မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“လက်​တွေ့​ကျ ဉာဏ်​ပညာ​ကို ကာ​ကွယ်​စောင့်​ရှောက်​” နေ​သလား

“လက်​တွေ့​ကျ ဉာဏ်​ပညာ​ကို ကာ​ကွယ်​စောင့်​ရှောက်​” နေ​သလား

တော​ရွာ​လေး​တစ်​ရွာ​မှာ ဆင်း​ရဲ​သား​ကောင်​လေး​တစ်​ယောက် ရှိ​တယ်။ ဉာဏ်​ထိုင်း​တယ်​ဆို​ပြီး သူ့​ကို လူ​တွေ လှောင်​ပြောင်​ကြ​တယ်။ ဧည့်​သည်​တွေ လာ​တဲ့​အခါ ရွာ​သား​တ​ချို့​က သူ့​ကို​ခေါ်​ပြီး ဟာ​သလုပ်​ကြ​တယ်။ ငွေ​ဒ​င်္ဂါး​ကြီး​တစ်​ခု​နဲ့ ငွေ​ဒ​င်္ဂါး​ထက် နှစ်​ဆ​တန်​ဖိုး​ရှိ​တဲ့ ရွှေ​ဒ​င်္ဂါး​ငယ်​တစ်​ခု​ကို ထုတ်​ပြပြီး “ကြိုက်​တာ တစ်​ခု​ရွေး” လို့​ပြော​တတ်​ကြ​တယ်။ ကောင်​လေး​က ငွေ​ဒ​င်္ဂါး​ကို ယူ​ပြီး ထွက်​ပြေး​သွား​လေ့​ရှိ​တယ်။

တစ်​နေ့​တော့ ဧည့်​သည်​တစ်​ယောက်​က “ငွေ​ဒ​င်္ဂါး​ထက် ရွှေ​ဒ​င်္ဂါး ပို​တန်​ဖိုး​ရှိ​မှန်း မသိ​ဘူး​လား” လို့ ကောင်​လေး​ကို မေး​တယ်။ ကောင်​လေး​က ပြုံး​ပြီး “သိ​တာ​ပေါ့” လို့​ဖြေတယ်။ “ဒါ​ဆို​ရင် ငွေ​ဒ​င်္ဂါး​ကို ဘာ​လို့ ယူ​တာ​လဲ။ ရွှေ​ဒ​င်္ဂါး​ကို ယူ​ရင် ပိုက်​ဆံ နှစ်​ဆ ပို​ရ​မှာ​ပေါ့” လို့​ပြော​တော့ ကောင်း​လေး​က “ရွှေ​ဒ​င်္ဂါး​သာ ယူ​လိုက်​ရင် ကျွန်​တော့်​ကို လူ​တွေ ဘယ်​ဟာ​သ လုပ်​တော့​မလဲ။ အခု ကျွန်​တော့်​မှာ ငွေ​ဒ​င်္ဂါး ဘယ်​လောက် ရ​နေ​ပြီဆို​တာ သိ​သလား” လို့​ပြန်​ပြော​တယ်။ ဒီ​ပုံ​ပြင်​လေး​ထဲ​က ကောင်​လေး​မှာ လက်​တွေ့​ကျ​ဉာဏ်​ပညာ ရှိ​တယ်။ အဲဒီ​က​နေ လူ​ကြီး​တွေ​လည်း အကျိုး​ရ​ရှိ​နိုင်​တယ်။

