မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး– ယုံကြည်စိတ်ချနိုင်တဲ့ ဘာသာရေးအဖွဲ့အစည်း ရှိသလား

သင့်ရဲ့ဘာသာရေးအဖွဲ့အစည်းကို ဆန်းစစ်ဖို့ ဘာကြောင့်လိုအပ်သလဲ

သင့်ရဲ့ဘာသာရေးအဖွဲ့အစည်းကို ဆန်းစစ်ဖို့ ဘာကြောင့်လိုအပ်သလဲ

သင်ဟာ အသက်အန္တရာယ်ရှိတဲ့ ရောဂါကြောင့် ခွဲစိတ်ဖို့လိုတယ် ဆိုပါစို့။ သင့်အသက်ဟာ ခွဲစိတ်ဆရာဝန်အပေါ်မှာ မူတည်နေတဲ့အတွက် သူ့ကို သင် အပြည့်အဝ ယုံကြည်စိတ်ချချင်မှာပဲ။ ဒါကြောင့် ခွဲစိတ်ဆရာဝန်ဟာ ခွဲစိတ်မှုမှာ ကျွမ်းကျင်မှုရှိမရှိ သင် သေသေချာချာ ဆန်းစစ်မယ်မဟုတ်ဘူးလား။

အဲဒီလိုပါပဲ၊ ဘာသာရေးအဖွဲ့အစည်းကို သေသေချာချာ ဆန်းစစ်မယ်ဆိုရင် ပညာရှိရာရောက်ပါတယ်။ သင်ဟာ ဘာသာရေးအဖွဲ့အစည်းတစ်ခုရဲ့ အသင်းသားတစ်ယောက်ဖြစ်တယ်ဆိုရင် သင့်ရဲ့ ထာဝရကောင်းကျိုးဟာ သင့်ရဲ့ ဘာသာရေးအဖွဲ့အစည်းအပေါ်မှာ မူတည်ပါတယ်။

သင့်ရဲ့ဘာသာရေးအဖွဲ့အစည်းကို အမှန်အတိုင်း ရှုမြင်တတ်ဖို့ စံနှုန်းတစ်ခုကို ယေရှု ပေးခဲ့ပါတယ်။ “အသီးအားဖြင့် အပင်ကို သိရ၏” လို့ ယေရှုပြောခဲ့တယ်။ (လုကာ ၆:၄၄) ဥပမာ၊ အပွေးမြင် အပင်သိဆိုသလို အဲဒီဘာသာဝင်တွေရဲ့ အမူအကျင့်တွေကိုကြည့်ပြီး သူတို့ဘာသာတရားရဲ့ အနှစ်သာရကို တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် သင် သက်ဝင်ယုံကြည်တဲ့ ဘာသာရဲ့ အသင်းသားတွေဟာ ဘယ်လိုအမူအကျင့်တွေကို ကျင့်ကြံနေကြသလဲ။ ဘာသာရေးခေါင်းဆောင်တွေဟာ ငွေကြေးကို အလွန်အမင်း အရေးပေးနေသလား။ အသင်းသားတွေဟာ စစ်မှု၊ ကိုယ်ကျင့်တရားတို့နဲ့ပတ်သက်တဲ့ ကျမ်းစာမူတွေကို လိုက်နာနေကြသလား။ ဒါဆိုရင် ယုံကြည်စိတ်ချထိုက်တဲ့ ဘာသာရေးအဖွဲ့အစည်းဆိုတာ ရှိပါသေးသလား။ နောက်စာမျက်နှာတွေမှာ ဖော်ပြထားတဲ့ ဆောင်းပါးတွေကို သင်ကိုယ်တိုင် ဆန်းစစ်ကြည့်ပါ။

“အသီးအားဖြင့် အပင်ကို သိရ၏။”—လုကာ ၆:၄၄