မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်မှတ်မိသလော

သင်မှတ်မိသလော

သင်မှတ်မိသလော

မကြာသေးမီကထုတ်ဝေခဲ့သော ကင်းမျှော်စင်စာစောင်များကို ဖတ်ရှုရ၍ တန်ဖိုးထားလေးမြတ်ပါသလော။ အောက်ပါမေးခွန်းများကို သင်ဖြေဆိုနိုင်၊ မဖြေဆိုနိုင် စမ်းကြည့်ပါ–

• ကလေးများကို ပြုစုစောင့်ရှောက်ရာတွင် အဘယ်အရာက သင့်ကို ကူညီပေးမည်နည်း။

“ပုံသက်သေ” ပြခြင်းသည် အစွမ်းအထက်ဆုံးနည်းလမ်းဖြစ်သည်။ (ယော. ၁၃:၁၅) မတန်တဆမမျှော်လင့်ပါနှင့်၊ ကလေးများကြီးပြင်းလာသည်နှင့်အမျှ တစ်ကိုယ်ရေသန့်ရှင်းခြင်း၊ အချိန်လေးစားခြင်းနှင့် ကျောင်းစာတွင် ပို၍ကောင်းစွာလုပ်ဆောင်တတ်ရန် သင်မျှော်လင့်နိုင်ပါသည်။ သင့်ကလေးများလုပ်ဆောင်ရမည့်တာ၀န်နှင့် ပတ်သက်၍ တိကျသောညွှန်ကြားချက်ပေးပါ။—၅/၁၊ စာမျက်နှာ ၁၉-၂၀

• အာရုန် ရွှေနွားသငယ်ရုပ်ပြုလုပ်သည့်အတွက် ဘုရားသခင် သူ့ကို အဘယ်ကြောင့် အပြစ်မပေးခဲ့သနည်း။

အာရုန်သည် ဘုရားသခင့်ပညတ်ကို အမှန်ပင် ချိုးဖောက်ခဲ့သည်။ (ထွ. ၂၀:၃-၅) သို့သော် မောရှေသည် အာရုန်အတွက် တိုးလျှိုးအသနားခံဆုတောင်းပေးခဲ့ပြီး ယင်းဆုတောင်းပေးချက်သည် “အလွန်တန်ခိုးပါ” ခဲ့သည်။ (ယာ. ၅:၁၆) အာရုန်သည် ဘုရားသခင်အပေါ် နှစ်ပေါင်းများစွာ သစ္စာရှိခဲ့သူဖြစ်သည်။ လူတို့က အာရုန်ကို ရွှေနွားသငယ်ရုပ်လုပ်ရန် သွေးဆောင်နိုင်ခဲ့ကြသော်လည်း နောက်ပိုင်း အာရုန်သည် လေဝိသားတို့နှင့် ပူးပေါင်းကာ ယေဟောဝါဘက်ရပ်တည်ခြင်းဖြင့် မိမိစိတ်နှလုံးသည် သူတို့ဘက်မပါကြောင်း ပြခဲ့သည်။ (ထွ. ၃၂:၂၅-၂၉)—၅/၁၅၊ စာမျက်နှာ ၂၁

• ရွှေထွက်ရှိရာနေရာအဖြစ် ကျမ်းစာဖော်ပြသည့် ဩဖိရမြို့သည် မည်သည့်အရပ်တွင် ရှိသနည်း။

ရှောလမုန်သည် ဩဖိရမြို့မှရွှေကို သယ်ဆောင်ရန် ဧဇရုန်ဂါဗာမြို့တွင် သင်္ဘောများကို တည်ဆောက်ခဲ့သည်။ (၃ ရာ. ၉:၂၆-၂၈) ယင်းဆိပ်ကမ်းမြို့သည် ပင်လယ်နီရှိ အက္ကဘာပင်လယ်ကွေ့၏ ထိပ်တွင်ရှိသော ယနေ့ခေတ် အဲလက်နှင့် အက္ကဘာမြို့အနီးတွင်တည်ရှိသည်။ ထို့ကြောင့် ဩဖိရမြို့သည် ပင်လယ်နီအနီးရှိ အာရေဗျကျွန်းဆွယ်တွင် သို့မဟုတ် အာဖရိက သို့မဟုတ် အိန္ဒိယကမ်းရိုးတန်းပေါ်တွင် တည်ရှိခဲ့ပေမည်။—၆/၁၊ စာမျက်နှာ ၁၅

ဂိလဒ်ပြည်၌ ဗော်လ်ဆမ်ဆီမွှေး’ သည် အဘယ်အရာကို ဆိုလိုသနည်း။ (ယေ. ၈:၂၂)

ဗော်လ်ဆမ်ဆီမွှေးသည် အခြားနေရာများအပါအဝင် ဂျော်ဒန်မြစ်အရှေ့ဘက် ဂိလဒ်ပြည်တွင်ပေါက်သော အပင်အမျိုးမျိုး၏ သစ်စေးမှ ထုတ်ယူထားသည့် မွှေးကြိုင်သောအဆီဖြစ်သည်။ ဆေးဘက်ဝင်သောကြောင့် အနာများတွင်ထည့်နိုင်သည်။ အစ္စရေးလူမျိုးသည် မိမိတို့၏သနားစရာအခြေအနေကို အသိအမှတ်ပြုကာ ကုသမှုခံယူရမည်ဖြစ်သော်လည်း ထိုသို့မပြုလုပ်ခဲ့ကြချေ။ (ယေ. ၈:၉)—၆/၁၊ စာမျက်နှာ ၂၁-၂၂