“လက်​တွေ့​ကျ ဉာဏ်​ပညာ​နဲ့ စဉ်း​စား​ဆင်​ခြင်​နိုင်​စွမ်း​ကို ကာ​ကွယ်​စောင့်​ရှောက်​ပါ။ အဲဒီ​အခါ မင်း​ဟာ လမ်း​ခ​ရီး​မှာ ဘေး​ကင်း​လုံ​ခြုံ​စွာ လျှောက်​ရ​လိမ့်​မယ်။ ဘယ်​တော့​မှ ခ​လုတ်​တိုက်​လဲ​မှာ မဟုတ်​ဘူး” လို့ ကျမ်း​စာ​မှာ ပြော​တယ်။ (သု. ၃:၂၁၊ ၂၃က​ဘ) “လက်​တွေ့​ကျ ဉာဏ်​ပညာ” ကို သိ​ရှိ​ခြင်း၊ အသုံး​ပြု​ခြင်း​က ကျွန်​တော်​တို့​ကို ဘေး​ကင်း​စေ​တယ်။ ခ​လုတ်​မတိုက်၊ လမ်း​မလွဲ​စေ​ဘဲ တည်​တည်​ငြိမ်​ငြိမ် ရှိ​စေ​တယ်။

လက်​တွေ့​ကျ ဉာဏ်​ပညာ​ဆို​တာ ဘာ​လဲ

လက်​တွေ့​ကျ ဉာဏ်​ပညာ​ဟာ အသိ​ပညာ၊ နား​လည်​နိုင်​စွမ်း​တို့​နဲ့ ကွာ​တယ်။ အသိ​ပညာ​ရှိ​တဲ့​သူ​က အချက်​အလက်​တွေ​ကို ဆည်း​ပူး​တယ်။ နား​လည်​နိုင်​စွမ်း​ရှိ​သူ​ဟာ အချက်​အလက်​တွေ​ကို ဆက်​စပ်​တတ်​တယ်။ ဉာဏ်​ပညာ​ရှိ​တဲ့​သူ​က​တော့ အသိ​ပညာ​နဲ့ နား​လည်​နိုင်​စွမ်း​ကို ပေါင်း​ပြီး လက်​တွေ့​ကျ​ကျ လုပ်​ဆောင်​နိုင်​တယ်။

ဥပမာ၊ လူ​တစ်​ယောက်​က သမ္မာ​ကျမ်း​စာ အမှန်​တ​ကယ် သွန်သင်​ရာ​က ဘာ​လဲ စာ​အုပ်​ကို အချိန်​တို​အတွင်း ဖတ်​ရှု​နား​လည်​နိုင်​တယ်။ သင်​အံ​မှု​မှာ​လည်း မှန်​မှန်​ကန်​ကန် ဖြေဆို​နိုင်​တယ်။ အစည်း​အဝေး​တွေ တက်​ပြီး မှတ်​ချက်​တွေ ကောင်း​ကောင်း ပေး​နိုင်​တယ်။ ဒါ​တွေ​က ဘု​ရားရေးရာ​ဘက်​မှာ တိုး​တက်​နေ​မှန်း ဖော်ပြတယ်။ ဒါ​ပေမဲ့ သူ့​မှာ ဉာဏ်​ပညာ​ရှိ​တယ်​လို့ ဆို​နိုင်​မလား။ မဆို​နိုင်​ပါ​ဘူး။ ဉာဏ်​ကောင်း​လို့​သာ ဖြစ်​တယ်။ အမှန်​တ​ရား​နဲ့​ပတ်​သက်​တဲ့ အသိ​ပညာ​နဲ့ နား​လည်​နိုင်​စွမ်း​ကို မှန်​မှန်​ကန်​ကန်၊ လက်​တွေ့​အသုံး​ချ​တတ်​မှ​သာ ပညာ​ရှိ​သူ ဖြစ်​လာ​နိုင်​တယ်။ သေသေချာ​ချာ စဉ်း​စား​ပြီး​ချ​တဲ့ ဆုံး​ဖြတ်​ချက်​တွေ အောင်​မြင်​မှု ရ​တဲ့​အခါ သူ့​မှာ လက်​တွေ့​ကျ ဉာဏ်​ပညာ ရှိ​မှန်း ထင်​ရှား​တယ်။

