မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နှစ်တစ်နှစ်ရဲ့ အရေးကြီးဆုံးနေ့အတွက် ကြိုတင်ပြင်ဆင်နေပြီလား

နှစ်တစ်နှစ်ရဲ့ အရေးကြီးဆုံးနေ့အတွက် ကြိုတင်ပြင်ဆင်နေပြီလား

နှစ်တစ်နှစ်ရဲ့ အရေးကြီးဆုံးနေ့အတွက် ကြိုတင်ပြင်ဆင်နေပြီလား

ယေရှု မသေခင် နာရီအနည်းငယ်အလိုမှာ မိမိသေခြင်းကို အမှတ်ရစေဖို့ ထူးခြားတဲ့ပွဲတစ်ခုကို အစပြုခဲ့တယ်။ အဲဒီအထိမ်းအမှတ်ပွဲကို “သခင့်ညစာစားပွဲ” လို့ လူသိများကြတယ်။ (၁ ကောရိန္သု ၁၁:၂၀) အဲဒီအခါသမယရဲ့ အရေးကြီးမှုကို ဖော်ပြတဲ့အနေနဲ့ ယေရှု ဒီလိုမိန့်မှာခဲ့တယ်– “ငါ့ကို အောက်မေ့ဖို့ရာ ဤသို့ပြုကြလော့။” (လုကာ ၂၂:၁၉သမ္မာကျမ်း) သင့်မှာ ယေရှုရဲ့အမိန့်ကို နာခံလိုတဲ့ဆန္ဒရှိသလား။ ရှိတယ်ဆိုရင် ယေရှုသေခြင်းရဲ့ နှစ်ပတ်လည်နေ့ဟာ နှစ်တစ်နှစ်ရဲ့ အရေးကြီးဆုံးနေ့အဖြစ် သင် ရှုမြင်ပါလိမ့်မယ်။

ဒါပေမဲ့ ဒီပွဲကို ဘယ်အချိန်မှာ တိတိကျကျ ကျင်းပသင့်သလဲ။ ဒီအရေးပါတဲ့ အခါသမယနေ့ထူးနေ့မြတ်ရဲ့ ရည်ရွယ်ချက်ကို နားလည်အောင်လုပ်ဖို့ သင်ကြိုတင်ပြင်ဆင်ထားတယ်ဆိုတာ ဘယ်လိုသေချာစေနိုင်မလဲ။ ဒါတွေက ခရစ်ယာန်တစ်ယောက်ချင်းစီ သေသေချာချာ သုံးသပ်သင့်တဲ့ မေးခွန်းတွေဖြစ်ပါတယ်။

ဘယ်နှစ်ကြိမ် ကျင်းပသင့်သလဲ

လူတွေဟာ အရေးပါတဲ့ ဖြစ်ရပ်တွေကို နှစ်စဉ် သတိရတတ်ကြပါတယ်။ ဥပမာ၊ မြန်မာနိုင်ငံဟာ ၁၉၄၈၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ လွတ်လပ်ရေးရခဲ့တယ်။ နှစ်စဉ် ဇန်နဝါရီလ ၄ ရက်နေ့ရောက်တိုင်း လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲကို ကျင်းပကြတယ်။

ကျမ်းစာခေတ်တုန်းကလည်း အဲဒီလိုပါပဲ။ အရေးပါတဲ့ဖြစ်ရပ်တွေကိုဆိုရင် နှစ်စဉ် သတိရအောက်မေ့ကြတယ်။ (ဧသတာ ၉:၂၂၊ ၂၇) အီဂျစ်ကျွန်ဘဝကနေ အံ့ဖွယ်နည်းနဲ့ ကယ်နုတ်ခဲ့တဲ့ အထိမ်းအမှတ်ပွဲကို နှစ်စဉ်ကျင်းပဖို့ အစ္စရေးလူတွေကို ယေဟောဝါဘုရားသခင် မိန့်မှာခဲ့တယ်။ ကျမ်းစာမှာ အဲဒီအထိမ်းအမှတ်ပွဲကို ပသခါပွဲလို့ခေါ်ပြီး အဲဒီပွဲကို အစ္စရေးလူတွေ ကယ်နုတ်ခံခဲ့ရတဲ့နေ့နဲ့ တစ်ထပ်တည်းကျတဲ့နေ့မှာပဲ တစ်နှစ်တစ်ကြိမ် ကျင်းပခဲ့ကြတယ်။—ထွက်မြောက်ရာ ၁၂:၂၄-၂၇; ၁၃:၁၀

