“လက်အားမလျော့စေနှင့်”
“လက်အားမလျော့စေနှင့်။”—ဇေ. ၃:၁၆။
၁၊ ၂။ (က) ဒီနေ့ ဘယ်ပြဿနာတွေကို လူတွေ ကြုံတွေ့နေရသလဲ။ အဲဒါက ဘာဖြစ်စေသလဲ။ (ခ) ဟေရှာယ ၄၁:၁၀၊၁၃ မှာ ဘယ်လို အာမခံထားသလဲ။
အကြီးအကဲ တစ်ယောက်နဲ့ အိမ်ထောင်ပြုထားတဲ့ မှန်မှန်ရှေ့ဆောင် ညီအစ်မတစ်ယောက် ဒီလို ပြောတယ်– “ဘုရားရေးရာ အလေ့အကျင့်ကောင်းတွေ ထိန်းထားတဲ့ကြားက စိုးရိမ်သောကတွေနဲ့ နှစ်ပေါင်းများစွာ လုံးပန်းခဲ့ရတယ်။ အိပ်ရေးပျက်ခဲ့ရတယ်။ ကျန်းမာရေး ထိခိုက်လာတယ်။ တခြားသူတွေနဲ့ ဆက်ဆံရေး ထိခိုက်လာတယ်။ တစ်ခါတလေ လက်မြှောက်အၡုံးပေးချင်စိတ် ဖြစ်မိတယ်။”
၂ အဲဒီညီအစ်မရဲ့ ခံစားချက်ကို နားလည်နိုင်သလား။ စာတန့်စနစ်ဆိုးမှာ အသက်ရှင်နေရတဲ့အတွက် ဖိအားတွေအများကြီး ရင်ဆိုင်နေရတယ်။ လှေတစ်စင်းကို မရွေ့နိုင်အောင် ထိန်းချုပ်ထားတဲ့ ကျောက်ဆူးလိုပဲ စိုးရိမ်ပူပန်မှုကလည်း လူတစ်ယောက်ကို လှုပ်လို့မရအောင် ချုပ်ထားနိုင်တယ်။ အဲဒါက စိတ်ပျက်အားလျော့သွားစေနိုင်တယ်။ (သု. ၁၂:၂၅) ဘာတွေက စိုးရိမ်ပူပန်စေနိုင်သလဲ။ ချစ်မြတ်နိုးရသူတစ်ဦး သေဆုံးသွားတာ၊ ကျန်းမာရေး မကောင်းတာ၊ မိသားစုကို ခက်ခက်ခဲခဲ ရှာဖွေကျွေးမွေးရတာ၊ ဆန့်ကျင်မှု ကြုံရတာတွေ ဖြစ်နိုင်တယ်။ စိတ်ဖိစီးလွန်းလို့ ခွန်အားတွေ ကုန်ခန်းဆုတ်ယုတ်သွားနိုင်တယ်။ ပျော်ရွှင်မှုလည်း ပျောက်ဆုံးသွားနိုင်တယ်။ ဒါပေမဲ့ ဘုရားသခင် လက်ကမ်းကူညီပေးမယ်လို့ အာမခံထားတယ်။—ဟေရှာယ ၄၁:၁၀၊ ၁၃ ကိုဖတ်ပါ။
၃၊ ၄။ (က) “လက်” ဆိုတဲ့ စကားလုံးကို ကျမ်းစာမှာ ဘယ်လို သုံးထားသလဲ။ (ခ) ဘာတွေကြောင့် လက်အားလျော့သွားနိုင်သလဲ။
၃ လူ့စရိုက်၊ လုပ်ရပ်အမျိုးမျိုးကို ဖော်ပြဖို့ လူ့ခန္ဓာအစိတ်အပိုင်းတွေကို ကျမ်း၁ ဓမ္မရာဇဝင် ၂၃:၁၆ မှာပါတဲ့ “ထောက်မ” နဲ့ ဧဇရ ၁:၆ မှာပါတဲ့ “မစ” ဆိုတဲ့ စကားလုံးတွေကို မူရင်းစကားမှာ “လက်အားရှိစေတယ်” လို့ သုံးနှုန်းထားတယ်။ အဲဒါက အနာဂတ်နဲ့ပတ်သက်ပြီး အကောင်းမြင် သဘောထား ရှိတာကိုလည်း ဆိုလိုတယ်။