မဿဲ ၇:၂၄-၂၇ မှာ အိမ်​ဆောက်​သူ နှစ်​ယောက်​အကြောင်း ယေရှု ပြော​တယ်။ တစ်​ယောက်​က “ပညာ​ရှိ​သော​သူ” ဖြစ်​တယ်။ ဖြစ်​လာ​နိုင်​တဲ့​အရာ​ကို ကြို​တင်​စဉ်း​စား​ပြီး ကျောက်​ပေါ်​မှာ အိမ်​ဆောက်​တယ်။ အမြော်​အမြင် ရှိ​ပြီး လက်​တွေ့​ကျ​တယ်။ သဲ​ပေါ်​မှာ အိမ်​ဆောက်​လိုက်​ရင် စျေး​သက်​သာ​ပြီး ပို​မြန်​မယ်​လို့ မစဉ်း​စား​ဘူး။ ရေ​ရှည်​အကျိုး​ကို ပညာ​ရှိ​ရှိ ထည့်​စဉ်း​စား​တယ်။ ဒါ​ကြောင့် မုန်​တိုင်း​တိုက်​တဲ့​အခါ သူ့​အိမ်​ဟာ ဘေး​ကင်း​လုံ​ခြုံ​တယ်။ ဒါ​ဆို​ရင် အဖိုး​တန်​အရည်​အသွေး​ဖြစ်​တဲ့ လက်​တွေ့​ကျ ဉာဏ်​ပညာ​ကို ဘယ်​လို ရ​ရှိ​နိုင်​သလဲ။ ဘယ်​လို ကာ​ကွယ်​စောင့်​ရှောက်​နိုင်​သလဲ။

ဘယ်​လို ရ​ရှိ​နိုင်​သလဲ

ဦး​ဆုံး၊ မိက္ခာ ၆:၉ (က​ဘ) မှာ “လက်​တွေ့​ကျ ဉာဏ်​ပညာ ရှိ​သူ​တွေ​က နာ​မတော်​ကို ကြောက်​ရွံ့​ရို​သေကြ​လိမ့်​မယ်” လို့​ဆို​ထား​တယ်။ ယေဟောဝါ​ရဲ့ နာ​မတော်​ကို ကြောက်​ရွံ့​ခြင်း​ဆို​တာ ကိုယ်​တော့်​ကို လေး​စား​ခြင်း​ပါ​ပဲ။ ဘု​ရား​စံနှုန်း​တွေ အပါ​အဝင် နာ​မတော် ကိုယ်​စား​ပြု​တဲ့​အရာ​ကို ကြည်​ညို​လေး​မြတ်​ခြင်း​ဖြစ်​တယ်။ တစ်​ယောက်​ယောက်​ကို လေး​စား​ဖို့ သူ့​စဉ်း​စား​တွေး​ခေါ်​ပုံ​ကို သိ​ရှိ​ရ​မယ်။ ဒါ​မှ သူ့​ကို အား​ကိုး​နိုင်​မယ်။ သူ့​ဆီ​က​နေ သင်​ယူ​နိုင်​ပြီး တု​ပနိုင်​မယ်။ ကိုယ့်​လုပ်​ရပ်​က ယေဟောဝါ​နဲ့ ကျွန်​တော်​တို့​ရဲ့ ဆက်ဆံ​ရေး​အပေါ် ဘယ်​လို ရေ​ရှည်​အကျိုး​သက်​ရောက်​မယ်​ဆို​တာ ထည့်​တွက်​စဉ်း​စား​ပြီး ကိုယ်​တော့်​စံနှုန်း​တွေ​နဲ့​အညီ ဆုံး​ဖြတ်​ချက် ချ​မယ်​ဆို​ရင် လက်​တွေ့​ကျ ဉာဏ်​ပညာ ရ​ရှိ​ပါ​လိမ့်​မယ်။

