မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်စာရှုသူများအတွက်

မတရားမှုကို ရွံမုန်းတဲ့ ဘုရားသခင်

မတရားမှုကို ရွံမုန်းတဲ့ ဘုရားသခင်

လမ်းညွှန်ချက်များ– ဒီလေ့ကျင့်ခန်းကို ဆိတ်ငြိမ်တဲ့ဝန်းကျင်မှာ ပြုလုပ်ပါ။ အဖြစ်အပျက်ကို အသက်ဝင်စေပါ။ ဘယ်လိုအသက်ဝင်စေနိုင်သလဲဆိုရင် ကျမ်းချက်တွေကိုဖတ်ရှုရင်း အဖြစ်အပျက်မှာ သင် ပါဝင်နေတယ်လို့ စိတ်ကူးကြည့်ပါ။ စိတ်ထဲမှာ မြင်ယောင်ပါ။ အသံတွေကို ကြားယောင်ပါ။ ဇာတ်ကောင်တွေ ခံစားသလို လိုက်ခံစားကြည့်ပါ။

အဓိကဇာတ်ကောင်များ– အာဟပ်၊ ယေဇဗေလ၊ နာဗုတ်နဲ့ ဧလိယ

အကျဉ်းချုပ်– ယေဇဗေလ မြှောက်ထိုးပင့်ကော်လုပ်တဲ့အတွက် စပျစ်ခြံရဖို့ အာဟပ်ဘုရင် လူသတ်မှုကျူးလွန်ခဲ့

၃ ဓမ္မရာဇဝင် ၂၁:၁-၂၆ ကိုဖတ်ပြီး အဖြစ်အပျက်တွေကို ဆန်းစစ်ပါ။

ဒီမှတ်တမ်းမှာပါတဲ့ ဇာတ်ကောင်လေးယောက်က ဘယ်လိုပုံစံမျိုးလဲဆိုတာကို သင့်စိတ်ထဲ မြင်ယောင်ကြည့်လိုက်ပါ။

အာဟပ် _______

ယေဇဗေလ _______

နာဗုတ် _______

ဧလိယ _______

အခန်းငယ် ၅-၇ မှာဖော်ပြထားတဲ့အတိုင်း ယေဇဗေလနဲ့ အာဟပ်တို့ ဘယ်လိုလေသံနဲ့ စကားပြောကြမယ်ဆိုတာကို ပိုင်းခြားကြည့်ပါ။

․․․․․

အခန်းငယ် ၁၃ မှာဖော်ပြထားတဲ့ ရုတ်ရုတ်သဲသဲ အခြေအနေကို သင် မြင်ယောင်တဲ့အတိုင်း ဖော်ပြကြည့်ပါ။

․․․․․

အခန်းငယ် ၂၀-၂၆မှာဖော်ပြထားတဲ့အတိုင်း ဧလိယနဲ့အာဟပ်တို့ရဲ့ စကားအချေအတင်ပြောဆိုမှုမှာ ဘယ်လိုခံစားချက်တွေ ရှိနေသလဲ။

․․․․․

ထပ်လေ့လာကြည့်ပါဦး။

အခန်းငယ် ၇ နဲ့ ၂၅ မှာ ယေဇဗေလရဲ့ ဘယ်လိုဉာဉ်ဆိုး (တွေ) ကိုဖော်ပြထားပါသလဲ။

․․․․․

အခန်းငယ် ၄ မှာ အာဟပ်ရဲ့ ဘယ်လိုဉာဉ်ဆိုး (တွေ) ကိုဖော်ပြထားပါသလဲ။

․․․․․

နာဗုတ်ရဲ့စပျစ်ခြံကို ရဖို့ တခြားဘယ်သူတွေကိုလည်း အာဟပ်သတ်ခဲ့သလဲ။ (၄ ဓမ္မရာဇဝင် ၉:၂၄-၂၆ ကိုဖတ်ပါ။)

․․․․․

ယေဟောဝါဘုရားသခင်ရဲ့အမြင်မှာ အာဟပ်က ဘယ်လိုလူစားမျိုးလဲ။ (အခန်းငယ် ၂၅ နဲ့ ၂၆ ကိုပြန်ဖတ်ပါ။ ၃ ဓမ္မရာဇဝင် ၁၆:၃၀-၃၃ ကိုလည်း ဖတ်ကြည့်ပါ။)

․․․․․

လေ့ကျင့်ခန်းလုပ်ပြီးတဲ့နောက် အောက်ပါအချက်တွေနဲ့ပတ်သက်ပြီး သင် သိရှိခဲ့ရာတွေကို ချရေးပါ။

မတရားတဲ့လုပ်ရပ်တွေကို ယေဟောဝါဘုရားသခင် သတိပြုမိခြင်း။

․․․․․

မတရားလုပ်ခံရတဲ့သူတွေကို ယေဟောဝါဘုရားသခင် စိုးရိမ်မကင်းဖြစ်ခြင်း။

․․․․․

ယေဟောဝါဟာ တရားမျှတတဲ့ ဘုရားသခင်ဖြစ်တယ်ဆိုတာ ဖော်ပြပုံ။ (တရားဟောရာ ၃၂:၄ ကိုဖတ်ပါ။)

․․․․․

သင့်ဘဝမှာ လက်တွေ့ကျင့်သုံးပါ။

ယေဇဗေလမှာရှိတဲ့ စိတ်ဓာတ်မျိုးကို ကနေ့ခေတ်လူတွေ ဘယ်လိုပြသနေကြသလဲ။ (ဗျာဒိတ် ၂:၁၈-၂၁ ကိုဖတ်ပါ။)

․․․․․

ဧလိယမှာရှိတဲ့ ရဲစွမ်းသတ္တိကို ဘယ်လိုအခြေအနေမျိုးတွေမှာ ကျွန်ုပ်တို့လည်း ပြသနိုင်သလဲ။

․․․․․

မတရားမှုတွေကို တွေ့မြင်တဲ့အခါ ဒါမှမဟုတ် တွေ့ကြုံရတဲ့အခါ ဘယ်အရာကို သင်ယုံကြည်စိတ်ချနိုင်သလဲ။

․․․․․

ဒီမှတ်တမ်းမှာ ဘယ်အချက်တွေက သင့်စိတ်ကို အရမ်းထိမိစေသလဲ။ ဘာကြောင့်လဲ။

․․․․․

․․․․․

အကြံပြုချက်– ဒီမှတ်တမ်းကို ရုပ်မြင်သံကြားသတင်းအစီအစဉ်မှာ သတင်းထောက်က သတင်းထုတ်ပြန်နေသလိုမျိုး ပြောင်းလုပ်ကြည့်ပါ။ အဖြစ်အပျက်ကို သတင်းထုတ်ပြန်နေပြီး အဓိကဇာတ်ကောင်တွေနဲ့ မျက်မြင်သက်သေတွေကို တွေ့ဆုံမေးမြန်းသလိုမျိုး သရုပ်ဆောင်ကြည့်ပါ။

www.pr418.com ဝက်ဘ်ဆိုက်ကို ကြည့်ပါ

အင်တာနက်ကနေတစ်ဆင့် သမ္မာကျမ်းစာကို ဖတ်ရှုပါ

ဒီဆောင်းပါးကို ကူးယူနိုင်ပါတယ်