ယေရှုဟာ တမန်တော်တွေနဲ့အတူ ပသခါပွဲကို ကျင်းပပြီးစီးသွားတာနဲ့ အထူးညစာစားပွဲကို စတင်ကျင်းပခဲ့တယ်။ အဲဒီပွဲက ယေရှုသေခြင်းကို သတိရအောက်မေ့စေဖို့ ကျွန်ုပ်တို့ ကျင်းပရမယ့် စံနမူနာဖြစ်လာတယ်။ (လုကာ ၂၂:၇-၂၀) ပသခါပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပကြပါတယ်။ ဒါကြောင့် ပသခါပွဲကို အစားထိုးခဲ့တဲ့ အဲဒီအစီအစဉ်အသစ်ကိုလည်း တစ်နှစ်တစ်ကြိမ် ကျင်းပရမယ်ဆိုပြီး ကောက်ချက်ချလို့ရပါတယ်။ ဒါဆိုရင် ဘယ်နေ့မှာ ကျင်းပရမလဲ။

ဘယ်အချိန်မှာလဲ

အဲဒီမေးခွန်းကို ဖြေဆိုဖို့ အချက်နှစ်ချက်ကို သိထားဖို့လိုပါတယ်။ ပထမအချက်က ကျမ်းစာခေတ်က နေ့တစ်နေ့ဟာ နေဝင်ပြီးတာနဲ့ စတင်ပြီး နောက်တစ်နေ့ နေဝင်ချိန်မှာ ကုန်ဆုံးတယ်။ ဒါကြောင့် တစ်ရက်တာက ညဦးချိန်ကနေ နောက်နေ့ညဦးချိန်အထိ ကြာညောင်းတယ်။—ဝတ်ပြုရာ ၂၃:၃၂

ဒုတိယအချက်ကတော့ ကျမ်းစာခေတ်က အသုံးပြုတဲ့ ပြက္ခဒိန်နဲ့ ကနေ့ခေတ်သုံးပြက္ခဒိန်က မတူဘူး။ ကနေ့ခေတ်သုံး လအမည်တွေဖြစ်တဲ့ မတ်လနဲ့ဧပြီလကို ကျမ်းစာပြက္ခဒိန်မှာတော့ အာဒါလနဲ့ နိသန်လဆိုပြီး ခေါ်ဆိုတယ်။ (ဧသတာ ၃:၇) ဂျူးတွေဟာ လတစ်လကို လဆန်းကနေ နောက်လ လဆန်းအထိ ရေတွက်တယ်။ သူတို့ဟာ ပသခါပွဲကို သူတို့ရဲ့ ပြက္ခဒိန်မှာ ပထမဆုံးလဖြစ်တဲ့ နိသန်လ ၁၄ ရက်နေ့မှာ ကျင်းပကြတယ်။ (ဝတ်ပြုရာ ၂၃:၅; တောလည်ရာ ၂၈:၁၆) ပသခါပွဲကျင်းပတဲ့ နိသန်လ ၁၄ ရက်နေ့မှာပဲ ရောမတွေက ယေရှုခရစ်ကို နှက်တိုင်တင်ခဲ့တယ်။ ပထမဆုံး ပသခါညစာစားပွဲကို ကျင်းပခဲ့ပြီးတဲ့နောက် နှစ်ပေါင်း ၁,၅၄၅ အကြာမှာ ယေရှု သေဆုံးခဲ့တယ်။ နိသန်လ ၁၄ ရက်နေ့ဟာ တကယ့်ကို ထူးခြားတဲ့ နေ့တစ်နေ့ပါပဲ။