ဒုတိ​ယ၊ သုတ္တံ ၁၈:၁ (က​ဘ) မှာ “တစ်​သီး​ပု​ဂ္ဂ​လ​နေ​တဲ့​သူ​ဟာ အတ္တ​ဆန္ဒ​နောက်​ကို​ပဲ လိုက်​တတ်​တယ်။ လက်​တွေ့​ကျ ဉာဏ်​ပညာ မှန်​သမျှ​ကို ငြင်း​ပယ်​တတ်​တယ်” လို့​ဆို​ထား​တယ်။ ဂရု​မစိုက်​ဘူး​ဆို​ရင် ယေဟောဝါ​နဲ့​ရော ကိုယ့်​တော်​လူမျိုး​နဲ့​ပါ ဝေး​ကွာ​သွား​နိုင်​တယ်။ အဲဒီ​လို​မဖြစ်​ဖို့ ဘု​ရား​နာ​မတော်​ကို ကြောက်​ရွံ့​ပြီး ကိုယ်​တော့်​စံနှုန်း​တွေ​ကို လေး​စား​သူ​တွေ​နဲ့ အချိန်​ပေး​ပေါင်း​သင်း​ရ​မယ်။ အတတ်​နိုင်​ဆုံး နိုင်​ငံ​တော်​ခန်း​မမှာ အစည်း​အဝေး တက်​ပြီး အသင်း​တော်​နဲ့ မှန်​မှန် ပေါင်း​သင်း​ရ​မယ်။ အစည်း​အဝေး​မှာ ဟော​ပြော​တဲ့​အရာတွေ​က​နေ အကျိုး​ရ​ရှိ​ဖို့ စိတ်​နှလုံး​တံခါး​ကို ဖွင့်​ထား​ကြ​ရ​မယ်။

အဲဒီ​အပြင် ယေဟောဝါ​ဆီ ရင်​ဖွင့်​ဆုတောင်း​မယ်​ဆို​ရင် ကိုယ်​တော်​နဲ့ ရင်း​နှီး​လာ​ပါ​လိမ့်​မယ်။ (သု. ၃:၅၊ ၆) ကျမ်း​စာ​နဲ့ အဖွဲ့​အစည်း​ထုတ် စာပေတွေ​ကို စိတ်​နှလုံး​ထဲ​ရောက်​အောင် ဖတ်​တဲ့​အခါ ကိုယ့်​လုပ်​ရပ်ရဲ့ ရေ​ရှည်​အကျိုး​ဆက်​တွေ​ကို သိ​မြင်​လာ​နိုင်​ပြီး လို​အပ်​သလို လုပ်​ဆောင်​လာ​နိုင်​မယ်။ ရင့်​ကျက်​တဲ့ ညီ​အစ်​ကို​တွေ အကြံ​ပေး​တဲ့​အခါ လို​လို​လား​လား လက်ခံ​ဖို့​လည်း လို​အပ်​တယ်။ (သု. ၁၉:၂၀) ဒါ​ဆို​ရင် “လက်​တွေ့​ကျ ဉာဏ်​ပညာ မှန်​သမျှ​ကို ငြင်း​ပယ်” မယ့်​အစား ဒီ​အရည်​အသွေး​ကို သန်​စွမ်း​စေ​ပါ​လိမ့်​မယ်။

