မျက်နှာဖုံးအကြောင်းအရာ | လူသေရင် ဘာဖြစ်သွားသလဲ
တမလွန်ဘဝရှိပါသလား
လူသေရင် ဘာဖြစ်သွားတယ်ဆိုတာနဲ့ ပတ်သက်ပြီး ယူဆချက်အမျိုးမျိုး ရှိကြတယ်။ သေဆုံးပြီးတဲ့နောက် တစ်နေရာရာမှာ ပုံစံတစ်မျိုးနဲ့ ဆက်အသက်ရှင်မယ်၊ နောက်တစ်ဘဝကို ကူးပြောင်းသွားမယ်လို့ ယူဆကြတယ်။ သေခြင်းဟာ ဘဝရဲ့ ထာဝရနိဂုံးလို့ ယူဆသူတွေလည်း ရှိတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ သင့်ရဲ့ ကြီးပြင်းလာပုံ၊ ယဉ်ကျေးမှုနောက်ခံပေါ် မူတည်ပြီး ကိုယ်ပိုင်ယူဆချက် ရှိနိုင်တယ်။ သေတဲ့အခါ ဘာဖြစ်သွားတယ်ဆိုတာနဲ့ ပတ်သက်လို့ ယူဆချက်အမျိုးမျိုး ရှိတဲ့အတွက် ယုံကြည်စိတ်ချရတဲ့ အဖြေမှန်ကို တစ်ယောက်ယောက်ဆီက၊ တစ်နေရာရာဆီက ရနိုင်သလား။
လူမှာ မသေနိုင်တဲ့ဝိညာဉ် ရှိတယ်ဆိုတဲ့ အယူကို ဘာသာရေးခေါင်းဆောင်တွေ သင်ပေးခဲ့တာ နှစ်ပေါင်းရာနဲ့ချီရှိပြီ။ ခရစ်ယာန်၊ ဟိန္ဒူ၊ ဂျူး၊ မွတ်စလင်နဲ့ တခြားဘာသာဝင်အားလုံးနီးပါးက လူမှာ မသေနိုင်တဲ့ဝိညာဉ် ရှိတယ်၊ လူသေပြီးနောက် ဝိညာဉ်ဘုံမှာ ဆက်အသက်ရှင်တယ်လို့ ယုံကြည်ကြတယ်။ ဗုဒ္ဓဘာသာဝင်တွေကျတော့ အကြိမ်ကြိမ် ဘဝကူးပြောင်းပြီးနောက် ဒုက္ခအားလုံး ချုပ်ငြိမ်းသွားမယ်လို့ ယုံကြည်ကြတယ်။ အဲဒီအခြေအနေကို နိဗ္ဗာန်လို့ ခေါ်တယ်။
အဲဒီသွန်သင်ချက်တွေကြောင့် ကမ္ဘာတစ်ဝန်းရှိ လူအများစုက သေတယ်ဆိုတာ နောင်ဘဝကို ကူးပြောင်းသွားတာလို့ ယုံကြည်ကြတယ်။ ဒါကြောင့် သေခြင်းဆိုတာ ဘဝသံသရာမှာ အရေးကြီးတဲ့အဆင့်ပဲ၊ ဘုရားရဲ့အလိုတော် ဖြစ်တယ်လို့ လူအများ ယူဆကြတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာပြောသလဲ။ နောက်ဆောင်းပါးကို ဖတ်ကြည့်ပါ။ ရလာတဲ့အဖြေကြောင့် သင် အံ့သြရပါလိမ့်မယ်။