မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှုခရစ် ကိုယ်တော့်သတင်းစကား၏ အကျိုးသက်ရောက်ပုံ

ယေရှုခရစ် ကိုယ်တော့်သတင်းစကား၏ အကျိုးသက်ရောက်ပုံ

ယေရှုခရစ် ကိုယ်တော့်သတင်းစကား၏ အကျိုးသက်ရောက်ပုံ

“ကပေရနောင်မြို့မှ ပညာရှိပုဂ္ဂိုလ်အတွက် အတည်မြဲဆုံး သက်သေမှာ လူတို့၏စိတ်နှလုံးကို နူးညံ့သိမ်မွေ့စွာ ဆက်လက်ဖမ်းစားနိုင်စွမ်းရှိခြင်း ဖြစ်သည်။” *—AUTHOR GREGG EASTERBROOK.

စကားလုံးများသည် အစွမ်းထက်လှ၏။ ကောင်းစွာရွေးချယ်ထားသော ပညာရှိစကားများက လူတို့၏စိတ်နှလုံးကို ထိမိကာ မျှော်လင့်ချက်ရှိစေပြီး ဘ၀ကို ပြောင်းလဲစေနိုင်စွမ်းရှိသည်။ ဤကမ္ဘာပေါ်တွင် ယေရှုခရစ်ကဲ့သို့ စကားဖြင့် ဩဇာလွှမ်းမိုးနိုင်သောသူ တစ်ယောက်မျှမရှိပေ။ တောင်ပေါ်တွင်ဟောကြားခဲ့သော ယေရှု၏နာမည်ကျော် တရားစကားကို ကြားခဲ့ရသူတစ်ဦးက နောက်ပိုင်းတွင် ဤသို့ရေးခဲ့သည်– “ဤသို့ဟောပြောပြီးသည့်အဆုံး၌ လူအုပ်သည် ကိုယ်တော်၏သွန်သင်ပုံကို အလွန်အံ့သြကြ၏။”—မဿဲ ၇:၂၈

ယေရှု၏အဆိုအမိန့်များစွာကို ကမ္ဘာတစ်ဝန်းမှ လူတို့ ယနေ့တိုင် အကျွမ်းတဝင်ရှိကြသည်။ အဓိပ္ပာယ်ရှိလှသည့် ယေရှု၏အဆိုအမိန့်တချို့ကို သုံးသပ်ကြည့်ပါလေ။

“သင်တို့သည် ဘုရားသခင်၏အစေနှင့် စည်းစိမ်ချမ်းသာ၏အစေနှစ်ရပ်ကို မခံနိုင်ကြ။”မဿဲ ၆:၂၄

“ထို့ကြောင့် သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့။”မဿဲ ၇:၁၂

“ကဲသာ၏ဥစ္စာကို ကဲသာအား ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အား ပေးကြလော့။”မဿဲ ၂၂:၂၁

“ခံယူခြင်းထက် ပေးကမ်းခြင်း၌ သာ၍ပျော်ရွှင်သည်။”တမန်တော် ၂၀:၃၅

သို့သော် ယေရှုသည် မှတ်သားလောက်ဖွယ် အဆိုအမိန့်များကို ပြောဆိုခဲ့ရုံထက်မက လုပ်ဆောင်ခဲ့သည်။ ယေရှုဟောပြောခဲ့သော သတင်းစကားများသည် အစွမ်းထက်လှ၏။ အကြောင်းမှာ ဘုရားသခင်နှင့်ပတ်သက်သည့် အမှန်တရားများ ယင်းတွင်ပါရှိပြီး စစ်မှန်သော ဘ၀အဓိပ္ပာယ်ကို လူတို့ မည်သို့ရှာယူနိုင်ကြောင်း သွန်သင်ပြထားသည့်အပြင် လူ့ဆင်းရဲခက်ခဲမှုမှန်သမျှကို ဘုရားသခင့်နိုင်ငံတော်ကသာ ဖြေရှင်းပေးနိုင်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြသည်။ နောက်ဆောင်းပါးများတွင် ဖော်ပြထားသော ယင်းသတင်းစကားများကို လေ့လာဆန်းစစ်ကြည့်ပါက ယေရှုသည် အဘယ်ကြောင့် လူသန်းပေါင်းများစွာ၏ “စိတ်နှလုံးကို နူးညံ့သိမ်မွေ့စွာ ဆက်လက်ဖမ်းစားနိုင်စွမ်းရှိ” ရကြောင်း ကျွန်ုပ်တို့ သိရပါလိမ့်မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 ဂါလိလဲခရိုင်ရှိ ကပေရနောင်မြို့သည် ယေရှု၏ဇာတိမြို့ဖြစ်သည်ဟု ယူဆထားကြ၏။—မာကု ၂:၁