်အပိုင်းဖြစ်သည်။ သို့ဖြစ်၍ ဘုရားသခင်အား ဝတ်ပြုကိုးကွယ်သူတို့သည် သတ္တမနေ့ကို စောင့်ထိန်းရန် မလိုအပ်တော့ချေ။

အစ္စရေးလူမျိုး၏ ကိုးကွယ်မှုပုံစံတွင် ခရစ်ယာန်ကိုးကွယ်မှုပုံစံဖြင့် အစားထိုးပြောင်းလဲလိုက်ခြင်းကို ဤနည်းဖြင့် ဖော်ပြနိုင်သည်– နိုင်ငံတစ်နိုင်ငံသည် ၎င်း၏အခြေခံဥပဒေကို ပြောင်းလဲနိုင်သည်။ အခြေခံဥပဒေသစ်ကို တရားဝင်ပြဋ္ဌာန်းပြီးသည်နှင့် လူတို့သည် အခြေခံဥပဒေဟောင်းကို လိုက်နာစရာမလိုတော့ချေ။ အခြေခံဥပဒေသစ်တွင်ပါသော ဥပဒေအချို့သည် နဂိုအဟောင်းနှင့်တူနေလျှင်ပင် အချို့ဥပဒေများမှာ ကွဲပြားပေမည်။ ထို့ကြောင့် လူတစ်ဦးသည် လောလောဆယ်တွင် မည်သည့်ဥပဒေများကို လိုက်နာရန်လိုကြောင်း သိနိုင်ရန် အခြေခံဥပဒေသစ်ကို သေချာလေ့လာဖို့လိုမည်။ ထို့ပြင် သစ္စာရှိသောနိုင်ငံသားတစ်ဦးသည် မည်သည့်အချိန်တွင် အခြေခံဥပဒေသစ် အကျိုးသက်ရောက်ခဲ့သည်ကို သိလိုမည်။

ထိုနည်းတူ ယေဟောဝါဘုရားသခင်သည် အစ္စရေးလူမျိုးအတွက် ပညတ်တော် ၁၀ ပါးအပါအဝင် ပညတ်ပေါင်း ၆၀၀ ကျော်ကို ပြဋ္ဌာန်းပေးခဲ့သည်။ အဆိုပါပညတ်များတွင် ကိုယ်ကျင့်တရား၊ ယဇ်ပူဇော်ခြင်း၊ ကျန်းမာရေးကိစ္စ၊ သတ္တမနေ့စောင့်ထိန်းခြင်းတို့နှင့်ဆိုင်သော ပညတ်များပါဝင်သည်။ သို့သော် ယေရှုက မိမိ၏ ဘိသိက်ပေးခံရသော နောက်လိုက်များသည် “လူမျိုး” အသစ်ဖြစ်မည်ဟု မိန့်ဆိုခဲ့၏။ (မဿဲ ၂၁:၄၃) အေဒီ ၃၃ မှစ၍ အဆိုပါလူမျိုးသည် ဘုရားသခင်ကိုချစ်ရန်နှင့် လူသားချင်းကိုချစ်ရန်ဟူသော အခြေခံပညတ်နှစ်ခုအပေါ် အရင်းခံသည့် “အခြေခံဥပဒေ” သစ်ကို ရရှိခဲ့ကြသည်။ (မဿဲ ၂၂:၃၆-၄၀) “ခရစ်တော်၏တရား” တွင် အစ္စရေးလူမျိုးကို ပေးခဲ့သည့် ပညတ်များနှင့်ဆင်တူသော ညွှန်ကြားချက်များပါဝင်သော်လည်း တချို့မှာ အလွန်ကွဲပြားပြီး တချို့မှာ မလိုအပ်တော့သည့်အတွက် ကျွန်ုပ်တို့ မအံ့သြသင့်ချေ။ သတ္တမနေ့စောင့်ထိန်းခြင်းဟူသော ပညတ်သည် လိုက်နာစရာမလိုတော့သည့် ပညတ်များထဲတွင် တစ်ခုဖြစ်သည်။

