မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် သိပါသလား

သင် သိပါသလား

ရှေး​အခါ​က မီးကို ဘယ်လို သယ်ဆောင်ကြသလဲ။

ကမ္ဘာဦး ၂၂:၆ မှာ အာဗြဟံ​ဟာ အဝေး​တစ်နေရာ​မှာ ယဇ်​ပူဇော်​ဖို့ ပြင်​ဆင်​တဲ့​အခါ “ယဇ်​ရှို့​စရာ​ထင်း​ကို ယူ​၍၊ သား​ဣဇာက်​အပေါ်​မှာ တင်ပြီး​လျှင်၊ မီး​နှင့်​ဓား​ကို မိမိ​လက်​၌ ကိုင်လျက်​ နှစ်ယောက်​အတူ သွား​ကြ​၏” လို့ဆို​ထား​တယ်။

ရှေးခေတ်မှာ မီး​မွေး​ဖို့ ဘယ်​နည်း​ကို အသုံး​ပြု​ကြ​သလဲ​ဆိုတာ ကျမ်းစာ​မှာ မဖော်​ပြ​ထား​ဘူး။ အထက်ပါ​ကျမ်း​မှတ်​တမ်း​နဲ့​ပတ်သက်​ပြီး ကျမ်း​ပညာ​ရှင်​တစ်​ယောက်​က အာဗြဟံ​နဲ့ ဣဇာက်​တို့ “သွား​ခဲ့​တဲ့​လမ်း​တစ်​လျှောက် မီး​မငြိမ်း​အောင်လုပ်ဖို့ မဖြစ်​နိုင်​ဘူး” လို့​ပြော​တယ်။ ဒါကြောင့် မီး​မဟုတ်​ဘဲ မီး​မွေး​ဖို့ လိုအပ်​တဲ့​ပစ္စည်း​ကို ဆိုလို​တာ ဖြစ်​နိုင်​ပါတယ်။

ဒါပေမဲ့ တချို့​ကလည်း ရှေး​ခေတ်​မှာ မီးမွေး​ဖို့ဆိုတာ လွယ်ကူ​တဲ့​ကိစ္စ မဟုတ်ဘူး​လို့ ဆို​ကြ​တယ်။ ကိုယ့်​ဘာသာ​ကိုယ် မီး​မွေး​မယ့်​အစား အိမ်​နီး​ချင်း​တွေ​ဆီ​ကနေ မီး​ခဲတောင်း​လိုက်တာ ပိုလွယ်​တယ်။ ဒါကြောင့် အာဗြဟံ သယ်​ဆောင်​သွား​တာ​ဟာ လက်​ကိုင်​ကြိုး​ပါ​တဲ့ အိုး ဖြစ်​နိုင်​တယ်​လို့ ကျမ်း​ပညာရှင်​တွေ ယူ​ဆ​ကြ​တယ်။ အိုး​ထဲ​မှာ မီး​ခဲ​တွေ ပါ​တယ်။ (ဟေရှာ. ၃၀:၁၄) အဲဒီ​လို သယ်​ဆောင်​သွား​တဲ့ မီးခဲ​တွေ​ကို ခရီး​စဉ်​ရဲ့ ဘယ်​နေရာ​မှာ​မဆို ထင်း​နဲ့ မီး​မွေး​ဖို့ အလွယ်​တကူ အသုံး​ပြု​နိုင်​ပါတယ်။