မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

အနာဂတ်မှာ ယေရှု ဘာလုပ်ပေးမှာလဲ

အေဒီ ၃၃ မှာ ယေရှုသေဆုံးပြီးနောက် အသက်ပြန်ရှင်လာပြီး ကောင်းကင်တက်သွားတယ်။ နောက်ပိုင်းမှာ ဘုရင်အဖြစ် အုပ်ချုပ်ခွင့်အာဏာကို ရရှိခဲ့တယ်။ (ဒံယေလ ၇:၁၃၊ ၁၄) အနာဂတ်မှာ ယေရှုဟာ ဘုရင်အနေနဲ့ ကမ္ဘာကြီးကို ငြိမ်းချမ်းအောင်လုပ်ပေးပြီး ဆင်းရဲခက်ခဲမှုတွေကို ဖယ်ရှားပေးမှာဖြစ်တယ်။—ဆာလံ ၇၂:၇၊ ၈၊ ၁၃ ကိုဖတ်ပါ။

ဘုရင်ဖြစ်တဲ့ ယေရှုဟာ မဖြောင့်မတ်တဲ့ကမ္ဘာကြီးကို သန့်စင်ပေးတော့မှာဖြစ်

ဘုရင်ဖြစ်တဲ့ယေရှုဟာ လူသားထုအတွက် အံ့ဖွယ်အရာတွေကို လုပ်ပေးပါလိမ့်မယ်။ အာဒံနဲ့ ဧဝရရှိခဲ့ဖူးတဲ့ အပြစ်မရှိစုံလင်တဲ့အသက်ကို လူသားတွေပြန်ရရှိအောင် ခမည်းတော်ပေးထားတဲ့တန်ခိုးနဲ့ လုပ်ပေးမှာဖြစ်တယ်။ လူသားတွေဟာ အိုမင်းရင့်ရော်မှုနဲ့ သေခြင်းမရှိတော့တဲ့ ကမ္ဘာမြေကြီးမှာ နေထိုင်သွားရပါလိမ့်မယ်။—ယောဟန် ၅:၂၆–၂၉; ၁ ကောရိန္သု ၁၅:၂၅၊ ၂၆ တို့ကိုဖတ်ပါ။

ယေရှု အခုဘာလုပ်နေသလဲ

လူတွေဆီသွားပြီး ဘုရားနိုင်ငံတော်အကြောင်း ကျမ်းစာဖော်ပြထားတာတွေကို ဟောပြောနေကြတဲ့ ကမ္ဘာတစ်ဝန်းက နောက်လိုက်စစ်တွေကို လမ်းညွှန်ပေးနေပါတယ်။ ဘုရားသခင့်နိုင်ငံတော်က လူ့အုပ်ချုပ်မှုကို အစားထိုးသွားမယ့်အချိန်အထိ နောက်လိုက်တွေရဲ့ ဟောပြောခြင်းလုပ်ငန်းကို ဆက်ကူညီပေးသွားမယ်လို့ ယေရှုပြောခဲ့ပါတယ်။—မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀ တို့ကိုဖတ်ပါ။

စစ်မှန်တဲ့ ခရစ်ယာန်အသင်းတော်တွေကနေတစ်ဆင့် တပည့်တွေကို ကောင်းစွာအသက်ရှင်နေထိုင်တတ်ဖို့ ယေရှုလမ်းညွှန်ပေးနေပါတယ်။ လက်ရှိဆိုးညစ်တဲ့စနစ်ကို ဖယ်ရှားပြီး ဘုရားသခင်ကတိပေးထားတဲ့ ကမ္ဘာသစ် ရောက်တဲ့အထိ ယေရှု လမ်းညွှန်ပေးနေမှာဖြစ်တယ်။—၂ ပေတရု ၃:၇၊ ၁၃; ဗျာဒိတ် ၇:၁၇ တို့ကိုဖတ်ပါ။