မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၁။ မြေငလျင်များ

၁။ မြေငလျင်များ

၁။ မြေငလျင်များ

“ကြီးစွာသော ငလျင်လှုပ်ခြင်း ဖြစ်လိမ့်မည်။”—လုကာ ၂၁:၁၁

● တစ်နှစ်နဲ့လေးလသားအရွယ် ဝင်နီကို ဟေတီနိုင်ငံက အုတ်ပုံကြားထဲကနေ ကယ်တင်နိုင်ခဲ့ကြတယ်။ ငလျင်ဘေးနဲ့ပတ်သက်ပြီး သတင်းထုတ်လွှင့်ဖို့ရောက်လာကြတဲ့ ရုပ်မြင်သံကြားအဖွဲ့က အဲဒီကလေးငယ်ရဲ့ ညည်းသံသဲ့သဲ့ကို ကြားသွားတာဖြစ်တယ်။ အဲဒီကလေးငယ်ဟာ ငလျင်ဘေးကနေ လွတ်မြောက်သွားပေမဲ့ သူ့ရဲ့မိဘတွေကတော့ ဆုံးသွားရှာပါပြီ။

အဖြစ်မှန်က ဘာကိုဖော်ပြသလဲ။ ၂၀၁၀၊ ဇန်နဝါရီလမှာ ဟေတီနိုင်ငံကို ၇.၀ ပြင်းအားရှိတဲ့ မြေငလျင် လှုပ်ခတ်သွားတဲ့အခါ လူပေါင်း ၃၀၀,၀၀၀ ကျော် သေဆုံးသွားတယ်။ လျှပ်တစ်ပြက်အတွင်းမှာပဲ နောက်ထပ် လူပေါင်း ၁.၃ သန်းက အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်။ အဲဒီလိုပြင်းထန်တဲ့ မြေငလျင်က ဟေတီနိုင်ငံ တစ်နိုင်ငံတည်းမှာပဲ ဖြစ်ခဲ့တာမဟုတ်ပါဘူး။ ကမ္ဘာတစ်ဝန်းလုံးမှာ ၂၀၀၉၊ ဧပြီလကနေ ၂၀၁၀၊ ဧပြီလအတွင်း အဲဒီလိုပြင်းထန်တဲ့မြေငလျင်မျိုး အနည်းဆုံး ၁၈ ကြိမ် လှုပ်ခတ်ခဲ့ပါတယ်။

လူအများက ဘယ်လိုတုံ့ပြန်ကြသလဲ။ ကျွန်ုပ်တို့ဟာ မြေငလျင်ဒဏ်ကို ပိုခံစားနေရတာ မဟုတ်ဘူး။ ခေတ်သစ်နည်းပညာကြောင့် အရင်ကလူတွေထက် မြေငလျင်တွေအကြောင်း ပိုပြီးသိရှိလာတာပါ။

လူအများရဲ့ တုံ့ပြန်ချက်က ခိုင်လုံရဲ့လား။ ဒီအချက်ကို သုံးသပ်ကြည့်ပါ– နောက်ဆုံးသောနေ့ရက်တွေအတွင်းမှာ မြေငလျင် ဘယ်နှစ်ကြိမ်လှုပ်မယ်ဆိုတာကို သမ္မာကျမ်းစာက အလေးပေးပြီး မဖော်ပြပါဘူး။ ဒါပေမဲ့ ‘ငလျင်ကြီး’ တွေ “တစ်နေရာပြီး တစ်နေရာဖြစ်လိမ့်” မယ်ဆိုတာကိုတော့ ဖော်ပြပေးထားပါတယ်။ လူ့သမိုင်းတစ်လျှောက်ရဲ့ အလွန်အရေးပါတဲ့ အခုအချိန်မှာ မြေငလျင်တွေဟာ ထူးခြားတဲ့ အသွင်အပြင်တစ်ခုဖြစ်နေတယ်။—မာကု ၁၃:၈; လုကာ ၂၁:၁၁

သင်ကော ဘယ်လိုထင်သလဲ။ ကျမ်းစာမှာ ကြိုပြောထားတဲ့အတိုင်း မြေငလျင်ကြီးတွေလှုပ်တာကို တွေ့နေရသလား။

ကျွန်ုပ်တို့ဟာ နောက်ဆုံးသောနေ့ရက်တွေမှာ အသက်ရှင်နေရတယ်ဆိုတာကို မြေငလျင်တစ်မျိုးတည်းနဲ့ပဲ သက်သေအခိုင်အလုံ ပြလို့ရမယ်မထင်ဘူး။ မြေငလျင်တွေနဲ့ပတ်သက်တဲ့ ကြိုဟောချက်တစ်ခုပဲ ပြည့်စုံနေတာ မဟုတ်ပါဘူး။ ပြည့်စုံနေတဲ့ နောက်ကြိုဟောချက်တစ်ခုကို သုံးသပ်ကြည့်ရအောင်။

[စာမျက်နှာ ၄ ပါအကျဉ်းဖော်ပြချက်]

“ကျွန်တော်တို့ [ဘူမိရူပဗေဒပညာရှင်တွေ] က သိပ္ပံပညာရှုထောင့်နဲ့ မြေငလျင်ကြီးတွေလို့ ခေါ်ကြပေမဲ့ သာမန်လူတွေကတော့ ဆိုးဝါးလွန်းတဲ့ဖြစ်ရပ်လို့သာ ပြောကြမှာဖြစ်တယ်။”—ကဲန် ဟာနက်၊ အမေရိကန်ဘူမိဗေဒဆိုင်ရာစစ်တမ်း။

[Picture Credit Line on page 4]

© William Daniels/Panos Pictures