စာမှာ အသုံးပြုလေ့ရှိတယ်။ ဥပမာ၊ လက်ကို အကြိမ်ပေါင်းရာနဲ့ချီ အသုံးပြုထားတယ်။ လက်အားရှိစေတယ်ဆိုတာက ခွန်အားပေးတာ၊ ခိုင်ခံ့စေတာ၊ လုပ်ရဲကိုင်ရဲ ရှိစေတာကို ဆိုလိုတယ်။ ဥပမာ၊၄ တစ်ခါတလေ စိတ်ဓာတ်ကျတာ၊ စိတ်ပျက်တာ၊ မျှော်လင့်ချက် မဲ့သွားတာကို ဖော်ပြဖို့ လက်အားလျော့တယ်ဆိုပြီး သုံးနှုန်းလေ့ရှိတယ်။ (၆ ရာ. ၁၅:၇။ ဟေဗြဲ ၁၂:၁၂) အဲဒီလို အခြေအနေမျိုးမှာ အၡုံးပေးလိုက်တတ်ကြတယ်။ ဖိစီးမှု ဖြစ်စေတဲ့၊ စိတ်ရောကိုယ်ပါ နွမ်းနယ်စေတဲ့ အခြေအနေတွေ ကြုံရတဲ့အခါ လိုအပ်တဲ့ ခွန်အားကို ဘယ်နေရာမှာ ရရှိနိုင်သလဲ။ ခံနိုင်ရည်ရှိဖို့၊ ပျော်ရွှင်ဖို့ ဘယ်လို အားပေးတိုက်တွန်းခံရနိုင်သလဲ။
‘ယေဟောဝါသည် မကယ်မတင်နိုင်အောင် လက်တော်တိုသည် မဟုတ်’
၅။ (က) ပြဿနာတွေ ကြုံရတဲ့အခါ ဘာလုပ်မိနိုင်သလဲ။ ဘယ်အချက်ကို သတိရသင့်သလဲ။ (ခ) ဘယ်အကြောင်း ဆွေးနွေးကြမလဲ။
၅ ဇေဖနိ ၃:၁၆၊ ၁၇ ကိုဖတ်ပါ။ ပြဿနာတွေ ကြုံတွေ့ရတဲ့အခါ ကြောက်လန့်ပြီး စိတ်ဓာတ်ကျသွားတာ၊ လက်အားလျော့သွားတာမျိုး မဖြစ်သင့်ဘူး။ “စိုးရိမ်စရာ ရှိသမျှကို ကိုယ်တော့်ထံ ပုံအပ်ထား” ဖို့ မေတ္တာရှင်ဖခင် ယေဟောဝါ ဖိတ်ခေါ်ထားတယ်။ (၁ ပေ. ၅:၇) အစ္စရေးလူမျိုးကို စောင့်ရှောက်ခဲ့သလို ကျွန်တော်တို့ကိုလည်း စောင့်ရှောက်ပါလိမ့်မယ်။ ‘ယေဟောဝါသည် မကယ်မတင်နိုင်အောင် လက်တော်တိုသည် မဟုတ်’ လို့ သူတို့ကို ကိုယ်တော် ပြောခဲ့တယ်။ သစ္စာရှိကျေးကျွန်တွေကို ကယ်တင်ဖို့ ကိုယ်တော် အမြဲအသင့်ရှိတယ်။ (ဟေရှာ. ၅၉:၁) ခက်ခဲလွန်းပုံရတဲ့ ပြဿနာတွေကြား အလိုတော် ထမ်းဆောင်နိုင်အောင် ခွန်အားပေးချင်တဲ့ ဆန္ဒနဲ့ ပေးနိုင်စွမ်းရှိကြောင်း ဖော်ပြတဲ့ ကျမ်းစာ ပုံနမူနာသုံးခုကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။ ဒီပုံနမူနာတွေက ကျွန်တော်တို့ကို ဘယ်လို အားရှိစေနိုင်မှန်း ကြည့်ကြစို့။
