မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

သေလွန်သူတွေအတွက် မျှော်လင့်ချက်ရှိပါသလား

သေလွန်သူတွေဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့သူတွေနဲ့ တူကြတယ်။ သူတို့ဟာ ဘာမှမသိသလို၊ ဘာမှလည်း မလုပ်နိုင်ကြဘူး။ ဒါပေမဲ့ အသက်ကို ဖန်ဆင်းတဲ့အရှင်က သေလွန်သူတွေကို အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်ပါတယ်။ ဒါကို သက်သေပြဖို့ သေလွန်သူတချို့ကို အသက်ပြန်ရှင်စေနိုင်အောင် ဘုရားသခင်က ယေရှုကို တန်ခိုးပေးခဲ့တယ်။—ဒေသနာ ၉:၅; ယောဟန် ၁၁:၁၁၊ ၄၃၊ ၄၄ တို့ကို ဖတ်ပါ။

သေလွန်သူတွေဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့သူတွေနဲ့ ဘယ်လိုဆင်တူသလဲ

ဘုရားမှတ်ဉာဏ်ထဲမှာရှိတဲ့ သေလွန်သူတွေဟာ ဖြောင့်မတ်တဲ့ကမ္ဘာသစ်မှာ အသက်ပြန်ရှင်လာကြမယ်လို့ ဘုရား ကတိပြုထားတယ်။ ဒါကြောင့် ဘုရားသခင် သတ်မှတ်ထားတဲ့အချိန်မှာ သေလွန်သူတွေ အသက်ပြန်ရှင်လာကြမယ်။ ဒါ့အပြင် အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်ဟာ သေလွန်သူတွေကို အသက်ပြန်ရှင်လာအောင် လုပ်ပေးချင်စိတ်လည်း ပြင်းပြပါတယ်။—ယောဘ ၁၄:၁၄၊ ၁၅ ကိုဖတ်ပါ။

ဘယ်လိုမျိုး အသက်ပြန်ရှင်လာမှာလဲ

သေလွန်သူတွေ အသက်ပြန်ရှင်လာတဲ့အခါ သူတို့ဟာ ကိုယ့်ကိုယ်ကိုယ်ရော သူတို့မိတ်ဆွေတွေနဲ့ဆွေမျိုးတွေကိုပါ မှတ်မိနိုင်ကြပါလိမ့်မယ်။ သေလွန်သူရဲ့ ကိုယ်ခန္ဓာ ပုပ်ပျက်သွားပေမဲ့ ဘုရားသခင်က အဲဒီလူကိုပဲ ခန္ဓာကိုယ်အသစ်နဲ့ အသက်ပြန်ရှင်လာအောင် လုပ်ပေးနိုင်ပါတယ်။—၁ ကောရိန္သု ၁၅:၃၅၊ ၃၈ ကိုဖတ်ပါ။

အသက်ပြန်ရှင်လာမယ့်သူတွေထဲမှာ ကောင်းကင်သွားမယ့်သူနဲ့ မြေကြီးမှာနေမယ့်သူဆိုပြီး ခွဲခြားထားတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဗျာဒိတ် ၂၀:၆) အသက်ပြန်ရှင်လာမယ့်သူ အများစုဟာ ဧဒင်ဥယျာဉ်သဖွယ် အေးချမ်းသာယာတဲ့ ကမ္ဘာမြေပေါ်မှာ နေထိုင်ကြပါလိမ့်မယ်။ သူတို့ဟာ ထာဝစဉ် အသက်ရှင်နိုင်ဖို့ ဘဝကို အသစ်ပြန်စကြပါလိမ့်မယ်။—ဆာလံ ၃၇:၂၉; မဿဲ ၅:၅; တမန်တော် ၂၄:၁၅ တို့ကို ဖတ်ပါ။