ဘုရားသခင်သည် မိမိ၏စံနှုန်းများကို ပြောင်းလဲလိုက်ပြီလော

မောရှေပညတ်ကို ခရစ်တော်၏တရားဖြင့် အစားထိုးပြောင်းလဲလိုက်ခြင်းက ဘုရားသခင်သည် မိမိ၏စံနှုန်းများကို ပြောင်းလဲလိုက်ပြီဟု ဆိုလိုပါသလော။ မဆိုလိုပါ။ မိဘတစ်ဦးသည် သားသမီးများ၏ အသက်အရွယ်နှင့် အခြေအနေများကို ထည့်စဉ်းစားကာ ချမှတ်ထားသော စည်းမျဉ်းများကို ပြုပြင်ပြောင်းလဲမည်ဖြစ်သည်၊ အလားတူ ယေဟောဝါဘုရားသခင်လည်း မိမိလူမျိုး လိုက်နာရန်လိုအပ်သော ပညတ်များကို ပြုပြင်ပြောင်းလဲတော်မူသည်။ ယင်းကို တမန်တော်ပေါလု ဤသို့ရှင်းပြ၏– “ယုံကြည်ခြင်းမရောက်လာမီ ငါတို့သည် ပညတ်တရားအောက်တွင် ကာကွယ်ခံခဲ့ရ၏။ အပြစ်တရားလက်သို့ အတူတကွ အပ်နှံခံရ၏။ ထင်ရှားရမည့် ယုံကြည်ခြင်းကို စောင့်မျှော်လျက် နေကြရ၏။ ထို့ကြောင့် ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စေမည်အကြောင်း ပညတ်တရားသည် ငါတို့ကို ခရစ်တော်ထံသို့ ပို့ဆောင်ပေးသော ငါတို့၏အထိန်း ဖြစ်လာပြီ။ ယခုမူကား ယုံကြည်ခြင်းတရား ရောက်လာသဖြင့် ငါတို့သည် ထိုအထိန်း၏လက်အောက်၌ မရှိတော့။”—ဂလာတိ ၃:၂၃-၂၅

ပေါလု၏ကျိုးကြောင်းဆင်ခြင်ပုံက သတ္တမနေ့စောင့်ထိန်းခြင်းနှင့် မည်သို့သက်ဆိုင်သနည်း။ ဤဥပမာကို သုံးသပ်ကြည့်ပါ– ကျောင်းသားတစ်ဦးသည် ကျောင်းတက်နေစဉ် လက်မှုပညာတစ်ခုကို သတ်မှတ်ထားသော ရက်တစ်ရက်တွင် အပတ်တိုင်း သင်ယူဖို့ တောင်းဆိုခံရပေမည်။ သို့သော် သူသည် လုပ်ငန်းခွင်ဝင်သောအခါ တတ်မြောက်ထားသော အတတ်ပညာကို တစ်ရက်တည်းသာမဟုတ်ဘဲ နေ့တိုင်း အသုံးချရန်လိုပေမည်။ ထိုနည်းတူ အစ္စရေးလူမျိုးသည် ပညတ်တရားအောက်တွင်ရှိစဉ် အနားယူရန်နှင့် ဝတ်ပြုကိုးကွယ်ရန်အတွက် တစ်ပတ်လျှင်တစ်ရက် ဘေးဖယ်ထားဖို့ တောင်းဆိုခံခဲ့ရသည်။ သို့သော် ခရစ်ယာန်များမူ တစ်ပတ်လျှင်တစ်ရက်သာမဟုတ်ဘဲ နေ့စဉ်နေ့တိုင်း ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ရန် တောင်းဆိုခံရသည်။

သို့ဆိုလျှင် အနားယူရန်နှင့် ဝတ်ပြုကိုးကွယ်ရန်အတွက် တစ်ပတ်လျှင်တစ်ရက် ဘေးဖယ်ထားခြင်းက မှားပါသလော။ မမှားပါ။ လူတစ်ဦးစီသည် ကိုယ်တိုင်ဆုံးဖြတ်ရမည်ဖြစ်ကြောင်း သမ္မာကျမ်းစာတွင် ဤသို့ဖော်ပြထား၏– “တစ်ယောက်သောသူက နေ့ရက်တစ်ရက်သည် အခြားနေ့ရက်တစ်ရက်ထက် မြတ်သည်ဟု စီရင်၏။ တစ်ယောက်သောသူကမူ နေ့ရက်တိုင်းသည် အတူတူဖြစ်သည်ဟု စီရင်၏။ လူတိုင်း မိမိစိတ်တွင် ယုံကြည်စိတ်ချမှု အပြည့်ရှိပါစေ။” (ရောမ ၁၄:၅) နေ့ရက်တစ်ရက်သည် အခြားသောနေ့ရက်များထက် ပို၍မြင့်မြတ်သည်ဟု အချို့က ထင်မှတ်ကြသော်လည်း သတ္တမနေ့ကို ခရစ်ယာန်များစောင့်ထိန်းရန် ဘုရားသခင် မမျှော်လင့်ကြောင်း သမ္မာကျမ်းစာတွင် ရှင်းရှင်လင်းလင်း ဖော်ပြထားသည်။