၆၊ ၇။ အာမလက်တွေကို အစ္စရေးတွေ အောင်ပွဲခံခဲ့ကြတဲ့ မှတ်တမ်းကနေ ဘယ်အရေးကြီး သင်ခန်းစာတွေ သင်ယူနိုင်သလဲ။
၆ အစ္စရေးတွေ အီဂျစ်ကျွန်ဘဝကနေ အံ့ဖွယ်နည်းနဲ့ လွတ်မြောက်လာပြီး မကြာခင်မှာ အာမလက်တွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်။ မောရှေက ရဲစွမ်းသတ္တိရှိတဲ့ ယောရှုကို စစ်ပွဲမှာ ဦးဆောင်ဖို့ ပြောတယ်။ အဲဒီနောက် အာရုန်နဲ့ ဟုရကို အနီးအနားတောင်ပေါ် ခေါ်သွားတယ်။ အဲဒီကနေ စစ်မြေပြင်ကို မြင်နိုင်တယ်။ သူတို့သုံးယောက် ကြောက်ကြောက်နဲ့ ထွက်ပြေးသွားကြတာလား။ လုံးဝ မဟုတ်ပါဘူး။
၇ အောင်ပွဲခံစေမယ့် အစီအစဉ်တစ်ခုကို မောရှေ လုပ်ဆောင်ခဲ့တယ်။ စစ်မှန်တဲ့ ဘုရားသခင်ရဲ့ တောင်ဝှေးကို ကိုင်ပြီး လက်မြှောက်ထားတဲ့အခါ အာမလက်တွေကို တိုက်နိုင်ဖို့ အစ္စရေးတွေကို ယေဟောဝါ ခွန်အားပေးခဲ့တယ်။ ဒါပေမဲ့ မောရှေ လက်ညောင်းပြီး လက်ကို ချလိုက်တဲ့အခါ အာမလက်တွေ အနိုင်ရကြတယ်။ ဒါနဲ့ အာရုန်နဲ့ ဟုရက ‘ကျောက်ကို ယူ၍ မောရှေကို ထိုင်စေပြီးလျှင်၊ တစ်ယောက်တစ်ဖက် နေ၍ သူ၏လက်ကို မကြ၏။ သို့ဖြစ်၍ နေဝင်သည်တိုင်အောင် သူ၏လက်တို့သည် အမြဲနေလေ၏။’ မှန်ပါတယ်၊ ဘုရားသခင်ရဲ့ အားကြီးတဲ့ လက်ရုံးကြောင့် အစ္စရေးတွေ အောင်ပွဲခံခဲ့ကြတယ်။—ထွ. ၁၇:၈-၁၃။
၈။ (က) ယုဒပြည်ကို အီသီယိုးပီးယားတွေ ခြိမ်းခြောက်တဲ့အခါ အာသ ဘာလုပ်ခဲ့သလဲ။ (ခ) ဘုရားသခင်ကို အားကိုးတဲ့ အာသကို ဘယ်လို တုပနိုင်သလဲ။
၈ ဘုရင် အာသခေတ်မှာလည်း ယေဟောဝါ လက်တော် မတိုကြောင်း ပြသခဲ့တယ်။ ကျမ်းစာမှာ တိုက်ပွဲများစွာအကြောင်း ဖော်ပြထားတယ်။ စစ်အင်အားအများဆုံးကတော့ (ကုရှ) အီသီယိုးပီးယားဘုရင် ဇေရရဲ့ စစ်တပ်ပဲ။ စစ်ရည်ဝနေတဲ့ စစ်သား ၁,၀၀၀,၀၀၀ ရှိတယ်။ အာသရဲ့ စစ်တပ်ထက် နှစ်ဆနီးပါး ပိုများတယ်။ အာသ စိုးရိမ်ကြောက်လန့်ပြီး အလွယ်တကူ လက်အားလျှော့မိနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါဆီ ချက်ချင်း မ. ၁၉:၂၆) ယေဟောဝါဘုရား မဟာတန်ခိုး ပြပြီး ‘ရှေ့တော်၌ စိတ်နှလုံး စုံလင်ခြင်းရှိတဲ့ အာသ’ ရှေ့မှာ ‘ကုရှလူတို့ကို ဒဏ်ခတ်’ ခဲ့တယ်။—၆ ရာ. ၁၄:၈-၁၃။ ၃ ရာ. ၁၅:၁၄။
