မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | စစ်ပွဲတွေကို ဘုရားသခင် ဘယ်လိုရှုမြင်သလဲ

ရှေးခေတ်မှာစစ်ပွဲအပေါ်ထားတဲ့ ဘုရားသခင့်ရှုမြင်ချက်

ရှေးခေတ်မှာစစ်ပွဲအပေါ်ထားတဲ့ ဘုရားသခင့်ရှုမြင်ချက်

လူတွေ မတရားဖိနှိပ်ချုပ်ချယ်ခံနေရတယ်။ ကယ်လွှတ်ပေးဖို့ အကြိမ်ကြိမ် ဆုတောင်းပေမဲ့လည်း ဘာမှ ထူးခြားမလာဘူး။ ဖိနှိပ်ခံနေရတဲ့သူတွေက ဘုရားရဲ့ရှေးခေတ် အစ္စရေးလူမျိုးဖြစ်ပြီး မတရား ဖိနှိပ်ချုပ်ချယ်သူက တန်ခိုးအာဏာကြီးမားတဲ့ အီဂျစ်နိုင်ငံဖြစ်တယ်။ (ထွက်မြောက်ရာ ၁:၁၃၊ ၁၄) အာဏာရှင်အီဂျစ်ရဲ့ ဖိနှိပ်မှုကို ဘုရားသခင် အဆုံးသတ်ပေးဖို့ အစ္စရေးတွေ နှစ်ချီစောင့်ဆိုင်းခဲ့ရတယ်။ နောက်ဆုံးမှာ ဘုရား ကြားဝင်အရေးယူပေးချိန် ရောက်လာပါပြီ။ (ထွက်မြောက်ရာ ၃:၇-၁၀) အီဂျစ်လူမျိုးကို ဘုရားသခင် ကိုယ်တိုင် စစ်တိုက်ခဲ့တယ်လို့ ကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။ ကိုယ်တော်က အီဂျစ်လူမျိုးအပေါ် ကပ်ဘေးဆိုးတွေ တစ်ခုပြီးတစ်ခုကျရောက်စေပြီး အီဂျစ်ဘုရင်နဲ့ သူ့စစ်သားတွေကို ပင်လယ်နီမှာ ဖျက်ဆီးပစ်ခဲ့တယ်။ (ဆာလံ ၁၃၆:၁၅) ဒီနည်းနဲ့ ယေဟောဝါဘုရားက မိမိလူမျိုးအတွက် “စစ်သူရဲဖြစ်” ကြောင်း သက်သေထူခဲ့ပါတယ်။—ထွက်မြောက်ရာ ၁၅:၃၊ ၄

အီဂျစ်တွေကို ဘုရားကိုယ်တိုင် တိုက်ခိုက်ခဲ့တာကြောင့် ကိုယ်တော်ဟာ စစ်ပွဲအားလုံးကို မမုန်းတီးကြောင်း ဖော်ပြတယ်။ တချို့အချိန်တွေမှာ ကိုယ်တော်ဟာ သူ့လူမျိုးကို စစ်ပွဲဆင်နွှဲခိုင်းတယ်။ ဥပမာ၊ ကမ်းကုန်အောင်ဆိုးသွမ်းတဲ့ ခါနာန်လူမျိုးကို စစ်တိုက်ဖို့ ကိုယ်တော် အမိန့်ပေးခဲ့တယ်။ (တရားဟောရာ ၉:၅; ၂၀:၁၇၊ ၁၈) ဖိနှိပ်ချုပ်ချယ်တဲ့ ဖိလိတ္တိလူမျိုးကိုတိုက်ဖို့ ဘုရင်ဒါဝိဒ်ကို ဘုရားသခင် အမိန့်ပေးတဲ့အပြင် သေချာပေါက်အောင်နိုင်ဖို့ စစ်ဗျူဟာကိုပါ လမ်းညွှန်ပေးခဲ့တယ်။—၂ ဓမ္မရာဇဝင် ၅:၁၇-၂၅

အစ္စရေးလူမျိုးကို မတရားဖိနှိပ်ချုပ်ချယ်တာတွေ၊ ခြိမ်းခြောက်အနိုင်ကျင့်တာတွေဖြစ်လာရင် ကိုယ်တော်က သူ့လူမျိုးနဲ့ စစ်မှန်တဲ့ဝတ်ပြုရေးကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့ တိုက်ပွဲ ဆင်နွှဲခွင့်ပြုတယ်။ ဒါပေမဲ့ ဘုရားသခင် ကိုယ်တိုင်ဆင်နွှဲခွင့်ပြုတဲ့ စစ်ပွဲတွေနဲ့ပတ်သက်ပြီး အောက်ပါအချက်သုံးချက်ကို မှတ်သားထားဖို့လိုပါတယ်။

