မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ရုပ်ပုံကို ကြည့်ပါဦး”

“ရုပ်ပုံကို ကြည့်ပါဦး”

လေ့လာဖို့မဂ္ဂဇင်းအသစ်ရပြီဆိုတာနဲ့ သင့်ကိုယ်သင် ဒါမှမဟုတ် တခြားတစ်ယောက်ယောက်ကို အဲဒီလို ပြောဖူးသလား။ သေချာရွေးချယ်ပြီး ထည့်သွင်းထားတဲ့ လှပတဲ့ရုပ်ပုံတွေနဲ့ ဓာတ်ပုံတွေမှာ ရည်ရွယ်ချက်တစ်ခုရှိတယ်။ အဲဒါတွေက ကျွန်ုပ်တို့ကို စဉ်းစားစေ၊ ခံစားစေတဲ့ သင်ထောက်ကူပစ္စည်းတွေပဲ။ အဲဒါတွေက အထူးသဖြင့် ကင်းမျှော်စင်သင်တန်းအတွက် ပြင်ဆင်တဲ့အခါမှာ၊ ပါဝင်ဖြေဆိုတဲ့အခါမှာ အကူအညီဖြစ်စေနိုင်ပါတယ်။

ဥပမာ၊ လေ့လာရန်ဆောင်းပါးတစ်ခုစီရဲ့ နိဒါန်းမှာပါတဲ့ ပထမဆုံးရုပ်ပုံကို ဘာကြောင့် ထည့်ထားတယ်ဆိုတာကို စဉ်းစားပါ။ အဲဒါက ဘာကို သရုပ်ဖော်တာလဲ။ ဆောင်းပါးခေါင်းစဉ် ဒါမှမဟုတ် အဓိကကျမ်းချက်နဲ့ ဘယ်လိုသက်ဆိုင်သလဲ။ တခြားရုပ်ပုံတွေကော ဆွေးနွေးနေတဲ့အကြောင်းအရာ ဒါမှမဟုတ် သင့်ဘဝနဲ့ ဘယ်လိုသက်ဆိုင်သလဲဆိုတာ စဉ်းစားကြည့်ပါ။

ကင်းမျှော်စင်သင်တန်းမှူးဟာ ညီအစ်ကိုညီအစ်မတွေ ရုပ်ပုံတစ်ပုံစီနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့၊ ရုပ်ပုံက သင်ခန်းစာနဲ့ ဘယ်လိုသက်ဆိုင်တယ် ဒါမှမဟုတ် တစ်ဦးစီချင်းအပေါ် ဘယ်လို အကျိုးသက်ရောက်တယ်ဆိုတာ ပြောပြဖို့ အခွင့်အရေးပေးမှာဖြစ်တယ်။ တစ်ခါတလေ ရုပ်ပုံစာမှာ ရုပ်ပုံနဲ့သက်ဆိုင်တဲ့စာပိုဒ်နံပါတ်ကို ဖော်ပြပေးထားတယ်။ တချို့အချိန်တွေမှာတော့ သင်တန်းမှူးက ဘယ်စာပိုဒ်မှာ ဘယ်ပုံကို ဆွေးနွေးတာက အကောင်းဆုံးဖြစ်မယ်ဆိုတာ ဆုံးဖြတ်နိုင်ပါတယ်။ ဒီနည်းအားဖြင့် ဘုရားသခင့်တရားစကားတော်မှာပါတဲ့ သင်ခန်းစာတွေကို စာဖတ်သူတွေ မြင်သာလာအောင် ကူညီပေးတဲ့အရာတွေကနေ ကျွန်ုပ်တို့ အားလုံး အကျိုးအပြည့်ဝ ရရှိကြမှာဖြစ်တယ်။

ညီအစ်ကိုတစ်ယောက်က “တကယ်ကောင်းတဲ့ဆောင်းပါးတစ်ခုကို ဖတ်ပြီးနောက်မှာ ရုပ်ပုံတွေက အချိုပေါ် သကာလောင်းထားသလို ဆောင်းပါးကို ပိုစိတ်ဝင်စားစေပြီး ပိုဆွဲဆောင်မှုရှိစေတယ်” လို့ပြောတယ်။