အကူအညီ တောင်းခဲ့တယ်။ စစ်ရေးအမြင်အရ ကြည့်ရင် အီသီယိုးပီးယားစစ်တပ်ကို နိုင်ဖို့ မလွယ်ဘူး။ ဒါပေမဲ့ ‘ဘုရားသခင်ဟာ အရာခပ်သိမ်းကို တတ်နိုင်တယ်။’ (၉။ (က) ဂျေရုဆလင်မြို့ရိုး ပြန်လည်တည်ဆောက်ဖို့ ဘယ်အခြေအနေတွေက နေဟမိကို မတားဆီးခဲ့သလဲ။ (ခ) နေဟမိရဲ့ ဆုတောင်းချက်ကို ယေဟောဝါ ဘယ်လို အဖြေပေးသလဲ။
၉ နေဟမိ ဂျေရုဆလင်ကို သွားတဲ့အခါ ဘယ်လိုခံစားရမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ မြို့ဟာ အကာအကွယ် မဲ့နေတယ်။ ဂျူးတွေ စိတ်ဓာတ်ကျနေတယ်။ တိုင်းတစ်ပါး ဆန့်ကျင်သူတွေရဲ့ ခြိမ်းခြောက်မှုကြောင့် ဂျူးတွေ လက်အားလျော့ပြီး ဂျေရုဆလင်မြို့ရိုးကို ဆက်မဆောက်ကြတော့ဘူး။ ဒီအခြေအနေကြောင့် နေဟမိ လက်အားလျော့ပြီး စိတ်ဓာတ်ကျသွားသလား။ မကျခဲ့ပါဘူး။ မောရှေ၊ အာသနဲ့ တခြား သစ္စာရှိကျေးကျွန်တွေလိုပဲ ယေဟောဝါဆီ အားကိုးတကြီး ဆုတောင်းခဲ့တယ်။ ယေဟောဝါလည်း အဖြေပေးခဲ့တယ်။ “မဟာတန်ခိုးတော်နှင့် အားကြီးသော လက်တော်” ကိုသုံးပြီး ဂျူးတွေကို ခွန်အားပေးခဲ့တယ်။ (နေဟမိ ၁:၁၀၊ ၂:၁၇–၂၀ နဲ့ နေဟမိ ၆:၉ တို့ကို ဖတ်ပါ။) အခုချိန်မှာလည်း “မဟာတန်ခိုးတော်နှင့် အားကြီးသော လက်တော်” ကိုသုံးပြီး မိမိရဲ့ကျေးကျွန်တွေကို ယေဟောဝါ အားရှိစေတယ်ဆိုတာ သင်ယုံကြည်ပါသလား။
သင့်ကို ယေဟောဝါ အားရှိစေမယ်
၁၀၊ ၁၁။ (က) ကျွန်တော်တို့ လက်အားလျော့စေဖို့ စာတန် ဘယ်လို ကြိုးစားနေသလဲ။ (ခ) ကျွန်တော်တို့ကို ခွန်အားပေးဖို့ ယေဟောဝါ ဘာတွေကို အသုံးပြုနေသလဲ။ (ဂ) ယေဟောဝါရဲ့ ညွှန်ကြားချက်ကနေ သင် ဘယ်လို အကျိုးရရှိခဲ့ပြီလဲ။
