မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၁ ဘုရားသခင်ဟာ နားမလည်နိုင်တဲ့ နက်နဲရာဖြစ်—မှန်ပါသလား

၁ ဘုရားသခင်ဟာ နားမလည်နိုင်တဲ့ နက်နဲရာဖြစ်—မှန်ပါသလား

၁ ဘုရားသခင်ဟာ နားမလည်နိုင်တဲ့ နက်နဲရာဖြစ်—မှန်ပါသလား

သင် ကြားသိထားရာ– “ဘုရားသခင်ဟာ နားမလည်နိုင်တဲ့နည်းတွေနဲ့ လုပ်ဆောင်တယ်။”

“ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်ဟာ နားမလည်နိုင်အောင် ခက်ခဲနက်နဲလွန်းတယ်။”—အာသန်နေဆီယန် အယူဝါဒ၊ ချာ့ခ်ျအတော်များများရဲ့ သုံးပါးပေါင်းတစ်ဆူ သွန်သင်ချက်။

ကျမ်းစာသွန်သင်ရာ– ‘မှန်သောဘုရားသခင် တစ်ဆူတည်း ဖြစ်တော်မူသော ကိုယ်တော်နှင့်ဆိုင်သည့် အသိပညာကို ဆည်းပူး’ တဲ့သူတွေဟာ အကျိုးကျေးဇူးများစွာ ရရှိမှာဖြစ်တယ်လို့ ယေရှုပြောခဲ့တယ်။ (ယောဟန် ၁၇:၃) ဒါပေမဲ့ ဘုရားသခင်ဟာ နားမလည်နိုင်တဲ့ နက်နဲရာဖြစ်တယ်ဆိုရင် ကိုယ်တော်နဲ့ပတ်သက်တဲ့ အသိပညာကို ဘယ်လိုဆည်းပူးနိုင်မလဲ။ ဘုရားသခင်ဟာ မိမိအကြောင်းကို ဖုံးကွယ်ထားဖို့ နေနေသာသာ လူတိုင်းကို သိစေချင်တယ်။—ယေရမိ ၃၁:၃၄

ဘုရားသခင်အကြောင်းကို လုံးစေ့ပတ်စေ့ သိရှိရမှာတော့ မဟုတ်ပါဘူး။ အဲဒါ မှန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ရဲ့ အကြံအစည်တော်တွေနဲ့ နည်းလမ်းတော်တွေဟာ ကျွန်ုပ်တို့ထက် သာလွန်မြင့်မြတ်လို့ပါပဲ။—ဒေ. ၃:၁၁; ဟေရှာယ ၅၅:၈၊ ၉သမ္မာ။

အမှန်တရားကို သိရှိခြင်းမှ အကူအညီရနိုင်ပုံ– ဘုရားသခင်ဟာ နားမလည်နိုင်တဲ့ နက်နဲရာဖြစ်မယ်ဆိုရင် ဘုရားသခင်အကြောင်း သိအောင် ဘာကြောင့်ကြိုးစားရမှာလဲ။ ဒါပေမဲ့ ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို သူ့အကြောင်း နားလည်စေချင်သလို သူနဲ့ရင်းနှီးတဲ့ ဆက်ဆံရေးလည်း ရှိစေချင်တယ်။ အာဗြဟံလို့ခေါ်တဲ့ ရှေးသစ္စာရှိအမျိုးသားတစ်ယောက်ကို “ငါ့အဆွေ” လို့ ဘုရားသခင် ခေါ်ဆိုခဲ့တယ်။ ရှေးအစ္စရေးဘုရင် ဒါဝိဒ်ကလည်း ဒီလိုရေးခဲ့တယ်-‘ထာဝရဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၌ ကိုယ်တော်နှင့်မိတ်သဟာယဖွဲ့ရသော အခွင့်ရှိ၏။’—ဟေရှာယ ၄၁:၈; ဆာလံ ၂၅:၁၄သမ္မာ။

ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်ဆိုတဲ့ အယူအဆက ယုတ္တိမရှိတဲ့ပုံပေါက်နေသလား။ ကျမ်းစာရဲ့ ဒီဖော်ပြချက်ကို သတိပြုကြည့်ပါ– “ဘုရားသခင်သည် ငါတို့တွင် မည်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်။” (တမန်တော် ၁၇:၂၇) ဘယ်လိုနည်းနဲ့လဲ။ ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိနိုင်ဖို့ ကျွန်ုပ်တို့လိုအပ်ရာတွေကို သမ္မာကျမ်းစာမှာ ကိုယ်တော် ပြင်ဆင်ပေးထားပါတယ်။ *

ဘုရားသခင်က မိမိရဲ့နာမည်ကို ယေဟောဝါလို့ ကျမ်းစာထဲမှာ ဖော်ပြပေးထားပါတယ်။ (ယေရမိ ၃၃:၂) ဘုရားသခင်ဟာ မိမိ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာကို ကျွန်ုပ်တို့သိနိုင်အောင် ဘုရားသခင်နဲ့လူသားတွေရဲ့ ပြုမူဆက်ဆံပုံအကြောင်း ကျမ်းစာထဲမှာ မှတ်တမ်းတင်ထားတယ်။ အဲဒီအပြင် ကိုယ်တော့်ရဲ့ ခံစားချက်တွေကိုလည်း ဖော်ပြပေးထားတယ်။ ဘုရားသခင်ဟာ “ချစ်သနားခြင်းမေတ္တာနှင့် ပြည့်စုံ၍ အမျက်ထွက်နှေးခြင်း၊ ချစ်ခင်ကြင်နာခြင်းနှင့် အမှန်တရားဖြင့် ပြည့်စုံ” တယ်။ (ထွက်မြောက်ရာ ၃၄:၆ကဘ) ကျွန်ုပ်တို့ရဲ့လုပ်ရပ်တွေက ဘုရားသခင်ရဲ့ ခံစားချက်တွေအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ ဥပမာ၊ ရှေးခေတ်အစ္စရေးလူတွေ ဘုရားသခင်ကို ပုန်ကန်တဲ့အခါ ကိုယ်တော် “စိတ်တော်နာ” ခဲ့တယ်။ ဘုရားသခင်ရဲ့စကားကို သူတို့လိုက်လျှောက်တဲ့အခါ ကိုယ်တော် စိတ်ရွှင်လန်းခဲ့တယ်။—ဆာလံ ၇၈:၄၀; သု. ၂၇:၁၁

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ဘုရားသခင်နဲ့ပတ်သက်တဲ့ ကျမ်းစာဖော်ပြချက်တွေကို ပိုပြီးသိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်းစာအုပ်ရဲ့ အခန်း ၁ ကို ဖတ်ကြည့်နိုင်ပါတယ်။

[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]

ဘုရားသခင်ဟာ နားလည်ရခက်တဲ့ သုံးပါးပေါင်းတစ်ဆူဖြစ်မယ်ဆိုရင် ဘုရားသခင်ကို ဘယ်လိုလုပ် အမှန်တကယ် သိကျွမ်းနိုင်မလဲ

[Picture Credit Line on page 4]

The Trinity c.1500, Flemish School, (16th century) / H. Shickman Gallery, New York, USA / The Bridgeman Art Library International