မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဆိုးသွမ်းမှု ဘယ်လိုဖြစ်ပေါ်လာတာလဲ

မကောင်းမှုလုပ်ဖို့ ယေရှုကို ကြိုးစားသွေးဆောင်ခဲ့တဲ့သူက ဘယ်သူလဲ။—မဿဲ ၄:၈-၁၀

ပုံမှန်အားဖြင့်တော့ လူတွေက အေးအေးဆေးဆေး၊ ရိုးရိုးသားသား၊ ကြင်ကြင်နာနာ နေချင်ကြတယ်။ ဒါဆို အကြမ်းဖက်မှု၊ မတရားမှု၊ ကြမ်းကြုတ်မှုတွေကို ဘာကြောင့် တွေ့ရတတ်တာလဲ။ ချောက်ချားစရာသတင်းတွေကို နေရာတကာမှာ ကြားနေရတယ်။ ဒါကြောင့် လူတွေ ဆိုးသွမ်းမှုတွေလုပ်လာအောင် တစ်ယောက်ယောက်ကများ မီးထိုးယပ်ခတ် လုပ်နေတာလား။—၁ ယောဟန် ၅:၁၉ ကိုဖတ်ပါ။

ဆိုးသွမ်းမှုတွေကို လုပ်ချင်စိတ်နဲ့ လူတွေကို ယေဟောဝါဘုရား ဖန်ဆင်းထားတာလား။ မဖန်ဆင်းထားပါဘူး။ လူတွေကို မိမိပုံသဏ္ဌာန်နဲ့၊ မိမိရဲ့မေတ္တာတော်ကို တုပချင်စိတ်နဲ့ ကိုယ်တော် ဖန်ဆင်းထားတာပါ။ (ကမ္ဘာဦး ၁:၂၇; ယောဘ ၃၄:၁၀) ဒါပေမဲ့ လူတွေကို လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်လည်း ပေးထားပါတယ်။ လူသားတွေရဲ့ဘိုးဘေး အာဒံနဲ့ဧဝက သူတို့သဘောနဲ့သူတို့ ဆိုးသွမ်းမှုလုပ်ပြီး ဘုရားသခင်ကိုတုပဖို့ ငြင်းပယ်လိုက်တဲ့အတွက် အပြစ်ရှိတဲ့သူတွေဖြစ်ကုန်တယ်။ ဒါကြောင့် ကျွန်ုပ်တို့အားလုံးလည်း သူတို့ဆီကနေ အပြစ်လုပ်လိုတဲ့ဆန္ဒကို အမွေရခဲ့ကြတယ်။—တရားဟောရာ ၃၂:၄၊ ၅ ကိုဖတ်ပါ။

ဆိုးသွမ်းမှုတွေ အမြဲရှိသွားမှာလား

ဘုရားသခင်က ကျွန်ုပ်တို့ရဲ့ ဆိုးသွမ်းမှုကိုလုပ်ချင်တဲ့ ဉာဉ်ဆိုးကို တွန်းလှန်စေချင်တယ်။ (သုတ္တံ ၂၇:၁၁) ဒါကြောင့် အမှားမလုပ်မိအောင် ဘယ်လိုရှောင်ရှားနိုင်တယ်၊ စစ်မှန်တဲ့ပျော်ရွှင်မှုကို ဘယ်လိုရှာတွေ့နိုင်တယ် ဆိုတဲ့အချက်တွေကို ကိုယ်တော် သွန်သင်ပေးနေပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ဘုရားသခင့်မေတ္တာတော်ကို ကျွန်ုပ်တို့ အပြည့်အဝ မတုပနိုင်ကြသေးပါဘူး။—ဆာလံ ၃၂:၈ ကိုဖတ်ပါ။

ခုချိန်မှာ ဆိုးသွမ်းမှုတွေ နေရာတကာမှာရှိနေတယ်။ ဒါပေမဲ့ ဘုရားသခင်က ဆိုးသွမ်းမှုကြောင့်ဖြစ်လာတဲ့ ဝမ်းနည်းဖွယ်ဆိုးကျိုးတွေကို လူတိုင်းကို သိမြင်စေချင်တဲ့အတွက် အချိန်အကန့်အသတ်နဲ့ ဆိုးသွမ်းမှုကို ခွင့်ပြုထားတာဖြစ်တယ်။ (၂ ပေတရု ၃:၇-၉) မကြာခင်မှာ ဆိုးသွမ်းမှုတွေပပျောက်သွားပြီး ဘုရားသခင်ကိုနာခံသူတွေပဲ ကမ္ဘာပေါ်မှာ ပျော်ရွှင်စွာနေထိုင်ရပါတော့မယ်။—ဆာလံ ၃၇:၉–၁၁ ကိုဖတ်ပါ။