၁၀ ကျွန်တော်တို့ရဲ့ ခရစ်ယာန်လုပ်ငန်းဆောင်တာတွေကို တားဆီးဖို့ ကြိုးစားရာမှာ စာတန် ဘယ်တော့မှ လက်မလျှော့ဘူးဆိုတာ သေချာတယ်။ အစိုးရတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ အယူဖောက်ပြန်သူတွေရဲ့ လိမ်လည်မှုတွေ၊ ခြိမ်းခြောက်မှုတွေကို သုံးနေတယ်။ ရည်ရွယ်ချက်က ဘာလဲ။ သတင်းကောင်း ဟောပြောခြင်းလုပ်ငန်း ရပ်တန့်သွားစေဖို့ပဲ။ ဒါပေမဲ့ ကျွန်တော်တို့ကို ယေဟောဝါ ကူညီနိုင်တယ်၊ ကူညီပေးချင်တယ်။ သန့်ရှင်းသော စွမ်းအားတော်အားဖြင့် အားရှိစေတယ်။ (၅ ရာ. ၂၉:၁၂) ဒါကြောင့် စာတန်နဲ့ ဒီစနစ်ဆိုးကို တိုက်လှန်နိုင်အောင် စွမ်းအားတော် တောင်းဖို့ အရေးကြီးတယ်။ (ဆာ. ၁၈:၃၉။ ၁ ကော. ၁၀:၁၃) သမ္မာကျမ်းစာကနေ ရရှိတဲ့ အကူအညီအတွက်လည်း ကျွန်တော်တို့ ကျေးဇူးတင်ကြတယ်။ လတိုင်း ကျမ်းစာအခြေပြု စာပေတွေကနေ သိရှိလာတာတွေကိုလည်း စဉ်းစားကြည့်ပါ။ ဇာခရိ ၈:၉၊ ၁၃ (ဖတ်ပါ) မှာပါတဲ့ စကားတွေဟာ ဂျေရုဆလင် ဗိမာန်တော် ပြန်လည်တည်ဆောက်ချိန်မှာ ရေးသားခဲ့တာ ဖြစ်ပေမဲ့ ဒီနေ့ခေတ်အတွက်လည်း အခန့်သင့်ပါပဲ။
၁၁ ပတ်စဉ် အစည်းအဝေးတွေ၊ အစည်းအဝေးကြီးတွေ၊ ကျမ်းစာသင်တန်းတွေမှာ ရရှိတဲ့ ညွှန်ကြားချက်တွေအားဖြင့်လည်း ယေဟောဝါ ခွန်အားပေးတယ်။ အဲဒီညွှန်ကြားချက်တွေက တော်မှန်တဲ့ သဘောထားနဲ့ အမှုဆောင်နိုင်အောင်၊ ဘုရားရေးရာ ပန်းတိုင်တွေ ချမှတ်နိုင်အောင်၊ ခရစ်ယာန်တာဝန်တွေ ထမ်းဆောင်နိုင်အောင် ကူညီပေးတယ်။ (ဆာ. ၁၁၉:၃၂) ယေဟောဝါရဲ့ ညွှန်ကြားချက်ကနေ ခွန်အားရဖို့ သင် ထက်ထက်သန်သန် ကြိုးစားနေသလား။
၁၂။ ခွန်အားရှိနေဖို့ ဘာလုပ်ဆောင်ရမလဲ။
၁၂ ယေဟောဝါက အာမလက်တွေနဲ့ အီသီယိုးပီးယားတွေကို အနိုင်ရအောင် အစ္စရေးတွေကို ကူညီပေးခဲ့တယ်။ ဂျေရုဆလင်မြို့ရိုး အပြီးသတ်နိုင်အောင် နေဟမိနဲ့ ဂျူးတွေကို ခွန်အားပေးခဲ့တယ်။ အဲဒီလိုပဲ စိုးရိမ်ပူပန်မှုတွေ၊ ဆန့်ကျင်မှုတွေ၊ လျစ်လျူရှုမှုတွေကြားမှာ ဆက်ဟောပြောနိုင်အောင် ကျွန်တော်တို့ကို ခွန်အားပေးပါလိမ့်မယ်။ (၁ ပေ. ၅:၁၀) ပြဿနာတွေ အံ့ဖွယ်နည်းနဲ့ ပျောက်သွားအောင်တော့ ယေဟောဝါ လုပ်ပေးမှာ မဟုတ်ဘူး။ အဲဒီအစား ကိုယ့်ဘက်က