မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | ကျမ်းစာ လေ့လာချင်ပါသလား

လူတိုင်းအတွက် ကျမ်းစာလေ့လာမှုအစီအစဉ်

လူတိုင်းအတွက် ကျမ်းစာလေ့လာမှုအစီအစဉ်

ယေဟောဝါသက်သေတွေကို သူတို့ရဲ့ဟောပြောခြင်းလုပ်ငန်းကြောင့် လူသိများကြတယ်။ ကျမ်းစာလေ့လာမှုအစီအစဉ်ကို ကမ္ဘာတစ်ဝန်းမှာ သူတို့ ပြုလုပ်နေတယ်ဆိုတာကိုလည်း သင် သိပါသလား။

၂၀၁၄ ခုနှစ်မှာ နိုင်ငံနဲ့ကျွန်းပေါင်း ၂၄၀ မှာရှိတဲ့ ယေဟောဝါသက်သေ ၈ သန်းကျော်က လတိုင်း ကျမ်းစာလေ့လာမှုအစီအစဉ် ၉,၅၀၀,၀၀၀ ပြုလုပ်ခဲ့ကြတယ်။ * ကျွန်ုပ်တို့နဲ့ ကျမ်းစာလေ့လာသူအရေအတွက်က နိုင်ငံ ၁၄၀ မှာရှိတဲ့ တစ်နိုင်ငံချင်းလူဦးရေထက် ပိုများနေပါတယ်။

ယေဟောဝါသက်သေတွေဟာ ကျမ်းစာလေ့လာမှုအစီအစဉ်လုပ်နိုင်အောင် ကျမ်းစာအုပ်တွေ၊ ကျမ်းစာအခြေပြုစာပေတွေ၊ မဂ္ဂဇင်းတွေကို ဘာသာစကားပေါင်း ၇၀၀ ခန့်နဲ့ စောင်ရေပေါင်း သန်း ၁၅၀၀ လောက် နှစ်စဉ် ပုံနှိပ်ထုတ်ဝေကြတယ်။ အဲဒါကြောင့် လူတွေဟာ သူတို့နှစ်သက်ရာ ဘာသာစကားနဲ့ ကျမ်းစာလေ့လာနိုင်တာဖြစ်တယ်။

ကျမ်းစာလေ့လာမှုအကြောင်း မေးတတ်တဲ့ မေးခွန်းများ

ကျမ်းစာကို ဘယ်လိုလေ့လာကြသလဲ

ကျမ်းစာထဲမှာပါတဲ့ အကြောင်းအရာတွေကို အမျိုးအစားခွဲပြီး အကြောင်းအရာနဲ့ဆက်နွှယ်နေတဲ့ ကျမ်းချက်တွေကို ဆွေးနွေးသုံးသပ်ကြတယ်။ ဥပမာ၊ ကျမ်းစာမှာ ဒီလိုမျိုးမေးခွန်းတွေကို ဖြေဆိုပေးထားတယ်– ဘုရားသခင်က ဘယ်သူလဲ။ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ။ နာမည် ရှိသလား။ ဘယ်နေရာမှာ နေသလဲ။ ကိုယ်တော်နဲ့ ကျွန်ုပ်တို့ ခင်မင်ရင်းနှီးလို့ရသလား။ ဒါဆိုရင် ဒီအဖြေတွေကို ကျမ်းစာထဲမှာ ဘယ်လိုရှာရမလဲ။

အဖြေတွေရှာတွေ့နိုင်အောင် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ကို ကျွန်ုပ်တို့ အသုံးပြုကြတယ်။ * အဲဒီစာအုပ်က ကျမ်းစာအခြေခံသွန်သင်ချက်တွေကို လူတွေနားလည်ဖို့ အထူးထုတ်ဝေထားတဲ့ စာအုပ်ဖြစ်ပါတယ်။ အဲဒီမှာ ဘုရားသခင်၊ ယေရှုခရစ်၊ ဆင်းရဲဒုက္ခ၊ သေလွန်သူတွေ အသက်ပြန်ရှင်လာခြင်း၊ ဆုတောင်းခြင်းစတဲ့ အကြောင်းအရာမျိုးစုံ ပါဝင်တယ်။