  1. ၁။ စစ်ပွဲမှာ ဘယ်သူပါဝင်ရမလဲဆိုတာ ဘုရားသခင်တစ်ပါးတည်းသာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ တစ်ခါက အစ္စရေးလူမျိုးကို ဘုရားက “သင်တို့သည် ဤတိုက်ပွဲကိုဆင်နွှဲရကြမည် မဟုတ်” လို့ပြောခဲ့တယ်။ ဘာကြောင့်လဲ။ ဘုရားသခင် ကိုယ်တိုင် တိုက်ခိုက်ပေးမှာဖြစ်လို့ပါ။ (၂ ရာဇဝင်ချုပ် ၂၀:၁၇ခမ; ၃၂:၇၊ ၈) ဒီဆောင်းပါးအစမှာဖော်ပြထားသလို ကိုယ်တော် အဲဒီလို အကြိမ်ကြိမ်လုပ်ခဲ့တယ်။ တချို့အချိန်တွေမှာ ဘုရားသခင်က မိမိလူမျိုးကို စစ်တိုက်ခွင့်ပြုတယ်။ ကတိထားရာပြည်တော်ကို ကာကွယ်ဖို့၊ ဘေးကင်းဖို့ တိုက်ရတဲ့စစ်ပွဲတွေလိုမျိုး ဖြစ်တယ်။—တရားဟောရာ ၇:၁၊ ၂; ယောရှု ၁၀:၄၀

  2. ၂။ ဘယ်အချိန်မှာ စစ်ဆင်နွှဲရမလဲဆိုတာကို ဘုရားသခင်တစ်ပါးတည်းသာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ ဘုရားကျေးကျွန်တွေဟာ သူတို့ဝန်းကျင်က ဆိုးသွမ်းမှုတွေ၊ ဖိနှိပ်ချုပ်ချယ်မှုတွေ ဘုရားသခင် အဆုံးသတ်ပေးမယ့်အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းရမှာဖြစ်တယ်။ အဲဒီအချိန်အထိ သူတို့သဘောနဲ့သူတို့ စစ်တိုက်ခွင့် မရှိဘူး။ တကယ်လို့ သူတို့သဘောနဲ့သူတို့တိုက်ရင် ဘုရားမျက်နှာသာ ဆုံးၡုံးသွားမယ်။ အစ္စရေးလူမျိုးဟာ ဘုရားသခင် တိုက်ခွင့်မပြုတဲ့စစ်ပွဲကို တိုက်တဲ့အခါ ဆိုးရွားတဲ့အကျိုးဆက်တွေ ခံစားရကြောင်း ကျမ်းစာမှာဖော်ပြထားတယ်။ *

  3. ခါနာန်လူမျိုးကို ဘုရားသခင် စစ်ဆင်နွှဲခဲ့ပေမဲ့ ရာခပ်တို့မိသားစုအပါအဝင် တချို့သူတွေကို အသက်ချမ်းသာပေးခဲ့

    ၃။ ဘုရားသခင်ဟာ လူဆိုးတွေအပါအဝင် လူတွေသေကြေပျက်စီးတာကို မတွေ့မြင်ချင်ဘူး။ ယေဟောဝါဘုရားဟာ အသက်ရဲ့ပင်ရင်း၊ လူသားတွေကို ဖန်ဆင်းတဲ့အရှင် ဖြစ်ပါတယ်။ (ဆာလံ ၃၆:၉) ဒါကြောင့် လူတွေကို မသေစေချင်ဘူး။ ဒါပေမဲ့ ဝမ်းနည်းစရာက မတရားဖိနှိပ်ဖို့၊ သတ်ဖြတ်ဖို့ တမင်တကာကြံစည်နေသူတွေ ရှိပါတယ်။ (ဆာလံ ၃၇:၁၂၊ ၁၄) အဲဒီလိုဆိုးညစ်မှုတွေ အဆုံးသတ်စေဖို့ စစ်ပွဲတွေကို ဘုရားသခင် ဆင်နွှဲခွင့်ပြုတယ်။ နှစ်တွေတစ်လျှောက်မှာ အစ္စရေးလူမျိုးကို အဲဒီလိုစစ်ပွဲတွေ ဘုရားသခင် ဆင်နွှဲခိုင်းပေမဲ့ မိမိလူမျိုးရဲ့ရန်သူကို ကိုယ်တော် သနားပြီး အမျက်ထွက်နှေးကြောင်း ပြသခဲ့တယ်။ (ဆာလံ ၈၆:၁၅) ဥပမာ၊ မြို့တစ်မြို့ကိုဝင်မတိုက်ခင် မြို့သူမြို့သားတွေ သူတို့ရဲ့လမ်းစဉ်ကိုပြောင်းလဲခွင့်ရဖို့၊ စစ်ဖြစ်တာကိုရှောင်နိုင်ဖို့ “စစ်ငြိမ်းရာစကား” ကို အရင်ဆုံးကမ်းလှမ်းရမယ်လို့ အစ္စရေးတွေကို ဘုရားသခင် မိန့်မှာထားတယ်။ (တရားဟောရာ ၂၀:၁၀-၁၃) အဲဒီနည်းနဲ့ ဘုရားသခင်ဟာ “အပြစ်ကျူးလွန်သူ တစ်စုံတစ်ယောက်သေသည်ကို မမြင်လို၊ ထိုသူအပြစ်ကျူးလွန်မှုကိုရပ်စဲ၍ အသက်ရှင်သည်ကိုသာလျှင် တွေ့မြင်လို” ကြောင်း ဖော်ပြခဲ့ပါတယ်။—ယေဇကျေလ ၃၃:၁၁၊ ၁၄-၁၆ခမ။ *

