မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင် အဘယ်မှာနည်း

ဘုရားသခင် အဘယ်မှာနည်း

ဘုရားသခင် အဘယ်မှာနည်း

၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက် နံနက် ၈ နာရီ ၄၆ မိနစ်တွင် နယူးယောက်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးဌာန၏ မြောက်ဘက်မျှော်စင်ကို ခရီးသည်တင် လေယာဉ်တစ်စင်း အရှိန်ပြင်းပြင်းဖြင့် ဝင်တိုက်လိုက်သည်။ ယင်းသည် အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်ထားသည့် ပစ်မှတ်များအနက် ဦးဆုံးဖြစ်သည်။ နောက် ၁ နာရီ ၄၂ မိနစ်အကြာတွင် လူပေါင်း ၃,၀၀၀ ခန့် သေဆုံးသွားကြသည်။

၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်

အိန္ဒိယသမုဒ္ဒရာတွင်  ပြင်းအား  ၉.၀ ရှိသော ငလျင်လှုပ်သွားရာ ကြောက်မက်ဖွယ်လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာပြီး မိုင် ၃,၀၀၀ ခန့် အဝေးရှိ အာဖရိကတိုက် အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံကို ရိုက်ခတ်သွားသည်။  တစ်နေ့အတွင်း  လူပေါင်း ၁၅၀,၀၀၀  သေကျေပျောက်ဆုံးသွားပြီး တစ်သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

၂၀၀၉ ခုနှစ်၊ ဩဂုတ် ၁ ရက်တွင် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၅ နှစ်အရွယ် သားလေးနှင့်အတူ ရှပ်ပြေးရေယာဉ်စီးနေရင်း ဆိပ်ခံတံတားကို အရှိန်ပြင်းစွာ ဝင်တိုက်မိရာ ဖခင်ဖြစ်သူမှာ ပွဲချင်းပြီး သေဆုံးသွားသည်။ သားဖြစ်သူမှာ ချက်ချင်းမသေခဲ့ချေ။ ဝမ်းနည်းကြေကွဲနေသော ဆွေမျိုးတစ်ဦးက “ကလေး ပြန်ကောင်းလာပါစေ၊ ဘုရားသခင် မ,ပါစေ” ဟုဆုတောင်းသော်လည်း နောက်တစ်နေ့တွင် ထိုကလေး ကွယ်လွန်သွားရှာသည်။

အကြမ်းဖက်တိုက်ခိုက်မှုများနှင့် သဘာဝဘေးဒဏ်များအကြောင်း သင်ဖတ်ရှုရသောအခါ သို့မဟုတ် သင်ကိုယ်တိုင် ဘေးဆိုးကြုံရသောအခါ ယင်းတို့ကို ဘုရားသခင် တွေ့ မှတွေ့ ပါ့မလားဟု သင်စဉ်းစားဖူးသလော။ ကျွန်ုပ်တို့ကို ဘုရားသခင် စွန့်ပစ်ထားပြီလားဟု သင်တွေးဖူးသလော။ နှစ်သိမ့်မှုပေးသည့်အဖြေကို သမ္မာကျမ်းစာတွင် ဖော်ပြထားကြောင်း ကျွန်ုပ်တို့ တွေ့ ရှိရပါလိမ့်မည်။

[Picture Credit Lines on page 3]

© Dieter Telemans/Panos Pictures

PRAKASH SINGH/AFP/Getty Images

© Dieter Telemans/Panos Pictures