[စာမျက်နှာ ၁၂ ပါ အကျဉ်းဖော်ပြချက်]

‘ခြောက်ရက်သိမ်းယူရကြမည်။ သတ္တမနေ့တည်းဟူသော ခုနစ်ရက်မြောက်သောနေ့တွင် ရှိမည်မဟုတ်။’—ထွက်မြောက်ရာ ၁၆:၂၆သမ္မာ

[စာမျက်နှာ ၁၄ ပါ အကျဉ်းဖော်ပြချက်]

“ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်စေမည်အကြောင်း ပညတ်တရားသည် ငါတို့ကို ခရစ်တော်ထံသို့ ပို့ဆောင်ပေးသော ငါတို့၏အထိန်းဖြစ်လာပြီ။ ယခုမူကား ယုံကြည်ခြင်းတရားရောက်လာသဖြင့် ငါတို့သည် ထိုအထိန်း၏လက်အောက်၌ မရှိတော့။”—ဂလာတိ ၃:၂၄၊ ၂၅

[စာမျက်နှာ ၁၃ ပါလေးထောင့်ကွက်နှင့်ဇယား]

ကမ္ဘာ့ရက်သတ်မျဉ်းနှင့် သတ္တမနေ့စောင့်ထိန်းခြင်း

မည်သည့်နေရာတွင် နေထိုင်ပါစေ သတ္တမနေ့ကို တစ်ပြိုင်တည်းစောင့်ထိန်းရမည်ဟု ယုံကြည်ကြသူတို့အတွက် ကမ္ဘာ့ရက်သတ်မျဉ်းက ပြဿနာပင်။ အဆိုပါရက်သတ်မျဉ်းသည် စိတ်ကူးဖြင့် ဆွဲထားသော မျဉ်းတစ်ကြောင်းဖြစ်ပြီး ၁၈၀ ဒီဂရီလောင်ဂျီတွဒ်မျဉ်းတစ်လျှောက် ပစိဖိတ်သမုဒ္ဒရာကိုဖြတ်၍ ဆွဲထားသည်။ ထိုမျဉ်း၏အနောက်ဘက်တွင် တည်ရှိသော နိုင်ငံများသည် အရှေ့ဘက်တွင်တည်ရှိသော နိုင်ငံများထက် တစ်ရက်စော၏။

ဥပမာ၊ ဖီဂျီနိုင်ငံနှင့်တွန်ဂါနိုင်ငံတွင် တနင်္ဂနွေနေ့ဖြစ်လျှင် ဆာမိုအာနိုင်ငံနှင့် နျူဝေးနိုင်ငံတို့တွင် စနေနေ့ဖြစ်၏။ ထို့ကြောင့် ဖီဂျီနိုင်ငံတွင် စနေနေ့၌ သတ္တမနေ့ကို လူတို့စောင့်ထိန်းနေစဉ် ၇၁၁ မိုင်အကွာတွင်ရှိသော ဆာမိုအာနိုင်ငံတွင်မူ သောကြာနေ့ဖြစ်နေသောကြောင့် ဘာသာတူများက အလုပ်လုပ်နေကြပေမည်။

တွန်ဂါနိုင်ငံရှိ သတ္တမနေ့အသင်းသားများကမူ တနင်္ဂနွေနေ့တွင် သတ္တမနေ့ကို စောင့်ထိန်းကြသည်။ အကြောင်းမှာ မိုင် ၅၀၀ ကျော်သာကွာဝေးသော ဆာမိုအာနိုင်ငံရှိ ဘာသာတူသူများက ယင်းနေ့တွင် သတ္တမနေ့ကို စောင့်ထိန်းကြသောကြောင့်ဖြစ်သည်ဟု သူတို့ဆို၏။ သို့သော် မိုင် ၅၀၀ မျှပင်မဝေးသော ဖီဂျီနိုင်ငံရှိ သတ္တမနေ့အသင်းသားများကမူ ထိုနေ့တွင် အနားမယူကြချေ။ အကြောင်းမှာ ထိုနိုင်ငံတွင် တနင်္ဂနွေနေ့ဖြစ်နေပြီး အသင်းသားများသည် စနေနေ့တွင်သာ သတ္တမနေ့ကိုစောင့်ထိန်းကြသည်။