ဒါပေမဲ့ နိသန်လ ၁၄ ရက်နေ့ဟာ ကနေ့ခေတ်သုံး ပြက္ခဒိန်က ဘယ်နေ့နဲ့ ကိုက်ညီပါသလဲ။ မှန်ကန်တဲ့ရက်စွဲရဖို့ ရိုးရိုးလေး တွက်ချက်လို့ရပါတယ်။ နှစ်စဉ် နွေဦးကာလ (ကမ္ဘာ့မြောက်ခြမ်းရဲ့ နွေဦး) နေ့တာညတာ တူညီချိန်က မတ်လ ၂၁ ရက်နေ့ဝန်းကျင်မှာ ကျရောက်တတ်တယ်။ အဲဒီအချိန်နဲ့ အနီးစပ်ဆုံးရက်မှာ ဆန်းသစ်စလကို ဂျေရုဆလင်မြို့မှာ တွေ့ရတဲ့အခါ နိသန်လ ၁ ရက်လို့ သတ်မှတ်တယ်။ အဲဒီနိသန်လ ၁ ရက်က မတ်လ ဒါမှမဟုတ် ဧပြီလမှာ ကျရောက်တတ်ပါတယ်။ အဲဒီနေ့ကစပြီး ၁၄ ရက်ကြာတဲ့အခါ နိသန်လ ၁၄ ရက်နေ့ကို ရောက်လာတယ်။ အဲဒီနေ့က အများအားဖြင့် လပြည့်နေ့ဖြစ်တယ်။ ကျမ်းစာတွက်ချက်ပုံကို အသုံးပြုရင် ဒီနှစ် နိသန်လ ၁၄ ရက်နေ့ဟာ ၂၀၁၁၊ ဧပြီလ ၁၇ ရက် တနင်္ဂနွေနေ့ နေဝင်ချိန်မှာ စတင်ပါတယ်။ *

ဒီနှစ်မှာ ယေဟောဝါသက်သေတွေဟာ ယေရှုသေခြင်းကို အောက်မေ့သတိရလိုတဲ့ ဆန္ဒရှိတဲ့သူတွေနဲ့အတူ စုရုံးဖို့ ပြင်ဆင်နေကြပါတယ်။ သူတို့နဲ့ပူးပေါင်းပါဝင်ဖို့ သင့်ကို လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါတယ်။ ဒီစုရုံးမှုအတွက် အချိန်နဲ့နေရာကို သိဖို့အတွက် သင့်ဒေသမှာရှိတဲ့ ယေဟောဝါသက်သေတွေကို ကျေးဇူးပြု၍ စုံစမ်းမေးမြန်းပါ။ ယေရှုသေခြင်း သတိရအောက်မေ့ပွဲကို မနက် ဒါမှမဟုတ် နေ့လယ်မှာမဟုတ်ဘဲ နေဝင်ပြီးနောက် ညဦးချိန်မှာ ကျင်းပကြပါလိမ့်မယ်။ ဘာကြောင့်လဲ။ သမ္မာကျမ်းစာအရ အဲဒီအခါသမယကို “ညစာစား” ပွဲဖြစ်စေချင်လို့ပါ။ (၁ ကောရိန္သု ၁၁:၂၅) ၂၀၁၁၊ ဧပြီလ ၁၇ ရက်၊ တနင်္ဂနွေနေ့ ညဦးချိန်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၉၇၈ တုန်းက အထူးညစာစားပွဲကို ယေရှု အစပြုခဲ့တဲ့ ညဦးချိန်ရဲ့ နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ အဲဒီနေ့ဟာ ယေရှု သေဆုံးခဲ့တဲ့ နိသန်လ ၁၄ ရက်နေ့ရဲ့ အစနဲ့ တစ်နေ့တည်းပဲ။ အောက်မေ့သတိရဖို့ အဲဒီနေ့ထက် ပိုကောင်းတဲ့နေ့ မရှိနိုင်ပါဘူး။

