မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အုပ်ချုပ်ရေးအဖွဲ့ရဲ့ အဖွဲ့ဝင်သစ်တစ်ဦး

အုပ်ချုပ်ရေးအဖွဲ့ရဲ့ အဖွဲ့ဝင်သစ်တစ်ဦး

စက်တင်ဘာလ ၅ ရက်၊ ၂၀၁၂၊ ဗုဒ္ဓဟူးနေ့မနက်မှာ ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့မှာ အဖွဲ့ဝင်သစ်တစ်ဦး ထပ်တိုးလာတယ်ဆိုတဲ့အကြောင်း အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါမှာရှိတဲ့ ဗေသလမိသားစုဝင်တွေကို ကြေညာခဲ့တယ်။ ၂၀၁၂၊ စက်တင်ဘာ ၁ ရက်ကစပြီး မာ့ခ် ဆန်ဒါစန်ဟာ ဒီတာဝန်ကို စထမ်းဆောင်ခဲ့တယ်။

ညီအစ်ကို ဆန်ဒါစန်ဟာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယေးဂိုးမြို့မှာ ခရစ်ယာန်မိဘနှစ်ပါးကနေ မွေးဖွားလာပြီး ၁၉၇၅၊ ဖေဖော်ဝါရီ ၉ ရက်မှာ နှစ်ခြင်းခံခဲ့တယ်။ သူဟာ ၁၉၈၃၊ စက်တင်ဘာ ၁ ရက်မှာ ကနေဒါနိုင်ငံ၊ ဆက်စ်ခက်ချဝမ်ဒေသမှာ ရှေ့ဆောင်အနေနဲ့စပြီး အမှုဆောင်ခဲ့တယ်။ အမေရိကန်ပြည်ထောင်စုမှာ ကျင်းပတဲ့ ခုနစ်ကြိမ်မြောက် ဓမ္မအမှုသင်တန်းကျောင်း(အခုအခေါ် တစ်ကိုယ်ရေညီအစ်ကိုများအတွက် ကျမ်းစာသင်တန်း) ကိုတက်ရောက်ပြီး ၁၉၉၀၊ ဒီဇင်ဘာ ၁ ရက်နေ့မှာ သင်တန်းဆင်းခဲ့တယ်။ ညီအစ်ကို ဆန်ဒါစန်ဟာ ၁၉၉၁၊ ဧပြီလမှာ ကနေဒါမှာရှိတဲ့ နယူးဖောင်လန်ကျွန်းမှာ အထူးရှေ့ဆောင်အနေနဲ့ အမှုဆောင်ဖို့ ခန့်အပ်ခံခဲ့ရတယ်။ အရန်တိုက်နယ်ကြီးကြပ်မှူးအနေနဲ့ အမှုဆောင်ပြီးတဲ့နောက် ၁၉၉၇၊ ဖေဖော်ဝါရီလမှာ ကနေဒါဗေသလမိသားစုဝင်အဖြစ် ဖိတ်ခေါ်ခံခဲ့ရတယ်။ ၂၀၀၀ ပြည့်နှစ်၊ နိုဝင်ဘာမှာ အမေရိကန်နိုင်ငံ ဌာနခွဲရုံးကို ပြောင်းရွှေ့ပြီး ဆေးရုံအချက်အလက်ဌာနနဲ့ နောက်ပိုင်း လုပ်ငန်းတော်ဌာနမှာ အမှုဆောင်ခဲ့တယ်။

၂၀၀၈၊ စက်တင်ဘာလမှာ ညီအစ်ကို ဆန်ဒါစန်ဟာ ဌာနခွဲကော်မတီဝင်တွေအတွက် သင်တန်းကို တက်ခဲ့ပြီး နောက်ပိုင်းမှာ ဖိလစ်ပိုင်ဌာနခွဲကော်မတီဝင်အဖြစ် ခန့်အပ်ခံရတယ်။ ၂၀၁၀၊ စက်တင်ဘာလမှာ အမေရိကန်ပြည်ထောင်စုကိုပြန်လာဖို့ ဖိတ်ခေါ်ခံခဲ့ရပြီး အုပ်ချုပ်ရေးအဖွဲ့ရဲ့ လုပ်ငန်းတော်ကော်မတီမှာ ကူညီပေးတဲ့သူအဖြစ် အမှုဆောင်ခဲ့တယ်။