လုပ်စရာရှိ တာ လုပ်ရမယ်။ နေ့တိုင်း ကျမ်းစာဖတ်ရမယ်။ ပတ်စဉ် အစည်းအဝေးတွေကို ပြင်ဆင်ပြီး တက်ရောက်ရမယ်။ ကိုယ်ပိုင်လေ့လာမှုနဲ့ မိသားစု ဝတ်ပြုမှု မှန်မှန် လုပ်ရမယ်။ ယေဟောဝါဆီ အားကိုးတကြီး ဆုတောင်းနေရမယ်။ အဲဒီကိစ္စတစ်ခုခုမှာ လက်အားလျော့နေတာ သတိပြုမိရင် ယေဟောဝါဆီ အကူအညီ တောင်းလိုက်ပါ။ ကျွန်တော်တို့ကို ခွန်အားပေးဖို့ ယေဟောဝါ အသုံးပြုနေတဲ့ အရာမှန်သမျှကနေ အာရုံလွဲသွားတာမျိုး အဖြစ်မခံပါနဲ့။ အဲဒီနောက် ဘုရားသခင့် စွမ်းအားတော်က ကျွန်တော်တို့ကို ‘လုပ်ဆောင်ချင်စိတ်သာမက လုပ်ဆောင်နိုင်စွမ်းကိုပါ’ ဘယ်လို ပေးတယ်ဆိုတာ သတိပြုကြည့်ပါ။ (ဖိ. ၂:၁၃) တခြားသူတွေကိုလည်း သင် ဘယ်လို အားရှိစေနိုင်သလဲ။
အားလျော့နေတဲ့ လက်တွေကို အားရှိစေပါ
၁၃၊ ၁၄။ (က) ဇနီး ဆုံးပါးသွားတဲ့ ညီအစ်ကိုတစ်ယောက် ဘယ်လို ခွန်အားရရှိခဲ့သလဲ။ (ခ) တခြားသူတွေကို ကျွန်တော်တို့ ဘယ်လို အားရှိစေနိုင်သလဲ။
၁၃ ကျွန်တော်တို့ကို အားရှိစေနိုင်တဲ့ ကမ္ဘာချီ ညီအစ်ကိုအသင်းအပင်းတစ်ခု ယေဟောဝါ ပေးထားတယ်။ တမန်တော် ပေါလု ဒီလိုပြောတယ်– “တွဲလဲနေသောလက်နှင့် မခိုင်သောဒူးများကို ခိုင်ခံ့စေကြလော့။ . . . သင်တို့သွားရာလမ်းများကို ဖြောင့်စေကြလော့။” (ဟေဗြဲ ၁၂:၁၂၊ ၁၃) ပထမရာစု ခရစ်ယာန်များစွာဟာ ညီအစ်ကို/မတွေဆီကနေ အဲဒီလို အကူအညီ ရရှိခဲ့ကြတယ်။ ဒီနေ့လည်း အလားတူပါပဲ။ ဥပမာတစ်ခု သုံးသပ်ကြည့်ပါ။ ဇနီးဆုံးပါးပြီးတဲ့နောက် တခြားအခက်အခဲတွေ ကြုံခဲ့ရတဲ့ ညီအစ်ကိုတစ်ယောက် ဒီလိုပြောတယ်– “ဘယ်စမ်းသပ်မှုကို ဘယ်အချိန်မှာ ဘယ်နှစ်ကြိမ် ခံမယ်ဆိုတာ ရွေးချယ်လို့ မရဘူး။ ဆုတောင်းခြင်းနဲ့ ကိုယ်ပိုင်လေ့လာမှုက ရေပေါ် ပေါလောပေါ်စေတဲ့ အသက်ကယ်အင်္ကျီနဲ့ တူတယ်။ ညီအစ်ကို/မတွေရဲ့ ကူညီထောက်မမှုတွေကြောင့် နှစ်သိမ့်မှု အများကြီး ခံစားရတယ်။ အခက်အခဲတွေ မကြုံခင်ကတည်းက ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိဖို့ အရေးကြီးမှန်း ကျွန်တော် သိခဲ့ရတယ်။”