ကြိုတင်ပြင်ဆင်နိုင်ပုံ

တစ်နှစ်မှာ တစ်ကြိမ်ပဲ ကျင်းပတဲ့ ဒီအခါသမယအတွက် သင် ဘယ်လို ကြိုတင်ပြင်ဆင်ထားနိုင်ပါသလဲ။ ပြင်ဆင်နိုင်တဲ့ နည်းတစ်နည်းကတော့ ကျွန်ုပ်တို့အတွက် ယေရှုပြုလုပ်ပေးခဲ့တာတွေကို တွေးတောဆင်ခြင်နေဖို့ ဖြစ်ပါတယ်။ ယေရှုသေခြင်းရဲ့ အဓိပ္ပာယ်ကို နားလည်ဖို့ လူသန်းပေါင်းများစွာကို သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း *စာအုပ်က ကူညီပေးခဲ့ပါပြီ။—မဿဲ ၂၀:၂၈

အထူးအခါသမယအတွက် ကျွန်ုပ်တို့နှလုံးကို ကြိုတင်ပြင်ဆင်ထားနိုင်တဲ့ နောက်နည်းတစ်နည်းကတော့ ယေရှုရဲ့ မြေကြီးအသက်တာ နောက်ဆုံးနေ့ရက်မှာ ဖြစ်ပျက်ခဲ့ရာတွေအကြောင်း ဖတ်ရှုလေ့လာခြင်းဖြစ်ပါတယ်။ နောက်စာမျက်နှာတွေမှာ ဇယားတစ်ခု ဖော်ပြထားပါတယ်။ လက်ယာဘက်က ကော်လံပေါ်မှာ ယေရှုမသေဆုံးမီက အဖြစ်အပျက်တွေကို ဖော်ပြထားတဲ့ ကျမ်းပြိုင်တွေရဲ့စာရင်းကို ဖော်ပြပေးထားပါတယ်။ အဲဒီစာရင်းထဲမှာ အဖြစ်အပျက်တွေကို ရှင်းပြထားတဲ့ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား *စာအုပ်ပါ အခန်းတွေကိုလည်း ဖော်ပြပေးထားပါတယ်။

လက်ဝဲဘက်က ကော်လံပေါ်မှာတော့ ယေရှုမသေဆုံးခင်က ဖြစ်ရပ်တွေရဲ့ ရက်စွဲတွေကို ဒီနှစ်နဲ့ကိုက်ညီတဲ့ ရက်စွဲတွေနဲ့ နှိုင်းယှဉ်ဖော်ပြပေးထားပါတယ်။ သခင့်ညစာစားပွဲအထိ ဦးတည်သွားတဲ့ နေ့ရက်တစ်ရက်စီနဲ့ပတ်သက်ပြီး ကျမ်းချက်တချို့ကို ဖတ်ကြည့်ဖို့ အချိန်ယူပါ။ အဲလိုလုပ်မယ်ဆိုရင် ဒီနှစ်ရဲ့ အရေးကြီးဆုံးနေ့တစ်နေ့အတွက် သင် ကြိုတင်ပြင်ဆင်ထားနိုင်မှာ ဖြစ်ပါတယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 11 ယင်းရက်စွဲသည် ယနေ့ခေတ် ဂျူးများ၏ ပသခါပွဲနေ့နှင့် တိုက်ဆိုင်ခြင်းမရှိချေ။ အဘယ်ကြောင့်နည်း။ ယနေ့ခေတ် ဂျူးအများစုသည် နိသန်လ ၁၅ ရက်နေ့တွင် ပသခါပွဲကို ကျင်းပကြသည်။ ယင်းနေ့စွဲ၌ ကျင်းပရမည်ဟု ထွက်မြောက်ရာ ၁၂:၆ တွင်မိန့်မှာထားသည်ဟု သူတို့ယုံကြည်ထားကြသောကြောင့်ဖြစ်သည်။ (၁၉၉၀၊ ဖေဖော်ဝါရီ ၁၅၊ စာမျက်နှာ ၄၄၊ သစတ၊ အပိုင်း ၁ တွင်ကြည့်ပါ။) သို့သော် ယေရှုသည် မောရှေပညတ်ပါ ဖော်ပြထားချက်နှင့်ကိုက်ညီသည့် နိသန်လ ၁၄ ရက်နေ့တွင် ပသခါပွဲကို ကျင်းပခဲ့သည်။ ယင်းရက်စွဲတွက်ချက်ပုံနှင့်စပ်လျဉ်း၍ ပိုမိုသိရှိလိုပါက ၁၉၇၇၊ ဇွန် ၁၅ ကင်းမျှော်စင်၊ စာမျက်နှာ ၃၈၃-၃၈၄ [အင်္ဂလိပ်] တွင်ကြည့်ပါ။

