မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | သေခြင်းဆိုတာ ဘဝရဲ့ထာဝရနိဂုံးလား

သေခြင်းတရားကို အောင်နိုင်ဖို့ လူတွေ ကြိုးစားကြ

သေခြင်းတရားကို အောင်နိုင်ဖို့ လူတွေ ကြိုးစားကြ

ဧကရာဇ်မင်း ချင်ချီဝှန်

နယ်မြေသစ်ရှာဖွေသူ ပွန်စေ ဒေ လေအော့န်

လူတွေအတွက် ကြောက်စရာကောင်းတဲ့ ရန်သူတစ်ပါးကတော့ သေခြင်းပါပဲ။ ဒါကြောင့် သေခြင်းတရားကို ကျော်လွှားနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ ချစ်ရတဲ့သူတစ်ယောက်ယောက် သေဆုံးသွားတာကိုလည်း လက်မခံချင်ကြဘူး။ ငယ်ရွယ်စဉ်မှာ သေခြင်းအကြောင်း တစ်ခါမှ မစဉ်းစားကြဘူး၊ သေမှာလည်း မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် လှည့်စားတတ်ကြတယ်။

ရှေးအီဂျစ်ဘုရင်တွေက သေပြီးနောက် ဆက်အသက်ရှင်နိုင်မယ်ဆိုတာကို အလေးအနက် စဉ်းစားခဲ့ကြတယ်။ သူတို့ရဲ့ဘဝနဲ့ အလုပ်သမားတွေရဲ့ဘဝတွေကို ရင်းပြီး သေခြင်းကိုအောင်နိုင်ဖို့ ကြိုးစားခဲ့ကြတယ်။ သူတို့တည်ဆောက်ထားတဲ့ ပိရမစ်တွေက သူတို့ရဲ့ကြိုးစားအားထုတ်မှုကို ဖော်ပြနေတယ်။ ဧရာမပိရမစ်ကြီးတွေထဲမှာ မင်းမျိုးမင်းနွယ်တွေရဲ့ ဆေးစိမ်ထားတဲ့ ရုပ်ကလာပ်တွေကို ထည့်ထားတယ်။ ရည်ရွယ်ချက်က သူတို့ရဲ့ဝိညာဉ်ဟာ ရုပ်ကလာပ်တွေကို ပြန်အသုံးပြုပြီး ဆက်အသက်ရှင်ဖို့ဖြစ်တယ်။ ဒါပေမဲ့ ရုပ်ကလာပ်တွေ ဖျက်ဆီးခံလိုက်ရတဲ့အတွက် အီဂျစ်ဘုရင်တွေ ဆက်အသက်ရှင်ဖို့ ကြိုးစားအားထုတ်ခဲ့တာတွေ မအောင်မြင်ဘူးဆိုတာ ပိရမစ်တွေက ဖော်ပြနေတယ်။

တရုတ်ဧကရာဇ်မင်းတွေလည်း ထာဝစဉ်အသက်ရှင်နိုင်ဖို့ မျှော်လင့်ခဲ့ကြတယ်။ သူတို့ကတော့ အသက်ရှည်ဆေးကို ဖော်စပ်ဖို့ ကြိုးစားကြတယ်။ ဧကရာဇ်ချင်ချီဝှန်က သူ့ရဲ့ပညာရှင်တွေကို မသေနိုင်တဲ့ မှော်ဆေးရည် ဖော်စပ်ခိုင်းတယ်။ အဲဒီဆေးရည်တွေထဲမှာ အဆိပ်ဖြစ်စေတဲ့ပြဒါး ပါဝင်နေတယ်။ အဲဒီဆေးရည်တစ်မျိုးမျိုးကြောင့်နဲ့ပဲ သူ သေဆုံးခဲ့ပုံရတယ်။

ခရစ်နှစ် ၁၆ ရာစုမှာလည်း စပိန်လူမျိုး နယ်မြေသစ်ရှာဖွေသူ ဟွာန် ပွန်စေ ဒေ လေအော့န်က နုပျိုစေတဲ့ အံ့ဖွယ်စမ်းရေရှာဖို့ ကရစ်ဘီယန်ကျွန်းကို ရွက်လွင့်ခဲ့ရာကနေ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်ကို တွေ့ရှိခဲ့တယ်။ အဲဒီမှာ အမေရိကန်တိုင်းရင်းသားတွေနဲ့ စစ်ဖြစ်ပြီး နှစ်အနည်းငယ်အကြာမှာ သူ သေဆုံးသွားရှာတယ်။ နုပျိုစေတဲ့ အံ့ဖွယ်စမ်းရေကိုတော့ မတွေ့လိုက်ပါဘူး။