၁၄ အာရုန်နဲ့ ဟုရဟာ အာမလက်တွေနဲ့ တိုက်ပွဲအတွင်း မောရှေရဲ့လက်ကို ထောက်မပေးခြင်းအားဖြင့် အားရှိစေခဲ့ကြတယ်။ ဒီနေ့လည်း တခြားသူတွေကို ကူညီထောက်မနိုင်တဲ့ နည်းလမ်းတွေ ရှာသင့်တယ်။ ညီအစ်ကို/မတချို့ဟာ အသက်ကြီးလို့၊ ကျန်းမာရေး မကောင်းလို့၊ မိသားစုရဲ့ ဆန့်ကျင်မှု ခံရလို့၊ အထီးကျန်လို့၊ ချစ်ရသူ တစ်ယောက်ယောက် ဆုံးပါးသွားလို့ စိတ်ဆင်းရဲနေကြတယ်။ အမှားတွေ ကျူးလွန်ဖို့၊ လောကမှာ အောင်မြင်မှု ရှာဖို့ ဖိအားပေးခံနေရတဲ့ လူငယ်တွေကိုလည်း အားပေးနိုင်ပါတယ်။ (၁ သက်. ၃:၁-၃။ ၅:၁၁၊ ၁၄) နိုင်ငံတော်ခန်းမမှာ၊ အမှုဆောင်မှာ၊ အတူစားသောက်ချိန်မှာ၊ ဖုန်းဆက်ချိန်မှာ တခြားသူတွေကို အမှန်တကယ် စိတ်ဝင်စားကြောင်း ပြသနိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေပါ။
၁၅။ သင့်ရဲ့ တည်ဆောက်မှု ဖြစ်စေတဲ့ စကားတွေက ညီအစ်ကို/မတွေအပေါ် ဘယ်လို အကျိုးသက်ရောက်နိုင်သလဲ။
၁၅ အီသီယိုးပီးယား စစ်တပ်ကြီးကို အာသ အောင်နိုင်ပြီးတဲ့နောက် သူနဲ့ အပေါင်းပါတွေကို ပရောဖက် အာဇရိ အခုလို အားပေးခဲ့တယ်– “သင်တို့မူကား အားယူကြလော့။ လက်အားမလျော့စေနှင့်။ သင်တို့ကျင့်သည်အတိုင်း အကျိုးကို ခံရကြမည်။” (၆ ရာ. ၁၅:၇) ဒီစကားတွေက စစ်မှန်တဲ့ ဝတ်ပြုရေးကို ပြန်တည်ထောင်ရာမှာ အပြောင်းအလဲများစွာ ပြုလုပ်ဖို့ အာသကို အားရှိစေခဲ့တယ်။ အဲဒီလိုပဲ သင့်ရဲ့တည်ဆောက်မှု ဖြစ်စေတဲ့ စကားတွေက ယေဟောဝါရဲ့ အမှုတော်မှာ ဆက်ပါဝင်ဖို့ တခြားသူတွေကို အားရှိစေနိုင်တယ်။ (သု. ၁၅:၂၃) အစည်းအဝေးတွေမှာ သင့်ရဲ့အားရှိစရာ မှတ်ချက်တွေက ညီအစ်ကို/မတွေအတွက် ခွန်အားဖြစ်စေနိုင်တယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။
၁၆။ နေဟမိကို အကြီးအကဲတွေ ဘယ်လို တုပနိုင်သလဲ။ သင့်ကို ညီအစ်ကို/မတွေ ကူညီပေးခဲ့တဲ့ တွေ့ကြုံမှုတွေ ပြောပြပါ။