လက်​တွေ့​ကျ ဉာဏ်​ပညာ​က မိသား​စု​ကို ဘယ်​လို ကူညီ​ပေး​မလဲ

လက်​တွေ့​ကျ ဉာဏ်​ပညာ​က မိသား​စု​တွေ​ကို ကာ​ကွယ်​စောင့်​ရှောက်​ပေး​နိုင်​တယ်။ ဥပမာ၊ ဇနီး​က ခင်​ပွန်း​ဖြစ်​သူ​ကို “အလွန်​ရို​သေ” ရ​မယ်​လို့ ကျမ်း​စာ​မှာ တိုက်​တွန်း​ထား​တယ်။ (ဧ. ၅:၃၃) အလွန်​ရို​သေမှု​ကို ခင်​ပွန်း​တစ်ဦး ဘယ်​လို ရ​ရှိ​နိုင်​သလဲ။ မရ​မက၊​ ကြမ်း​ကြမ်း​တမ်း​တမ်း တောင်း​ဆို​မယ်​ဆို​ရင် တစ်​ခ​ဏ​တော့ ရ​ပါ​လိမ့်​မယ်။ ဇနီး​က ထိပ်​တိုက်​မတွေ့​ချင်​လို့ ခင်​ပွန်း​ရှိ​နေ​ချိန်​မှာ လေး​စား​ပြပါ​လိမ့်​မယ်။ ဒါ​ပေမဲ့ ကွယ်​ရာ​မှာ လေး​စား​ချင်​ပါ့​မလား။ လေး​စား​ချင်​မှာ မဟုတ်​ပါ​ဘူး။ ဒါ​ကြောင့် ရေ​ရှည်​အကျိုး​ဆက်​ကို ခင်​ပွန်း​ဖြစ်​သူ ထည့်​စဉ်း​စား​ဖို့ လို​တယ်။ ချစ်​ခြင်း၊ ကြင်နာ​ခြင်း​စ​တဲ့ စွမ်းအား​တော် အရည်​အသွေး​တွေ​ကို တင်​ပြမယ်​ဆို​ရင် အလွန်​ရို​သေမှု​ကို ရ​ရှိ​ပါ​လိမ့်​မယ်။ ခင်​ပွန်း​ဟာ လေး​စား​ခံ​ထိုက်​သူ ဟုတ်​သည်​ဖြစ်​စေ၊ မဟုတ်​သည်​ဖြစ်​စေ ဇနီး​ဘက်​က​တော့ လေး​စား​ရ​ပါ​မယ်။—ဂလ. ၅:၂၂၊ ၂၃

ခင်​ပွန်း​က ဇနီး​ကို ချစ်​ရ​မယ်​လို့​လည်း ကျမ်း​စာ​မှာ ဆို​ထား​တယ်။ (ဧ. ၅:၂၈၊ ၃၃) ခင်​ပွန်း​ရဲ့ ချစ်​မြတ်​နိုး​မှု​ကို ရ​ဖို့ ခင်​ပွန်း​သည် သိ​ပိုင်​ခွင့်​ရှိ​ပေမဲ့ မကြိုက်​တာ​ကို မပြော​ဘဲ ထိမ်​ချန်​ထား​လိုက်​ရင် ကောင်း​မယ်​လို့ ဇနီး​ဖြစ်​သူ စဉ်း​စား​မိ​မယ်။ ဒါ​ပေမဲ့ အဲ​ဒါ​က လက်​တွေ့​ကျ ဉာဏ်​ပညာ ဟုတ်​သလား။ နောက်​ပိုင်း ခင်​ပွန်း သိ​သွား​ရင် ဘာ​ဖြစ်​လာ​မလဲ။ သူ့​ကို ပို​ချစ်​လာ​မလား။ ချစ်​ဖို့ ခက်​သွား​ပါ​လိမ့်​မယ်။ အဲဒီ​အစား ခင်​ပွန်း မကြိုက်​တဲ့​ကိစ္စတွေ​ကို သင့်​တော်​တဲ့​အချိန်​မှာ အေး​အေး​ဆေး​ဆေး ပြော​ပြခြင်း​အား​ဖြင့် ဇနီး​ရဲ့ ရိုး​သား​မှု​ကို လေး​မြတ်​လာ​ပါ​လိမ့်​မယ်။ ပို​ချစ်​လာ​ပါ​လိမ့်​မယ်။

သား​သမီး​တွေ​ကို ဒီ​နေ့ ဆုံးမပုံ​က သူတို့​နဲ့​ဆက်ဆံ​ရေး​အပေါ် ရေ​ရှည်​အကျိုး​သက်​ရောက်