ရှေးအီဂျစ်ဘုရင်တွေ၊ တရုတ်ဧကရာဇ်မင်းတွေနဲ့ နယ်မြေသစ်ရှာဖွေသူတွေဟာ သေခြင်းတရားကို အောင်နိုင်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့ကြတယ်။ ကျွန်ုပ်တို့ဟာ သူတို့လို လိုက်မလုပ်နိုင်ပေမဲ့ သူတို့ ဘာကြောင့် အဲဒီလိုလုပ်ခဲ့တယ်ဆိုတာကိုတော့ နားလည်နိုင်ပါတယ်။ သေချာတာတစ်ခုကတော့ ကျွန်ုပ်တို့အားလုံးလည်း မသေချင်ကြပါဘူး။

သေခြင်းတရားကို အောင်နိုင်မှာလား

ကျွန်ုပ်တို့ ဘာကြောင့် မသေချင်ကြတာလဲ။ အကြောင်းရင်းကို သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ လူသားတွေရဲ့ အစပြုရှင် ယေဟောဝါဘုရား * က “ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ လျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ။ လူစိတ်နှလုံးကိုလည်း အနန္တ [ထာဝရ] ကာလ၌ စွဲလမ်းစေတော်မူပြီ” လို့ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဒေသနာ ၃:၁၁) ကျွန်ုပ်တို့ဟာ ချစ်ရတဲ့ မိသားစုနဲ့အတူ အသက် ၈၀ ဝန်းကျင်လောက်ပဲ နေရတာကို မကျေနပ်ကြဘူး။ ထာဝစဉ်နေချင်ကြတယ်။ (ဆာလံ ၉၀:၁၀) အကြောင်းကတော့ လူသားအားလုံးမှာ ထာဝစဉ်အသက်ရှင်ချင်တဲ့ ဆန္ဒရှိကြလို့ပါ။

ယေဟောဝါဘုရားက လူသားတွေရဲ့စိတ်ထဲမှာ ထာဝစဉ်အသက်ရှင်ချင်စိတ်ကို ဘာကြောင့် ထည့်ထားပေးတာလဲ။ စိတ်ဒုက္ခပေးဖို့လား။ လုံးဝမဟုတ်ပါဘူး။ အဲဒီအစား ဘုရားသခင်က သေခြင်းကို ပပျောက်အောင် လုပ်ပေးပြီး လူသားတွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်လို့ ကတိပေးထားပါတယ်။ သေခြင်းကို ဖယ်ရှားပေးပြီး ထာဝရအသက်ပေးမယ်ဆိုတဲ့ ဘုရားရဲ့ကတိတွေကို သမ္မာကျမ်းစာမှာ ထပ်ခါထပ်ခါ ဖော်ပြထားပါတယ်။— “သေခြင်းကို ဘုရားသခင် အောင်ပွဲဆင်” လေးထောင့်ကွက်ကို ကြည့်ပါ။

ယေရှုခရစ်ကိုယ်တိုင်လည်း ရှင်းရှင်းလင်းလင်း ဒီလိုဖော်ပြတယ်– “ထာဝရအသက်ရရန် မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်နှင့် စေလွှတ်ခြင်းခံရသော ယေရှုခရစ်တို့နှင့်ဆိုင်သည့် အသိပညာကို သူတို့ဆည်းပူးနေရမည်။” (ယောဟန် ၁၇:၃) ဒါကြောင့် သေခြင်းကို အောင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာ မဟုတ်ပါဘူး။ ဒါပေမဲ့ ယေရှု အခိုင်အမာ ဖော်ပြခဲ့သလို ယေဟောဝါဘုရားပဲ သေခြင်းတရားကို ပပျောက်အောင်လုပ်ပေးနိုင်ပါတယ်။

^ စာပိုဒ်၊ 9 ဘုရားသခင်ရဲ့နာမည်က ယေဟောဝါဖြစ်တယ်ဆိုတာ ကျမ်းစာမှာ ဖော်ပြထားပါတယ်။