၁၆ နေဟမိနဲ့ ဂျူးတွေဟာ ယေဟောဝါရဲ့ အကူအညီကြောင့် အားရှိခဲ့ကြတယ်။ ဂျေရုဆလင်မြို့ရိုးကို ၅၂ ရက်တည်းနဲ့ လက်စသတ်နိုင်ခဲ့ကြတယ်။ (နေ. ၂:၁၈။ ၆:၁၅၊ ၁၆) နေဟမိဟာ အလုပ်ကို ကြီးကြပ်ပေးရုံသာ မက ဆောက်လုပ်ရေးမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တယ်။ (နေ. ၅:၁၆) အဲဒီလိုပဲ အကြီးအကဲများစွာဟာ ဆောက်လုပ်ရေး၊ နိုင်ငံတော်ခန်းမ သန့်ရှင်းရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးမှာ ကူညီပေးခြင်းအားဖြင့် နေဟမိကို တုပနေကြတယ်။ ဒီမေတ္တာရှိ အကြီးအကဲတွေဟာ စိုးရိမ်သောက ရောက်နေတဲ့ ညီအစ်ကို/မတွေဆီ လည်ပတ်ခြင်း၊ သူတို့နဲ့အတူ အမှုဆောင်လုပ်ငန်းမှာ ပါဝင်ခြင်းအားဖြင့် အားရှိစေကြတယ်။—ဟေရှာယ ၃၅:၃၊ ၄ ကိုဖတ်ပါ။
“လက်အားမလျော့စေနှင့်”
၁၇၊ ၁၈။ ပြဿနာတွေ ကြုံရပြီး စိုးရိမ်ပူပန်လာတဲ့အခါ ဘာကို ယုံကြည်စိတ်ချနိုင်သလဲ။
၁၇ ညီအစ်ကို/မတွေနဲ့ အတူတကွ လုပ်ဆောင်တာက စည်းလုံးမှုကို တိုးများစေတယ်။ တည်မြဲတဲ့ မိတ်ဆွေတွေ ဖြစ်လာအောင် ကူညီပေးတယ်။ မကြာခင် ဘုရားသခင့် နိုင်ငံတော်မှာ ရရှိမယ့် ကောင်းချီးတွေကို ပိုယုံကြည်စိတ်ချစေတယ်။ တခြားသူတွေကို အားရှိစေတာက ခက်ခဲတဲ့ အခြေအနေတွေကို ခံရပ်နိုင်အောင်၊ အနာဂတ်နဲ့ပတ်သက်ပြီး အကောင်းမြင် သဘောထား ရှိအောင် ကူညီပေးရာ ရောက်တယ်။ အဲဒီအပြင် ကိုယ်တိုင်လည်း အားရှိပြီး အနာဂတ်ကိုပဲ အာရုံစိုက်ဖို့ ကူညီပေးတယ်။
၁၈ ရှေးခေတ် သစ္စာရှိ ကျေးကျွန်တွေကို ယေဟောဝါ ဘယ်လို ကူညီကာကွယ်ပေးခဲ့မှန်း စဉ်းစားကြည့်တဲ့အခါ ကိုယ်တော့်အပေါ် ယုံကြည်စိတ်ချမှု တိုးများလာတယ်။ ဒါကြောင့် ပြဿနာတွေ ကြုံရပြီး စိုးရိမ်ပူပန်လာတဲ့အခါ “လက်အားမလျော့စေ” ပါနဲ့။ အကူအညီအတွက် ဆုတောင်းမယ်ဆိုရင် ကိုယ်တော့် အားကြီးတဲ့ လက်ရုံးတော်က သင့်ကို အားရှိစေပြီး အနာဂတ် ဘုရားနိုင်ငံတော် ကောင်းချီးတွေ ရရှိစေမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။—ဆာ. ၇၃:၂၃၊ ၂၄။