^ အပိုဒ်၊ 14 ယေဟောဝါသက်သေများ ထုတ်ဝေသည်။ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်၏ စာမျက်နှာ ၄၇-၅၆၂၀၆-၂၀၈ တွင်ကြည့်ပါ။ ယင်းစာအုပ်ကို www.pr418.com ဝက်ဘ်ဆိုက်တွင် ရှာဖွေကြည့်ရှုနိုင်ပါသည်။

^ အပိုဒ်၊ 15 ယေဟောဝါသက်သေများ ထုတ်ဝေသည်။

[စာမျက်နှာ ၂၂ ပါအကျဉ်းဖော်ပြချက်]

ယေရှုသေခြင်း သတိရအောက်မေ့ပွဲ ၂၀၁၁၊ ဧပြီ ၁၇၊ တနင်္ဂနွေနေ့

[စာမျက်နှာ ၂၃၊ ၂၄ ပါ ဇယားနှင့်ရုပ်ပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

နောက်ဆုံးသီတင်းပတ်

၂၀၁၁ အင်္ဂါ ဧပြီ ၁၂

▪ သတ္တမနေ့

ယောဟန် ၁၁:၅၅-၁၂:၁

gt-BU ၁၀၁၊ အပိုဒ် ၂-၄ *

နိသန်လ ၉ (နေဝင်ချိန်တွင် စတင်)

သမ္မာကျမ်းစာခေတ်က တစ်နေ့တာကို နေဝင်ပြီးနောက်ပိုင်း ညဦးချိန်မှာ အစပြုပြီးနောက်တစ်နေ့ နေဝင်ချိန်တွင် ကုန်ဆုံး

▪ နူနာရောဂါသည် ရှိမုန်နဲ့အတူ အစာသုံးဆောင်

▪ မာရိက ယေရှုအပေါ်နာဒုဆီမွှေး သွန်းလောင်း

▪ ယေရှုနဲ့လာဇရုဆီကို ဂျူးတွေ ရောက်လာကြ

မဿဲ ၂၆:၆-၁၃

မာကု ၁၄:၃-၉

ယောဟန် ၁၂:၂-၁၁

gt-BU၁၀၁၊ အပိုဒ် ၅-၉

၂၀၁၁ ဗုဒ္ဓဟူး ဧပြီ ၁၃

▪ ဂျေရုဆလင်မြို့ထဲ အောင်ပွဲခံပြီးဝင်သွား

▪ ဝတ်ပြုရာအိမ်တော်တွင် သွန်သင်

မဿဲ ၂၁:၁-၁၁၊ ၁၄-၁၇

မာကု ၁၁:၁-၁၁

လုကာ ၁၉:၂၉-၄၄

ယောဟန် ၁၂:၁၂-၁၉

gt-BU ၁၀၂

နိသန်လ ၁၀ (နေဝင်ချိန်တွင် စတင်)

