မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ

ဘု​ရား​သခင့်​နိုင်​ငံ​တော်​ဆို​တာ ဘာ​လဲ

လူ​တ​ချို့ ယုံ​ကြည်​တာ​က ဘု​ရား​သခင့်​နိုင်​ငံ​တော်​ဆို​တာ လူ​တစ်​ယောက်​ရဲ့ စိတ်​နှလုံး​ထဲ​မှာ​ရှိ​တဲ့​အရာ၊ တ​ချို့​ကျ​တော့ လူ​အားလုံး​ပူး​ပေါင်း​ပြီး ကမ္ဘာ့​ငြိမ်း​ချမ်း​ရေး​ရ​အောင် လုပ်​ဆောင်​တဲ့​အခါ ဘု​ရား​သခင့်​နိုင်​ငံ​တော်​လာ​မယ်​လို့ ယုံ​ကြည်​ကြ​တယ်။ သင်​ကော ဘယ်​လို​ယုံ​ကြည်​ပါ​သလဲ။

သမ္မာ​ကျမ်း​စာ သွန်သင်​ရာ

“ပျက်​စီး​ခြင်း​သို့​မရောက်​နိုင်​သော နိုင်​ငံ​တစ်​ခု​ကို . . . ကောင်းကင်​ဘုံ​ရှင် ဘု​ရား​သခင်​သည် တည်​ထောင်​စေ​တော်​မူ​မည်။ ထို​နိုင်​ငံ​သည် . . . အထက်​ဆို​ခဲ့​ပြီး​သော [လူ​သား​တွေရဲ့] နိုင်​ငံ​ရှိ​သမျှ​တို့​ကို ချိုး​ဖဲ့​ဖျက်​ဆီး​၍ အစဉ်​အမြဲတည်​လိမ့်​မည်။” (ဒံယေလ ၂:၄၄၊ ၄၅) ဘု​ရား​သခင့်​နိုင်​ငံ​တော်​ဆို​တာ တ​ကယ့်​အစိုး​ရ​တစ်​ခု​ဖြစ်​တယ်။

ကျမ်း​စာ​မှ နောက်​ထပ်​သင်​ယူ​နိုင်​ရာ​များ

  • ဘု​ရား​သခင့်​နိုင်​ငံ​တော်​က ကောင်း​ကင်​က​နေ အုပ်​ချုပ်​မယ်။—မဿဲ ၁၀:၇; လုကာ ၁၀:၉

  • ဘု​ရား​သခင်​က ဒီ​နိုင်​ငံ​တော်​အား​ဖြင့် အလို​တော်​ကို ကောင်း​ကင်​မှာ​ရော၊ မြေကြီး​မှာ​ပါ ပြည့်​စုံ​စေ​မယ်။—မဿဲ ၆:၁၀

ဘု​ရား​သခင့်​နိုင်​ငံ​တော် ဘယ်​အချိန်​မှာ​လာ​မလဲ

သင်​ဘယ်​လို​ထင်​သလဲ

  • ဘယ်​သူ​မှ မသိ​ဘူး

  • မကြာ​ခင်​လာ​မယ်

  • ဘယ်​တော့​မှ မလာ​ဘူး

သမ္မာ​ကျမ်း​စာ သွန်သင်​ရာ

“လူမျိုး​အပေါင်း​တို့​အတွက် သက်​သေဖြစ်​စေ​ရန် နိုင်​ငံ​တော်​နှင့်​ဆိုင်​သော ဤ​သတင်း​ကောင်း​ကို လူ​နေ​ရာ မြေတစ်​ပြင်​လုံး​၌ ဟော​ပြော​ရ​လိမ့်​မည်။ သို့​ပြီး​မှ အဆုံး​သည် ရောက်​လိမ့်​မည်။” (မဿဲ ၂၄:၁၄) သတင်း​ကောင်း​ကို မြေတစ်​ပြင်​လုံး​မှာ ဟော​လို့​ပြီး​သွား​တာ​နဲ့ ဘု​ရား​သခင့်​နိုင်​ငံ​တော်​က လက်​ရှိ​ဆိုး​သွမ်း​တဲ့​စ​နစ်​ကို အဆုံး​တိုင်​စေ​မယ်။

ကျမ်း​စာ​မှ နောက်​ထပ်​သင်​ယူ​နိုင်​ရာ​များ

  • ဘု​ရား​သခင့်​နိုင်​ငံ​တော် လာ​မယ့်​အချိန်​ကို ဘယ်​လူ​သား​မှ အတိ​အကျ​မသိ​ဘူး။—မဿဲ ၂၄:၃၆

  • နိုင်​ငံ​တော် မကြာ​ခင် လာ​မယ်​ဆို​တာ ကျမ်း​စာ​ကြို​ဟော​ချက်​တွေ​မှာ ဖော်ပြထား​တယ်။—မဿဲ ၂၄:၃၊ ၇၊ ၁၂