• အိမ်ထောင်ဖက်၏ သစ္စာမဲ့မှုကိုခံရသော ခရစ်ယာန်တစ်ဦးကို အဘယ်အရာက ကူညီပေးနိုင်သနည်း။

အပြစ်မဲ့အိမ်ထောင်ဖက်သည် သမ္မာကျမ်းစာမူများနှင့်အညီနေထိုင်ရန် ကြိုးစားခဲ့သည်ဆိုလျှင် အိမ်ထောင်ရေးဖောက်ပြန်သူ၏ သစ္စာမဲ့မှုအတွက် အပြစ်ရှိသည်ဟု ခံစားရရန်မလိုပါ။ သင် နှစ်သိမ့်မှုနှင့် အားပေးမှုလိုအပ်ကြောင်း ဘုရားသခင်သိတော်မူသည်။ ကိုယ်တော်သည် ခရစ်ယာန်ချင်းများမှတစ်ဆင့် သင့်ကို နှစ်သိမ့်ပေးပေမည်။—၆/၁၅၊ စာမျက်နှာ ၃၀-၃၁

• နာမကျန်းဖြစ်နေသူတစ်ဦးကို ကူညီပေးရာတွင် သင်အဘယ်အရာပြုလုပ်နိုင်သနည်း။

ကောင်းစွာနားထောင်တတ်သူဖြစ်ပါ။ (ဒေ. ၃:၁၊ ၇) ထောက်ထားစာနာပါ။ (ရော. ၁၂:၁၅) တည်ဆောက်မှုဖြစ်စေပါ၊ အထောက်အကူဖြစ်စေပါ။ (ကော. ၄:၆; ၁ ယော. ၃:၁၈) ဆက်၍ ရင်းနှီးနေပါ။ (သု. ၁၇:၁၇)—၇/၁၊ စာမျက်နှာ ၁၀-၁၃

• ဘုရားသခင်၌ အစမရှိကြောင်း သင်မည်သို့သိရသနည်း။

ယင်းအချက်ကို မောရှေဆုတောင်းခဲ့သည်။ (ဆာ. ၉၀:၂) ယင်းနှင့်အညီ ယေဟောဝါသည် “ထာဝရဘုရင်” ဟူသည့် အနှိုင်းမဲ့ဘွဲ့အမည်ကို ခံယူတော်မူသည်။ (၁ တိ. ၁:၁၇)—၇/၁၊ စာမျက်နှာ ၂၈

• ကလေးများ ဖတ်ရှုလိုစိတ်ရှိလာအောင် သင်မည်သို့ လုပ်ဆောင်နိုင်သနည်း။

မေတ္တာလွှမ်းခြုံသောဝန်းကျင်နှင့် မိဘပုံသက်သေက ဖတ်ရှုလိုစိတ်ရှိလာအောင် ကူညီပေးနိုင်သည်။ ထို့ပြင် စာအုပ်များနှင့် ထိတွေ့ မှုရှိစေပါ။ အသံထွက်ဖတ်ပြပါ။ ဖတ်ရှုရာတွင်ပါဝင်ရန်နှင့် ဆွေးနွေးရန် အားပေးပါ။ သင့်အားစာဖတ်ပြရန်နှင့် မေးခွန်းမေးရန် သင့်ကလေးကို အားပေးပါ။—၇/၁၅၊ စာမျက်နှာ ၂၆

• ယေရှုသည် ဖျားနာနေသောမိတ်ဆွေလာဇရုထံ အဘယ်ကြောင့် အလျင်အမြန်သွား၍ မကုသပေးခဲ့သနည်း။

ယေရှုရောက်ရှိချိန်တွင် လာဇရုသေဆုံးသည်မှာ လေးရက်ရှိပြီဖြစ်သည်။ ထိုသို့ ယေရှုစောင့်ခဲ့ခြင်းဖြင့် ခမည်းတော်အကြောင်း ပို၍ထိထိရောက်ရောက် သက်သေခံနိုင်ခဲ့သည်။ ထို့ကြောင့် များစွာသောသူတို့ ယုံကြည်သူများဖြစ်လာကြသည်။ (ယော. ၁၁:၄၅)—၈/၁၊ စာမျက်နှာ ၁၄-၁၅

• “မြင့်သောအရပ်များ” ကားအဘယ်နည်း။

တောင်ကုန်းထိပ်များ သို့မဟုတ် အယူမှားဝတ်ပြုရေးအတွက်နေရာများကို အများအားဖြင့် ရည်းညွှန်းသည်။ ဘုရားသခင်ရှုတ်ချသော အကျင့်အကြံများကို ပြုလုပ်ရန် တစ်ခါတစ်ရံ ထိုနေရာများတွင် ယဇ်ပလ္လင်များ၊ အထွတ်အမြတ်ထားသော အာရှရပင်များနှင့် အခြားဘာသာရေးအဆင်တန်ဆာများကို စိုက်ထူထားကြသည်။ (တော. ၃၃:၅၂)—၈/၁၊ စာမျက်နှာ ၂၃