▪ ဗေသနိရွာမှာ ညကို ကုန်လွန်စေ

၂၀၁၁ ကြာသပတေး ဧပြီ ၁၄

▪ ဂျေရုဆလင်မြို့ကို စောစောထွက်သွား

▪ ဝတ်ပြုရာအိမ်တော်မှာ သန့်စင်မှုပြုလုပ်

▪ ယေဟောဝါဘုရားသခင် ယေရှုကို ကောင်းကင်ကနေပြီးစကားပြော

မဿဲ ၂၁:၁၂၊ ၁၃၊ ၁၈၊ ၁၉

မာကု ၁၁:၁၂-၁၉

လုကာ ၁၉:၄၅-၄၈

ယောဟန် ၁၂:၂၀-၅၀

gt-BU ၁၀၃၊ ၁၀၄

နိသန်လ ၁၁ (နေဝင်ချိန်တွင် စတင်)

၂၀၁၁ သောကြာ ဧပြီ ၁၅

▪ ဝတ်ပြုရာအိမ်တော်မှာ ပုံဥပမာတွေသုံးပြီးသွန်သင်

▪ ဖာရိရှဲတွေကို အပြစ်တင်

▪ မုဆိုးမရဲ့ အလှူငွေကို သတိပြုမိ

▪ ဂျေရုဆလင်မြို့ ကျဆုံးခန်းကို ကြိုပြော

▪ အနာဂတ်ရောက်ရှိခြင်းဆိုင်ရာ လက္ခဏာတွေပေး

မဿဲ ၂၁:၁၉-၂၅:၄၆

မာကု ၁၁:၂၀-၁၃:၃၇

လုကာ ၂၀:၁-၂၁:၃၈

gt-BU ၁၀၅ ကနေ ၁၁၂၊ အပိုဒ် ၁

နိသန်လ ၁၂ (နေဝင်ချိန်တွင် စတင်)

၂၀၁၁ စနေ ဧပြီ ၁၆

▪ ဗေသနိရွာမှာ တပည့်တွေနဲ့အတူ အနားယူ

▪ ယုဒ သစ္စာဖောက်ဖို့စီစဉ်

မဿဲ ၂၆:၁-၅၊ ၁၄-၁၆

မာကု ၁၄:၁၊ ၂၊ ၁၀၊ ၁၁

လုကာ ၂၂:၁-၆

gt-BU ၁၁၂၊ အပိုဒ် ၂-၄

နိသန်လ ၁၃ (နေဝင်ချိန်တွင် စတင်)

၂၀၁၁ တနင်္ဂနွေ ဧပြီ ၁၇

▪ ပေတရုနဲ့ယောဟန် ပသခါပွဲအတွက် သွားပြင်ဆင်

▪ ယေရှုနဲ့ တခြားတမန်တော် ဆယ်ပါးက ညနေစောင်းမှ လိုက်လာကြ

မဿဲ ၂၆:၁၇-၁၉

မာကု ၁၄:၁၂-၁၆

လုကာ ၂၂:၇-၁၃

gt-BU ၁၁၂၊ အပိုဒ် ၅ ကနေ ၁၁၃၊ အပိုဒ် ၁

နိသန်လ ၁၄ (နေဝင်ချိန်တွင် စတင်)