ဖော်ပြခဲ့တဲ့အတိုင်း ရှေးခေတ်မှာ ဘုရားသခင်က စစ်ပွဲတွေကို ဆိုးသွမ်းမှုတွေ၊ မတရားဖိနှိပ်မှုတွေ အဆုံးသတ်ပေးတဲ့နည်းအဖြစ် ရှုမြင်ခဲ့ပါတယ်။ တိုက်ပွဲကို ဘယ်သူ တိုက်မလဲ၊ ဘယ်အချိန်မှာ စတိုက်မလဲဆိုတာ ဆုံးဖြတ်ပိုင်ခွင့်ရှိသူဟာ လူသားတွေမဟုတ်ဘဲ ဘုရားသခင်သာ ဖြစ်ပါတယ်။ ဘုရားသခင်က စစ်ပွဲတွေကို သွေးချောင်းစီးစေတဲ့ပုံစံနဲ့ တိုက်ခိုက်ခဲ့တာလား။ လုံးဝမဟုတ်ပါဘူး။ ကိုယ်တော်ဟာ အကြမ်းဖက်တာကိုမုန်းတယ်။ (ဆာလံ ၁၁:၅) ဒါဆို ဘုရားသားတော်ယေရှုခရစ် မြေကြီးပေါ် အမှုဆောင်တဲ့ပထမရာစုအချိန်မှာ စစ်ပွဲနဲ့ပတ်သက်တဲ့ ဘုရားသခင့်အမြင် ပြောင်းလဲသွားခဲ့သလား။

^ စာပိုဒ်၊ 7 ဥပမာ၊ တစ်ကြိမ်မှာ ဘုရားသခင်က အစ္စရေးတွေကို အာမလက်နဲ့ ခါနာန်လူမျိုးကို သွားမတိုက်ဖို့အမိန့်ပေးတဲ့ကြားထဲကနေ သူတို့ သွားတိုက်တဲ့အခါ စစ်ၡုံးသွားတယ်။ (တောလည်ရာ ၁၄:၄၁-၄၅) နှစ်ပေါင်းများစွာကြာပြီးနောက် သစ္စာရှိဘုရင် ယောရှိဟာ ဘုရားအမိန့်မရဘဲ သူ့သဘောနဲ့သူစစ်တိုက်တော့ အသက်ဆုံးၡုံးခဲ့ရတယ်။—၂ ရာဇဝင်ချုပ် ၃၅:၂၀-၂၄

^ စာပိုဒ်၊ 8 ဒါပေမဲ့ အစ္စရေးတွေ ခါနာန်လူမျိုးကိုတိုက်ခိုက်ချိန်မှာ ငြိမ်းချမ်းရေးစကား မကမ်းလှမ်းခဲ့ပါဘူး။ ဘာကြောင့်လဲ။ အကြောင်းက ခါနာန်လူမျိုးဟာ ဆိုးညစ်တဲ့လမ်းစဉ်ကိုပြောင်းလဲဖို့ နှစ်ပေါင်း ၄၀၀ တောင်အချိန်ရတယ်။ အစ္စရေးတွေ ခါနာန်လူမျိုးကိုတိုက်ခိုက်ချိန်မှာ သူတို့ဟာ မီးကုန်ယမ်းကုန် ဆိုးသွမ်းနေကြပြီ။ (ကမ္ဘာဦး ၁၅:၁၃-၁၆) ဒါကြောင့် သူတို့ကို လုံးလုံး သုတ်သင်ရမှာဖြစ်တယ်။ ဒါပေမဲ့ ဘဝလမ်းစဉ်ပြောင်းလဲခဲ့တဲ့ ခါနာန်လူမျိုးတချို့ဟာ အသက်ချမ်းသာရာရခဲ့တယ်။—ယောရှု ၆:၂၅; ၉:၃-၂၇