[ဇယားကွက်]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

\

\

\

\ ဆာမိုအာ

\

— ― ― ― ― ― ― ―

ဖီဂျီ \

တနင်္ဂနွေနေ့ \ စနေနေ့

\

\

တွန်ဂါ \

\

\

\

[စာမျက်နှာ ၁၅ ပါဇယား]

 (ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

သတ္တမနေ့စောင့်ထိန်းခြင်းနှင့်ပတ်သက်၍ သိထားရမည့်အချက်များ-

သတ္တမနေ့ကို စောင့်ထိန်းဖို့လိုကြောင်း သမ္မာကျမ်းစာတွင် ဖော်ပြထားသော်လည်း ထိုသို့ဖော်ပြခဲ့သည့်အချိန်ကို ကျွန်ုပ်တို့ အသေအချာ လေ့လာသုံးသပ်ဖို့လိုသည်။

ဘီစီ ၄၀၂၆ မောရှေခေတ်မတိုင်မီ

အာဒံကို ဖန်ဆင်းခဲ့ သတ္တမနေ့စောင့်ထိန်းခြင်းပညတ်ကို မောရှေနှင့်

အစ္စရေးလူမျိုးတို့၏ခေတ် မတိုင်မီကတည်းက

ပေးခဲ့ခြင်းမဟုတ်ချေ။ —တရားဟောရာ ၅:၁-၃၊ ၁၂-၁၄။

ဘီစီ ၁၅၁၃ အစ္စရေးလူမျိုးကိုပေးခဲ့သော ဘုရားသခင့်ပညတ်

အစ္စရေးလူမျိုးကို ပညတ်တရားပေးခဲ့ သတ္တမနေ့စောင့်ထိန်းခြင်းပညတ်ကို အခြားလူမျိုးများအား

မပေးခဲ့ချေ။ (ဆာလံ ၁၄၇:၁၉၊ ၂၀) ယင်းကို

ယေဟောဝါဘုရားသခင်နှင့် အစ္စရေးလူမျိုးစပ်ကြား

“လက္ခဏာသက်သေ” အဖြစ် ပေးခဲ့ခြင်းဖြစ်သည်။

ထွက်မြောက်ရာ ၃၁:၁၆၊ ၁၇

သတ္တမနေ့စောင့်ထိန်းခြင်းပညတ်သည် အစ္စရေးလူမျိုး

စောင့်ထိန်းရန် မိန့်မှာခံခဲ့ရသည့် ပညတ်များစွာထဲမှ

တစ်ခုဖြစ်သည်။—ဝတ်ပြုရာ ၁၆:၂၉-၃၁; ၂၃:၄-၈;

၂၅:၄၊ ၁၁; တောလည်ရာ ၂၈:၂၆

အေဒီ ၃၃ ခရစ်တော်၏တရား

အစ္စရေးလူမျိုးကိုပေးခဲ့သည့် ပညတ်တရား အေဒီ ၄၉ တွင် ဂျေရုဆလင်မြို့ရှိ တမန်တော်များ အဆုံးတိုင်ခဲ့ နှင့် အသက်ကြီးသူများသည် ခရစ်ယာန်များအား

ဘုရားသခင် အဘယ်အရာတောင်းဆိုသည်ကို ဆုံးဖြတ်ရာတွင်

သတ္တမနေ့ကို ခရစ်ယာန်များ စောင့်ထိန်းဖို့လိုကြောင်း

မဖော်ပြခဲ့ကြချေ။—တမန်တော် ၁၅:၂၈၊ ၂၉

အထူးနေ့များ စောင့်ထိန်းခြင်းကို အလွန်အလေးထား

ခဲ့ကြသည့် ခရစ်ယာန်များနှင့်ပတ်သက်၍ တမန်တော်ပေါလု

စိုးရိမ်ခဲ့သည်။—ဂလာတိ ၄:၉-၁၁

အေဒီ ၂၀၁၀.

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

ဖီဂျီနိုင်ငံတွင် သတ္တမနေ့ကို မဖြစ်မနေစောင့်ထိန်းရန် တောင်းဆိုသည့်အနေဖြင့် မက်သဒစ်အသင်းသား အုပ်စုများသည် လမ်းဆုံလမ်းခွပေါင်း ၇၀ ၌ပိတ်ဆို့ခဲ့ကြကြောင်း သတင်းစာများက ဖော်ပြ

[Credit Line]

Courtesy of the Fiji Times