▪ ပသခါပွဲ ကျင်းပ

▪ တမန်တော်တွေရဲ့ခြေကို ဆေးပေး

▪ ယုဒကို အပြင်ထွက်သွားခိုင်း

▪ မိမိရဲ့သေခြင်း သတိရအောက်မေ့ပွဲကို စတင်

မဿဲ ၂၆:၂၀-၃၅

မာကု ၁၄:၁၇-၃၁

လုကာ ၂၂:၁၄-၃၈

ယောဟန် ၁၃:၁-၁၇:၂၆

gt-BU ၁၁၃၊ အပိုဒ် ၂ ကနေ ၁၁၆ အဆုံးအထိ

ညသန်းခေါင်

၂၀၁၁ တနင်္လာ ဧပြီ ၁၈

▪ ဂေသရှေမန်ဥယျာဉ်မှာ သစ္စာဖောက်ခံရပြီး အဖမ်းခံရ

▪ တမန်တော်တွေ ထွက်ပြေး

▪ ဆဲန်ဟီဒရင်ရှေ့မှာ စစ်ဆေးခံရ

▪ ယေရှုကိုမသိဘူးဆိုပြီး ပေတရုငြင်း

မဿဲ ၂၆:၃၆-၇၅

မာကု ၁၄:၃၁-၇၂

လုကာ ၂၂:၃၉-၆၂

ယောဟန် ၁၈:၁-၂၇

gt-BU ၁၁၇ ကနေ ၁၂၀ အဆုံးအထိ

▪ ဆဲန်ဟီဒရင်ရှေ့မှောက်ကို တစ်ဖန်ပြန်ရောက်

▪ ပိလတ်မင်းနောက် ဟေရုဒ်၊ ပြီးတော့ ပိလတ်မင်းဆီ ပြန်ခေါ်လာ

▪ သေဒဏ်ချမှတ်ခံရပြီး သစ်တိုင်တင်ခံရ

▪ မွန်းလွဲ သုံးနာရီလောက်မှာ သေဆုံး

▪ အလောင်းကိုသစ်တိုင်ကနေယူပြီး မြှုပ်နှံ

မဿဲ ၂၇:၁-၆၁

မာကု ၁၅:၁-၄၇

လုကာ ၂၂:၆၃-၂၃:၅၆

ယောဟန် ၁၈:၂၈–၁၉:၄၂

gt-BU ၁၂၁ ကနေ ၁၂၇၊ အပိုဒ် ၇

နိသန်လ ၁၅ (နေဝင်ချိန်တွင် စတင်)

▪ သတ္တမနေ့

၂၀၁၁ အင်္ဂါ ဧပြီ ၁၉

▪ ယေရှုသင်္ချိုင်းမှာ အစောင့်တွေထားဖို့ ပိလတ်မင်း သဘောတူ

မဿဲ ၂၇:၆၂-၆၆

gt-BU ၁၂၇၊ အပိုဒ် ၈-၉

နိသန်လ ၁၆ (နေဝင်ချိန်တွင် စတင်)

မာကု ၁၆:၁

၂၀၁၁ ဗုဒ္ဓဟူး ဧပြီ ၂၀

▪ ရှင်ပြန်ထမြောက်လာ

▪ တပည့်တွေရှေ့ ကိုယ်ယောင်ပြ

မဿဲ ၂၈:၁-၁၅

မာကု ၁၆:၂-၈

လုကာ ၂၄:၁-၄၉

ယောဟန် ၂၀:၁-၂၅

gt-BU ၁၂၇၊ အပိုဒ် ၁၀ ကနေ ၁၂၉၊ အပိုဒ် ၁၀

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 29 ဤတွင် ဖော်ပြထားသော နံပါတ်များသည် အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား (gt-BU) စာအုပ်၏ အခန်းများကို ရည်ညွှန်းပါသည်။ ယေရှု၏နောက်ဆုံး ခရစ်ယာန်ဓမ္မအမှုနှင့်ပတ်သက်၍ အသေးစိတ်ကျသော ကျမ်းစာကိုးကားချက်များ ပါရှိသည့် ဇယားအတွက် ယေဟောဝါသက်သေများ ထုတ်ဝေသော “ကျမ်းစာတစ်ကျမ်းလုံး စစ်မှန်ပြီး အကျိုးပြု၊” (လေ့လာရန် အကြောင်းအရာ နံပါတ် ၃) စာမျက်နှာ ၂၃ နှင့် ၂၄ တွင်ကြည့်ပါ။