သား​သမီး​တွေ​ဟာ မိ​ဘ​ကို နာ​ခံ​ပြီး ယေဟောဝါ​ရဲ့ နည်း​လမ်း​တွေ​အတိုင်း ဆုံးမခံ​သင့်​တယ်။ (ဧ. ၆:၁၊ ၄) အဲဒီ​လို​ပြော​လို့ မိ​ဘ​တွေ​မှာ ဆောင်​ရန်၊ ရှောင်ရန် စာ​ရင်း​ရှည်​ကြီး​တစ်​ခု​ ထား​ရှိ​ရ​မယ်​လို့ ဆိုလို​သလား။ လက်​တွေ့​ကျ ဉာဏ်​ပညာ​ရှိ​တဲ့ မိ​ဘ​က စည်း​မျဉ်းတွေ၊ ပြစ်​ဒဏ်​တွေ ပြော​ပြရုံ​သာ​မက နာ​ခံ​သင့်​တဲ့ အကြောင်း​ရင်း​တွေ​ကို​လည်း နား​လည်​အောင် က​လေး​တွေ​ကို ကူညီ​ပေး​ပါ​လိမ့်​မယ်။

ဥပမာ၊ က​လေး​က မိ​ဘ​တစ်​ယောက်​ယောက်​ကို မလေး​မစား ပြော​လိုက်​တယ်​ဆို​ပါ​စို့။ ဆူ​ပူ​ကြိမ်း​မောင်း​လိုက်​မယ်၊ အပြစ်​ပေး​လိုက်​မယ်​ဆို​ရင် က​လေး အရှက်​ရ​သွား​နိုင်​တယ်၊ နှုတ်​ဆိတ်​သွား​နိုင်​တယ်။ ဒါ​ပေမဲ့ စိတ်​နာ​ပြီး မိ​ဘ​တွေ​နဲ့ စိမ်း​ကား​သွား​နိုင်​တယ်။

လက်​တွေ့​ကျ ဉာဏ်​ပညာ ရှိ​ထား​တဲ့ မိ​ဘ​တွေ​ဟာ သား​သမီး​တွေ​ကို ဆုံးမပုံ၊ နောင်​တစ်​ချိန်​မှာ သား​သမီး​တွေ​အပေါ် အကျိုး​သက်​ရောက်​ပုံ​ကို ထည့်​တွက်​စဉ်း​စား​ပါ​လိမ့်​မယ်။ မိ​ဘ​တွေ ရှက်​ရှက်​နဲ့ ချက်​ချင်း​လက်​ငင်း မတုံ့​ပြန်​သင့်​ဘူး။ သား​သမီး​တွေ​ကို သီး​သန့်​ခေါ်​တွေ့​ပြီး သား​သမီး​တွေရဲ့ ထာ​ဝ​ရ​ကောင်း​ကျိုး​အတွက် မိဘ​တွေ​ကို နာ​ခံ​ဖို့ ယေဟောဝါ တောင်း​ဆို​တဲ့​အကြောင်း အေး​အေး​ဆေး​ဆေး၊ မေတ္တာ​ပါ​ပါ ပြော​ပြပေး​နိုင်​တယ်။ မိ​ဘ​တွေ​ကို လေး​စား​တာ​က ယေဟောဝါ​ကို ဂုဏ်​တင်​တာ​ပဲ​ဆို​တာ သဘော​ပေါက်​လာ​ပါ​လိမ့်​မယ်။ (ဧ. ၆:၂၊ ၃) ဒီ​လို​ကြင်​ကြင်နာ​နာ ဆုံးမတာ​က က​လေး​ရဲ့ စိတ်​နှလုံး​ကို ထိ​မိ​နိုင်​တယ်။ မိ​ဘ​တွေ တ​ကယ်​ဂရု​စိုက်​မှန်း သိ​လာ​တဲ့​အခါ ပို​ပြီး​လေး​စား​တတ်​လာ​မယ်။ နောက်​ပိုင်း အရေး​ကြီး​တဲ့ ကိစ္စတွေ ပေါ်​လာ​တဲ့​အခါ မိ​ဘ​တွေ​ဆီ အကူ​အညီ တောင်း​တတ်​လာ​ပါ​လိမ့်​မယ်။

