မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“လုပ်ငန်းက ကြီးမား”

“လုပ်ငန်းက ကြီးမား”

ဂျေရု​ဆ​လင်​မြို့​မှာ အ​လွန်​အ​ရေး​ကြီး​တဲ့ အ​စည်း​အ​ဝေး​တစ်​ခု ကျင်း​ပ​နေ​တယ်။ မင်း​ညီ​မင်း​သား​တွေ၊ နန်း​တွင်း​အ​ရာ​ရှိ​တွေ၊ ခွန်​အား​ကြီး​သူ​တွေ​ကို ဘု​ရင်​ဒါ​ဝိ​ဒ် ဆ​င့်​ခေါ်​တယ်။ အ​ထူး​ကြေ​ညာ​ချက်​တစ်​ခု ကြား​ရလို့ သူ​တို့ စိတ်​လှုပ်​ရှား​နေ​ကြ​တယ်။ စစ်​မှန်​တဲ့ ဘု​ရား​သ​ခင်​ကို ဝတ်​ပြု​ဖို့ ဆက်​ကပ်​အပ်​နှံ​မ​ယ့် အ​ဆောက်​အ​ဦ​ကြီး​တစ်​ခု ဆောက်​ဖို့ ဒါ​ဝိ​ဒ်ရဲ့ သား​တော် ရှော​လ​မုန်​ကို ယေ​ဟော​ဝါ တာ​ဝန်​ပေး​တယ်။ သက်​ကြီး အ​စ္စရေး​ဘု​ရင် ဒါ​ဝိ​ဒ်​က စိတ်​အာ​ရုံ​က​တစ်​ဆ​င့် ရ​ထား​တဲ့ ဗိ​သု​ကာ​ပုံ​စံ​ကို ရှော​လ​မုန်​ဆီ ပေး​အပ်​လိုက်​တယ်။ ‘လုပ်​ရ​မ​ယ့်​လုပ်​ငန်း​က ကြီး​မား​လွန်း​တယ်။ အ​ခု​ဆောက်​ရ​မ​ယ့် ဗိ​မာန်​တော်​ဟာ လူ​အ​တွက် မ​ဟုတ်​ဘဲ ယေ​ဟော​ဝါ​ဘု​ရား​အ​တွက် ဖြစ်​တယ်’ လို့ ဒါ​ဝိ​ဒ် ပြော​တယ်။—၅ ရာ. ၂၈:၁၊ ၂၊ ၆၊ ၁၁၊ ၁၂။ ၂၉:၁က​ဘ။

‘အ​ခု ယေ​ဟော​ဝါ​ဘု​ရား​အ​တွက် စေ​တ​နာ​စိတ်​နဲ့ ပေး​လှူ​ချင်​တဲ့​သူ ဘယ်​သူ ရှိ​သ​လဲ’ လို့ ဒါ​ဝိ​ဒ် မေး​တယ်။ (၅ ရာ. ၂၉:၅က​ဘ) သင်​သာ အဲ​ဒီ​မှာ ရှိ​နေ​ရင် ဘယ်​လို ဖြေ​မ​လဲ။ ဒီ​လုပ်​ငန်း​ကို ထောက်​ပံ့​ဖို့ လှုံ့​ဆော်​ခံ​ရ​မ​လား။ အ​စ္စရေးတွေ ချက်​ချင်း တုံ့​ပြန်​ခဲ့​ကြ​တယ်။ ‘စေ​တ​နာ​အ​လျောက် အဲ​ဒီ​လို​လှူ​ဒါ​န်းရ​တာ​ကို လူ​တွေ ဝမ်း​သာ​ပီ​တိ ဖြစ်​ကြ​တယ်။ ယေ​ဟော​ဝါ​အ​တွက် စိတ်​နှ​လုံး အ​ကြွင်း​မဲ့ စေ​တ​နာ​ရှိ​ရှိ ပေး​လှူ​ကြ​လို့​ပဲ။’—၅ ရာ. ၂၉:၉က​ဘ။