ဘယ်အချိန်နဲ့ ဘယ်နေရာမှာ ကျမ်းစာလေ့လာနိုင်မလဲ

သင် အဆင်ပြေမယ့် အချိန်နဲ့နေရာမှာ လေ့လာနိုင်ပါတယ်။

တစ်ခါလေ့လာရင် ဘယ်လောက်ကြာသလဲ

လူများစွာက တစ်ပတ်ကို တစ်နာရီ ဒါမှမဟုတ် ဒီထက်မကအချိန်ပေးပြီး ကျမ်းစာလေ့လာကြတယ်။ ဒါပေမဲ့ လေ့လာချိန်ကို အတိအကျမသတ်မှတ်ထားပါဘူး။ ကြာချိန်ကို ညှိနှိုင်းပေးလို့ရပါတယ်။ တချို့ကျတော့ တစ်ပတ်မှာ ၁၀ မိနစ်၊ ၁၅ မိနစ်လောက် လေ့လာကြတယ်။

ကျမ်းစာလေ့လာရင် ဘယ်လောက်ပေးရမှာလဲ

ကျမ်းစာလေ့လာမှုအစီအစဉ်နဲ့ အသုံးပြုတဲ့စာအုပ်တွေက အခမဲ့ဖြစ်ပါတယ်။ ဒါက “သင်တို့သည် အခမဲ့ရကြသည်ဖြစ်၍ အခမဲ့ပေးကမ်းကြလော့” ဆိုတဲ့ ယေရှုရဲ့ စကားနဲ့ကိုက်ညီပါတယ်။—မဿဲ ၁၀:၈

လေ့လာမှုအစီအစဉ် အစအဆုံး ဘယ်လောက်ကြာမှာလဲ

ကြာချိန်ကို သင်ကိုယ်တိုင် ဆုံးဖြတ်နိုင်ပါတယ်။ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်မှာ အခန်း ၁၉ ခန်းပါတဲ့အတွက် သင် နှစ်သက်တဲ့ အခန်းတချို့ ဒါမှမဟုတ် အားလုံးကို လေ့လာနိုင်ပါတယ်။

ကျမ်းစာလေ့လာရင် ယေဟောဝါသက်သေဖြစ်ဖို့လိုသလား

မလိုပါဘူး။ လူတိုင်း ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိမှန်း ကျွန်ုပ်တို့ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့လည်း ကျမ်းစာအခြေခံသွန်သင်ချက်တွေကို သိရှိလာသူတစ်ဦးက ကိုယ့်စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။

ထပ်သိချင်ရင် ဘယ်နေရာမှာ ရှာရမလဲ

Jw.org/mya ဝက်ဘ်ဆိုက်မှာ ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ချက်တွေနဲ့ လုပ်ဆောင်ပုံတွေအကြောင်း သတင်းအမှန်တွေ တင်ပေးထားပါတယ်။

ကျမ်းစာလေ့လာဖို့ ဘယ်လိုတောင်းခံနိုင်မလဲ

^ စာပိုဒ်၊ 4 ပုံမှန်အားဖြင့် ကျမ်းစာကို တစ်ယောက်ချင်းနဲ့ဖြစ်စေ၊ အုပ်စုငယ်နဲ့ဖြစ်စေ လေ့လာကြပါတယ်။

^ စာပိုဒ်၊ 9 ယေဟောဝါသက်သေတွေက ဒီစာအုပ်ကို ဘာသာစကားပေါင်း ၂၆၀ ကျော်နဲ့ အုပ်ရေ သန်း ၂၃၀ ကျော် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။