မိ​ဘ​တ​ချို့​က သား​သမီး စိတ်​ခု​သွား​မှာ​ကို စိုး​ရိမ်​ပြီး မဆုံးမကြ​ဘူး။ ဒါ​ဆို​ရင် ကြီး​လာ​တဲ့​အခါ ဘယ်​လို ဖြစ်​သွား​မလဲ။ ယေဟောဝါ​ကို ကြောက်​ရွံ့​မလား။ ဘု​ရား​စံနှုန်း​တွေ​အတိုင်း လိုက်​လျှောက်​တာ​က ဉာဏ်​ပညာ​ရှိ​မှန်း သိ​ပါ့​မလား။ ယေဟောဝါ​ဆီ ရင်​ဖွင့်​ဆုတောင်း​ချင်​ပါ့​မလား။ ဒါ​မှ​မဟုတ် ကိုယ့်​ဘာ​သာ​ကိုယ် တ​သီး​တ​ခြား နေ​လိုက်​မလား။—သု. ၁၃:၁။ ၂၉:၂၁

ပန်း​ပု​ပညာ​ရှင်​တစ်​ယောက်​က ထု​မယ့်​ပုံ​စံ​ကို ကြို​စဉ်း​စား​တယ်။ သစ်​သား​စ​တွေ​ကို ထွင်း​ထုတ်​လိုက်​ရုံ​နဲ့ လက်​ရာ​မြောက်​တဲ့ ပန်း​ပု​ရုပ်​တစ်​ရုပ် ရ​မယ်​လို့ မမျှော်​လင့်​ဘူး။ လက်​တွေ့​ကျ ဉာဏ်​ပညာ​ရှိ​တဲ့ မိ​ဘ​တွေ​က အချိန်​ယူ​ပြီး ယေဟောဝါ​ရဲ့ စံနှုန်း​တွေ လေ့​လာ​ကျင့်​သုံး​တဲ့​အတွက် ကိုယ်​တော့်​ကို ကြောက်​ရွံ့​လာ​တယ်။ ယေဟောဝါ​နဲ့​ရော အဖွဲ့​အစည်း​နဲ့​ပါ သီး​ခြား​မနေ​ခြင်း​အား​ဖြင့် လက်​တွေ့​ကျ ဉာဏ်​ပညာ ရ​ရှိ​လာ​ပြီး မိသား​စု​ကို တည်​ဆောက်​ရာ​မှာ အသုံး​ပြု​တယ်။

အနာ​ဂတ်​အပေါ် အကျိုး​သက်​ရောက်​မယ့် ဆုံး​ဖြတ်​ချက်​တွေ​ကို ကျွန်​တော်​တို့ နေ့​တိုင်း ချ​နေ​ကြ​ရ​တယ်။ ကောက်​ကာ​ငင်​ကာ ဆုံး​ဖြတ်​လိုက်​တာ​မျိုး မလုပ်​ဘဲ အသေအချာ စဉ်း​စား​ပါ။ ရေ​ရှည်​ကို ကြည့်​ပါ။ ယေဟောဝါ​ရဲ့ လမ်း​ညွှန်​ချက်​ကို ရှာ​ဖွေ​ပြီး ကျင့်​သုံး​ပါ။ ဒီ​နည်း​အား​ဖြင့် လက်​တွေ့​ကျ ဉာဏ်​ပညာ​ကို ကာ​ကွယ်​စောင့်​ရှောက်​နိုင်​ပြီး အသက်​ရ​ရှိ​ပါ​လိမ့်​မယ်။—သု. ၃:၂၁၊ ၂၂