မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | အဆုံးနီးပြီလား

အဆုံးတိုင်တဲ့နေ့မှာ လူများစွာ လွတ်မြောက်မှာဖြစ်သလို သင်လည်း လွတ်မြောက်နိုင်

အဆုံးတိုင်တဲ့နေ့မှာ လူများစွာ လွတ်မြောက်မှာဖြစ်သလို သင်လည်း လွတ်မြောက်နိုင်

အဆုံးတိုင်တဲ့နေ့မှာ ဖျက်ဆီးခြင်းဘေးရှိလိမ့်မယ်လို့ ကျမ်းစာမှာ အခုလိုပြောထားတယ်– “အကြောင်းမူကား ဤလောကတည်ချိန်မှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောင်လည်း ဖြစ်မည်မဟုတ်သည့် ကြီးစွာသောဒုက္ခသည် ထိုကာလ၌ ဖြစ်လိမ့်မည်။ ထိုနေ့ရက်ကာလကို တိုစေတော်မမူလျှင် မည်သူမျှ ဘေးလွတ်မည်မဟုတ်။” (မဿဲ ၂၄:၂၁၊ ၂၂) ဒါပေမဲ့ လူအတော်များများ အဆုံးတိုင်တဲ့နေ့ကနေ လွတ်မြောက်ကြမယ်လို့ ဘုရားသခင် ဒီလိုကတိပေးထားပါတယ်– “လောကနှင့် လောကတပ်မက်ခြင်းတို့သည် ရွေ့သွားကွယ်ပျောက်ဆဲရှိ၏။ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်သောသူမူကား အစဉ်အမြဲတည်၏။”—၁ ယောဟန် ၂:၁၇

ဒီလောကရွေ့သွားကွယ်ပျောက်ချိန်မှာ လွတ်မြောက်ပြီး “အစဉ်အမြဲ” အသက်ရှင်ချင်ရင် သင် ဘာလုပ်ဖို့လိုအပ်ပါသလဲ။ အစားအစာတွေကို သိုလှောင်တော့မလား။ ရုပ်ပစ္စည်းတွေကို ကြိုတင်စီစဉ်ထားမလား။ အဲဒီလိုလုပ်မှာ မဟုတ်ပါဘူး။ ဦးစားပေးလုပ်ဆောင်ရမယ့် အရာတွေနဲ့ပတ်သက်ပြီး ကျမ်းစာမှာ သတ်သတ်မှတ်မှတ် တိုက်တွန်းထားပါတယ်။ “ထိုအရာရှိသမျှတို့သည် အရည်ပျော်ရမည်ဖြစ်သောကြောင့် မည်သို့သောလူစားဖြစ်သင့်သည်ကို ဆင်ခြင်ကြလော့။ သင်တို့သည် သန့်ရှင်းသောအမူအကျင့်များ ကျင့်၍ ဘုရားတရားဆည်းကပ်သူများ ဖြစ်သင့်၏။ ယေဟောဝါဘုရား၏နေ့ရောက်လာမည်ကို စောင့်မျှော်၍ စိတ်စွဲလမ်းကြလော့။” (၁ ပေတရု ၃:၁၀-၁၂) အရည်ပျော်သွားမယ့် “ထိုအရာရှိသမျှ” တွေထဲမှာ အကျင့်ပျက်ခြစားတဲ့လောကရဲ့ အုပ်ချုပ်မှုတွေအပြင် ဘုရားသခင်ရဲ့ အုပ်ချုပ်မှုထက် အဲဒီအုပ်ချုပ်မှုတွေကို ထောက်ခံတဲ့သူတွေ ပါဝင်မှာဖြစ်တယ်။ ဒါကြောင့် အစားအစာတွေသိုလှောင်နေမယ်ဆိုရင်တော့ ဖျက်ဆီးခြင်းဘေးကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။

ဒီကပ်ဘေးကနေ လွတ်မြောက်ချင်ရင် ယေဟောဝါဘုရားကို မှီခိုပြီး ကိုယ်တော်နှစ်သက်တဲ့ အမူအကျင့်တွေကို သင်ယူရမှာဖြစ်တယ်။ (ဇေဖနိ ၂:၃) အများမိုးခါးရေသောက်တိုင်း လိုက်မသောက်ဘဲ အရေးကြီးတဲ့အချိန်မှာ အသက်ရှင်နေရတယ်ဆိုတဲ့ ထင်ရှားတဲ့အမှတ်အသားတွေကို အသိအမှတ်ပြုပြီး “ယေဟောဝါဘုရား၏နေ့ ရောက်လာမည်ကို စောင့်မျှော်၍ စိတ်စွဲလမ်းကြ” ဖို့လိုပါတယ်။ အဆုံးတိုင်တော့မယ့်နေ့ကနေ လွတ်မြောက်အောင် ဘာလုပ်ရမလဲဆိုတာ ယေဟောဝါသက်သေတွေက သင့်ကို ကျမ်းစာထဲကနေ ပြပေးနိုင်ပါတယ်။