ရာ​စု​နှစ်​တွေ ကြာ​ပြီး​တဲ့​နောက် ဗိ​မာန်​တော်​ထက် ပို​ကြီး​မြတ်​တဲ့​အ​ရာ​တစ်​ခု​ကို ယေ​ဟော​ဝါ တည်​ထောင်​တယ်။ ကြီး​မြတ်​တဲ့ ပုံ​ဆောင်​ဗိ​မာန်​တော်​ပဲ။ ယေ​ရှု​ရဲ့ ရွေး​နုတ်​ဖိုး​ကို အ​ခြေ​ခံ​ပြီး ဘု​ရား​သ​ခင်​ကို ဝတ်​ပြု​နိုင်​စေ​တဲ့ အ​စီ​အ​စဉ် ဖြစ်​တယ်။ (ဟေ​ဗြဲ ၉:၁၁၊ ၁၂) မိ​မိ​နဲ့ ပြန်​လည်​သင့်​မြတ်​အောင် လူ​တွေ​ကို ယေ​ဟော​ဝါ ဘယ်​လို ကူ​ညီ​ပေး​နေ​သ​လဲ။ တ​ပ​ည့်​ဖြစ်​စေ​ခြင်း​လုပ်​ငန်း​နဲ့​ပါ​ပဲ။ (မ. ၂၈:၁၉၊ ၂၀) အဲ​ဒီ​လုပ်​ငန်း​ကြောင့် နှစ်​တိုင်း ကျမ်း​စာ​သင်​အံ​မှု သန်း​နဲ့​ချီ ကျင်း​ပ​နေ​ပြီး တ​ပ​ည့်​ထောင်​ပေါင်း​များ​စွာ နှစ်​ခြင်း​ခံ​လာ​ကြ​တယ်။ အ​သင်း​တော်​သစ် ရာ​ပေါင်း​များ​စွာ ဖြစ်​ပေါ်​လာ​တယ်။

အဲ​ဒီ​လို တိုး​တက်​မှု​ကြောင့် ကျမ်း​စာ​စာ​ပေ​တွေ​ကို ပုံ​နှိပ်​ဖို့၊ နိုင်ငံ​တော်​ခန်း​မ​တွေ ဆောက်​လုပ်​ထိန်း​သိမ်း​ဖို့၊ အ​စည်း​အ​ဝေး​ကြီး​နေရာတွေ ရ​ဖို့ ပို​လို​အပ်​လာ​တယ်။ သ​တင်း​ကောင်း ပျံ့​နှံ့​စေ​တဲ့ လုပ်​ငန်း​ဟာ ကြီး​မား​ပြီး အ​ကျိုး​ဖြစ်​ထွန်း​နေ​တယ်​ဆို​တာ သ​ဘော​တူ​ပါ​သ​လား။—မ. ၂၄:၁၄

ဘု​ရား​သ​ခင်​နဲ့ လူ​သား​ချင်း​ကို ချစ်​တဲ့​မေ​တ္တာ၊ ဘု​ရား​နိုင်​ငံ​တော်​သ​တင်း ဟော​ပြော​ခြင်း​လုပ်​ငန်း​ရဲ့ အ​ရေး​ကြီး​မှု​တို့​ကြောင့် ဘု​ရား​သ​ခ​င့် လူ​မျိုး​ဟာ ‘ယေ​ဟော​ဝါ​ဘု​ရား​အ​တွက် စေ​တ​နာ​စိတ်​နဲ့ ပေး​လှူ’ နေ​ကြ​တယ်။ ‘ကိုယ့်​မှာ​ရှိ​တဲ့ အ​ဖိုး​တန်​ဥ​စ္စာတွေ . . . ဆက်​သ​ပြီး ယေ​ဟော​ဝါ​ကို ဂုဏ်​တင်’ နေ​တာ၊ လူ့​သ​မိုင်း​မှာ အ​ကြီး​မား​ဆုံး လုပ်​ငန်း​ကို လုပ်​ဆောင်​ဖို့ အဲ​ဒီ​ဥ​စ္စာတွေ​ကို ပ​ညာ​ရှိ​ရှိ အသုံးပြုနေတာ​ကို မြင်​ရ​တာ စိတ်​လှုပ်​ရှား​စ​ရာ​ပါ​ပဲ။—သု. ၃:၉က​ဘ။